ဧပြီလ (၃)ရက်နေ့ညက မြောက်ဥက္ကလာပ မြို့နယ် အတွင်း မှာရှိတဲ့ ဆိုက်ကားဆရာ အယောက် တစ်ရာ ကို surprise အစီအစဉ်လေးနဲ့ Buy More အဖွဲ့က လိုက်လံလှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ တစ်ဦးကို ဆန်၊ဆီ၊ဆား ၊ ငရုတ် ၊ကြက်သွန်နီ၊ ကြက်သွန် ဖြူ ၊ ခေါက်ဆွဲခြောက် ၊ ကုလားပဲ၊ အချိုမှုန့် ၊ ကြာဇံ ၊ ငါးသေတ္တာ၊ အသားတု အားလုံး ၁၂ မျိုး ပါတဲ့ တစ်သောင်းတန် အထုပ်လေးတွေလှူဒါန်းခဲ့တာဖြစ်ပါတယ် ။

COVID-19 ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အိမ်အပြင်ကို ဘယ်သူမှ မထွက်ကြတော့တဲ့ ဒီအချိန်မှာ ည ၈ နာရီ အထိ ငါးရာ ပဲ ရသေးတဲ့ ဆိုက်ကားသမားကြီးကို .ဆိုက်ကား ဆွဲရတာ အဆင်ပြေလား ဆိုတော့ အိတ်ကပ်လေးကို လက်နဲ့ ဖိပြီး ငါးရာပဲ ရသေးတယ်တဲ့ အချိန်က ည ၈ နာရီ ကျော်နေပြီ ဖြစ်ပြီး အဲ့ဒါဆို လူ မလိုက်ဘူး။


ကျွန်တော် အထုပ်လေးပဲ တင်ပေးမယ်လို့ပြောတော့ အစ်ကိုရယ် စားစရာမရှိလို့ ဆိုက်ကား ထွက်ဆွဲနေရတာ အမှုပတ်အောင် မလုပ်ပါနဲ့ လို့ပြောလာတဲ့ ဆိုက်ကားသမားကြီးကို ” ကျွန်တော် ထည့်ပေးချင်တာ ဒီအထုပ်လေးပါ အစ်ကို ” ဆိုပြီး ၁၂ မျိုး ပါတဲ့ တစ်သောင်းတန် အထုပ်လေး ကို မြှောက်ပြလိုက်တဲ့အခါမှာတော့ ဆိုက်ကားဆရာကြီးယောက်ျား အရင့်အမာကြီးက ချက်ချင်း မျက်ရည်တွေ ဝဲ ပြီး လက်တွေ တုန်လာခဲ့တယ်လို့ အလှူရှင်တွေကိုယ်တိုင် သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ကြည်နူးဖွယ် ရေးသားထားတာ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ ဆိုက်ကားဆရာကြီးလည်း အိမ်ကိုဒုန်းစိုင်းပြေးပြီး ပြန်သွားပါတော့တယ်တဲ့ ။ မြောက်ဥက္ကလာမြို့ကြီး အသံမထွက်ဘဲ ကြိတ်ငိုတဲ့ အထိ အဲ့ဒီညက အလှူရှင်တွေဟာ တစ်သောင်းတန် အထုပ်လေးနဲ့ အတူ ချစ်ချင်းမေတ္တာတွေ ထည့်ပေးခဲ့ကြပါတယ် ။ တနလ်ာနေ့ ည (6.4.2020) ဆိုက်ကားဆရာ ဦးရေ ၂၀၀ အတွက် surprise အစီအစဉ်လေး ထပ်လုပ်ဖို့ ရှိပြီး လုပ်အား ငွေအား ပါဝင်ကူညီချင်သူတွေကလည်း 09887786070 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ Cele Gabar ပရိသတ်ကြီးအတွက် သတင်းကောင်းပါးလိုက်ပါတယ်နော် ။


Source : မင်းရသ
Emily (Cele Gabar)

Post a Comment

Previous Post Next Post