မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်လို့ ခေါ်တဲ့ Covid – 19 ဟာဆိုရင် ရောဂါအခံ ရှိသူတွေနဲ့ ဆေးလိပ်သောက်သူတွေကို ပိုမိုအားကောင်းစွာ တိုက်ခိုက်တတ်တဲ့အကြောင်းကို အစ္စရေးနိုင်ငံက ကျွမ်းကျင် ဆရာဝန်ဖြစ်သူ Dr Yael Bar-Zeev က သတိပေးပြောကြားလိုက်ပါတယ်။

ကိုဗစ် ဗိုင်းရပ်ဟာဆိုရင် ခန္ဓာကိုယ်မှာ ရှိတဲ့ အဆုတ်ကို အဓိက ထား တိုက်ခိုက်တာဖြစ်ပြီးတော့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် ကိုယ်ခံအားစနစ်အားနည်းတာကြောင့် ကူးစက်နိုင်ခြေ ပိုမိုများပြားတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းအရာကိုတော့ သူပြုလုပ်ခဲ့တဲ့ ရှာဖွေလေ့လာမှုတွေကနေတစ်ဆင့် ကိုးကားပြောဆိုခဲ့ တာဖြစ်ပါ တယ်။ ဥပမာ အားဖြင့် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာဆိုရင် ယောက်ျားလေးတွေအများဆုံး ကူးစက်ပြီး မိန်းကလေး ကူးစက်မှုနှုန်းက ယောက်ျားလေးထက် နည်းပါးတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။


ဒါကြောင့် ဆေးလိပ်သောက်သုံးသူတွေ အနေနဲပ အခုအချိန်မှာ ဆေးလိပ်ဖြတ်ထားမယ်ဆိုရင် ကူးစက်မှု အန္တရာယ်က ရာခိုင်နှုန်းတစ်ခုအထိ လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း သူမက သတိပေးပြောဆိုတာကို တွေ့ရပါ
တယ်။


Zawgyi








တယ်။

Writer – SMT




Post a Comment

Previous Post Next Post