မနေ့ကပြည်သူ (၄) ဦးနှင့် ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ဒီနေ့ထိ ပြီးစီးဆောင်ရွက်နိုင်ခဲ့ တာတွေကို အသိပေးချင်ပါတယ်။

ငပုတောမြို့နယ်မှသူနာပြုဆရာမလေး ဒေါ်နန်းထက်ထက်ခိုင်တင်ပြချက်များနဲ့ပတ်သက်လို့ ကတေါ့ ရေရရှိရေးအတွက်လူကယ်ပြန်ဝန်ကြီးဌာနနဲ့ကျေးလက်ဦးစီးဌာနတို့တာဝန်ယူလုပ်ဆောင်ပါမယ်။ PPE (၁၀)စုံ၊လက်အိပ်(၂၀၀)၊mask(၂၀၀)နဲ့ thermometer (၅)ခု ပုသိမ်မှ ပို့လိုက်ပါပြီ။

လှိုင်သာယာမှ ဒေါက်တာခင်ရူပါစိုးတင်ပြချက်များနဲ့ ပတ်သက်လို့ကတော့ ဒီနေ့ PPE အစုံ(၅၀၀) ထုတ်ပေးပြီးပါပြီ ။

We Love Yangonမှဦးဆန်းမောင်မောင်တင်ပြချက်များနဲ့ ပတ်သက်လို့ကတေါ့ ဖယ်ရီကား(၄)စီးတိုင်းဒေသကြီးအစိုးရကစီစဉ်ထားပြီး၊ အလှူရှင်များလည်း ဆက်သွယ် လှူဒါန်းနေပါတယ်။ ဘုန်းတော်ကြီးကျောင်းများဆွမ်းတာဝန်ကို ရန်ကုန်တိုင်းအစိုးရနဲ့ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတာဝန်ယူပါမယ်။

“အောင်”ပရဟိတမှဦးကောင်းမြတ်သူတင်ပြချက်များနဲ့ ပတ်သက်လို့ကတေါ့ ဖယ်ရီကား(၂)စီးကို ရန်ကုန်တိုင်းအစိုးရက ပံ့ပိုးပါမယ်။ ကွန်ပျူတာ(၁၀)လုံး၊ အလှူရှင်မရှိပါက ရန်ကုန်တိုင်းအစိုးရပံ့ပိုးပါမယ်။

ပြည်သူတွေအတွက်လိုအပ်ချက်တွေကိုအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေပါတယ်။ ပြည်သူတွေနဲ့ဆက်သွယ်ခွင့်ရတာဝမ်းသာ ကျေးဇူးတင်ပါတယ်။ ဘုန်းတော်ကြီးကျောင်းထွက်၊ အညာသားလေးဖေဖေက မိန့်ခွန်းပြောယင် တစ်ခါတလေ ပါဠိစကားလေးတွေနဲ့အဆုံးသတ်ပါတယ်။ ဖေဖေတစ်ခါကပြောခဲ့သလို – “မြန်မာတွေအားလုံးအဝေရာဟောန္တု”

ထပ်ဆင့်ပြီး -ကမ္ဘာသူကမ္ဘာသားတွေအားလုံး အဝေရာဟောန္တု။

ဒေါ်အောင်ဆန်းစုကြည်

Zawgyi

မေန႔ကျပည္သူ (၄) ဦးႏွင့္ ေဆြးေႏြးခဲ့တာေတြနဲ႔ ပတ္သက္လို႔ ဒီေန႔ထိ ၿပီးစီးေဆာင္႐ြက္ႏိုင္ခဲ့ တာေတြကို အသိေပးခ်င္ပါတယ္။

ငပုေတာၿမိဳ႕နယ္မွသူနာျပဳဆရာမေလး ေဒၚနန္းထက္ထက္ခိုင္တင္ျပခ်က္မ်ားနဲ႔ပတ္သက္လို႔ ကေတါ့ ေရရရွိေရးအတြက္လူကယ္ျပန္ဝန္ႀကီးဌာနနဲ႔ေက်းလက္ဦးစီးဌာနတို႔တာဝန္ယူလုပ္ေဆာင္ပါမယ္။ PPE (၁၀)စုံ၊လက္အိပ္(၂၀၀)၊mask(၂၀၀)နဲ႔ thermometer (၅)ခု ပုသိမ္မွ ပို႔လိုက္ပါၿပီ။

လႈိင္သာယာမွ ေဒါက္တာခင္႐ူပါစိုးတင္ျပခ်က္မ်ားနဲ႔ ပတ္သက္လို႔ကေတာ့ ဒီေန႔ PPE အစုံ(၅၀၀) ထုတ္ေပးၿပီးပါၿပီ ။

We Love Yangonမွဦးဆန္းေမာင္ေမာင္တင္ျပခ်က္မ်ားနဲ႔ ပတ္သက္လို႔ကေတါ့ ဖယ္ရီကား(၄)စီးတိုင္းေဒသႀကီးအစိုးရကစီစဥ္ထားၿပီး၊ အလႉရွင္မ်ားလည္း ဆက္သြယ္ လႉဒါန္းေနပါတယ္။ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားဆြမ္းတာဝန္ကို ရန္ကုန္တိုင္းအစိုးရနဲ႔ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားတာဝန္ယူပါမယ္။

“ေအာင္”ပရဟိတမွဦးေကာင္းျမတ္သူတင္ျပခ်က္မ်ားနဲ႔ ပတ္သက္လို႔ကေတါ့ ဖယ္ရီကား(၂)စီးကို ရန္ကုန္တိုင္းအစိုးရက ပံ့ပိုးပါမယ္။ ကြန္ပ်ဴတာ(၁၀)လုံး၊ အလႉရွင္မရွိပါက ရန္ကုန္တိုင္းအစိုးရပံ့ပိုးပါမယ္။

ျပည္သူေတြအတြက္လိုအပ္ခ်က္ေတြကိုအတတ္ႏိုင္ဆုံး ျဖည့္ဆည္းေပးေနပါတယ္။ ျပည္သူေတြနဲ႔ဆက္သြယ္ခြင့္ရတာဝမ္းသာ ေက်းဇူးတင္ပါတယ္။ ဘုန္းေတာ္ႀကီးေက်ာင္းထြက္၊ အညာသားေလးေဖေဖက မိန္႔ခြန္းေျပာယင္ တစ္ခါတေလ ပါဠိစကားေလးေတြနဲ႔အဆုံးသတ္ပါတယ္။ ေဖေဖတစ္ခါကေျပာခဲ့သလို – “ျမန္မာေတြအားလုံးအေဝရာေဟာႏၲဳ”

ထပ္ဆင့္ၿပီး -ကမာၻသူကမာၻသားေတြအားလုံး အေဝရာေဟာႏၲဳ။

ေဒၚေအာင္ဆန္းစုၾကည္

Post a Comment

Previous Post Next Post