အများပြည်သူထံသို.မေတ္တာရပ်ခံအသိပေးပန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီသို. ဓါတ်အားပို.လွှတ်ထားသော မဟာဓါတ်အားလိုင်းများအနက်မှ တစ်လိုင်းဖြစ်သော230kV မြောင်းတကာ-လှိုင်သာယာဓါတ်အားလိုင်းသည် ယနေ. ၁၁.၄.၂၀၂၀ ရက်နေ.နံနက် အစောပိုင်းအချိန်.တွင် တိုင်အမှတ်၄ နေရာ၌ ကြွေသီးကွဲမှု အပြစ်ဖြစ်ပွားခဲ.ပါသည်။

အဆိုပါအပြစ်ဖြစ်ပွားမှုကြောင်. ရန်ကုန်တိုင်းအတွင်းရှိ အဆိုပါဓါတ်အားလိုင်းမှ ဓါတ်အားပေးထားသော 230kV ပင်မဓါတ်အားခွဲရဲကြီးများတွင် ဓါတ်အားပြတ်တောက်ခဲ.ရပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဆက်စပ် မြို.နယ်နေရာများ၌ ယာယီဓါတ်အားပြတ်တောက်မှုများဖြစ်ပွားခဲ.ပါသည်။
ယခုအခါတွင် အဆိုပါနေရာများသို လျှပ်စစ်ဓါတ်အားပြန်လည်ပို.လွှတ်နိုင်ခဲ.ပြီးဖြစ်ပါသည်။ကြွေသီးကွဲမှုအပြစ်အားလျပ်စစ်ဓါတ်အားပို.လွှတ်ရေးနှင်.ကွပ်ကဲရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင်. ပြုပြင်နေစဉ်အတွင်း လှိုင်သာယာ၊ထန်းတစ်ပင်၊ဒလ၊ကော.မှူး၊ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊အေးရွာ၊တွံတေး၊လက်ခုပ်ကုန်း၊ကျိုက်ထော်၊ကြည်.မြင်တိုင်၊ဗဟန်း၊လှိုင်၊မရမ်းကုန်း၊အင်းစိန်မြို.နယ်နေရာများတွင် ဓါတ်အားပြတ်တောက်နေပါကြောင်းအများပြည်သူထံသို.မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါသည်။



Ministry of Electricity and Energy,Myanmar

Post a Comment

Previous Post Next Post