အီတလီနိုင်ငံအတွင်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ ယနေ့အချိန်အထိ Covid-19 ကြောင့် သေဆုံးခဲ့ရသည့် ဆရာဝန်ပေါင်းအယောက် (၁၀၀) ရှိပြီဖြစ်ကြောင်း အီတလီကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန် ကြေညာခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရတဲ့ ဆရာဝန်ဦးရေက အယောက် (၁၀၀) ရှိပါပြီ။ ကံမကောင်းရင် အခု ပြောနေရင်းနဲ့ အခု ၁၀၁ ယောက်တောင်ဖြစ်သွားနိုင်ပါတယ်” ဟု အီတလီကျန်းမာရေးအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသတင်းဌာနသို့ပြောခဲ့သည်။

ကမ္ဘာ့နိုင်ငံများထဲတွင် COVID-19 ကြောင့် သေဆုံးသူဦးရေ အများဆုံးဖြစ်နေသည့် အီတလီနိုင်ငံတွင် ဆရာဝန်များသာမက သူနာပြုများလည်း အသက်စတေးနေရပြီး ကမ္ဘာ့ကပ်ရောဂါဘေးအတွင်း သေဆုံးခဲ့ရသည့် သူနာပြုဆရာမပေါင်း အယောက် ၃၀ ကျော်သွားပြီဟုလည်း အီတလီကျန်းမာရေးအဖွဲ့ချုပ်က ပြောထားသည်။
သေဆုံးခဲ့ရသည့် ဆရာဝန်များတွင် အစိုးရ၏ မေတ္တာရပ်ခံချက်ကြောင့် ကူးစက်ရောဂါသည်များအား ကုသပေးရန် ဆရာဝန်တာဝန်ကိုပြန်လည်ထမ်းဆောင်ခဲ့သည့် အသက်ကြီးပိုင်း အငြိမ်းစားများလည်း ပါဝင်ကြောင်း သိရသည်။

Ref – AFP

Zawgyi

အီတလီႏိုင္ငံအတြင္း ကူးစက္ျမန္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စတင္ျဖစ္ပြားခဲ့သည့္ ေဖေဖာ္ဝါရီလမွစတင္၍ ယေန႔အခ်ိန္အထိ Covid-19 ေၾကာင့္ ေသဆုံးခဲ့ရသည့္ ဆရာဝန္ေပါင္းအေယာက္ (၁၀၀) ရိွၿပီျဖစ္ေၾကာင္း အီတလီက်န္းမာေရးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ ေၾကညာခဲ့သည္။

“ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့ရတဲ့ ဆရာဝန္ဦးေရက အေယာက္ (၁၀၀) ရွိပါၿပီ။ ကံမေကာင္းရင္ အခု ေျပာေနရင္းနဲ႔ အခု ၁၀၁ ေယာက္ေတာင္ျဖစ္သြားႏိုင္ပါတယ္” ဟု အီတလီက်န္းမာေရးအဖြဲ႕ခ်ဳပ္၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေအအက္ဖ္ပီသတင္းဌာနသို႔ေျပာခဲ့သည္။

ကမၻာ့ႏိုင္ငံမ်ားထဲတြင္ COVID-19 ေၾကာင့္ ေသဆုံးသူဦးေရ အမ်ားဆုံးျဖစ္ေနသည့္ အီတလီႏိုင္ငံတြင္ ဆရာဝန္မ်ားသာမက သူနာျပဳမ်ားလည္း အသက္စေတးေနရၿပီး ကမၻာ့ကပ္ေရာဂါေဘးအတြင္း ေသဆုံးခဲ့ရသည့္ သူနာျပဳဆရာမေပါင္း အေယာက္ ၃၀ ေက်ာ္သြားၿပီဟုလည္း အီတလီက်န္းမာေရးအဖြဲ႕ခ်ဳပ္က ေျပာထားသည္။

ေသဆုံးခဲ့ရသည့္ ဆရာဝန္မ်ားတြင္ အစိုးရ၏ ေမတၱာရပ္ခံခ်က္ေၾကာင့္ ကူးစက္ေရာဂါသည္မ်ားအား ကုသေပးရန္ ဆရာဝန္တာဝန္ကိုျပန္လည္ထမ္းေဆာင္ခဲ့သည့္ အသက္ႀကီးပိုင္း အၿငိမ္းစားမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

Ref – AFP

Post a Comment

Previous Post Next Post