ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော မြင့်မြတ်တို့ မိသားစုကတော့ လတ်တလောမှာ အလှူလေးတစ်ခုထပ်မံပြုလုပ်ခဲ့တဲ့ အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေမျှဝေဖော်ပြလာခဲ့ပါတယ်။ Covid-19 ရောဂါကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက်ကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ ဆီတွေလှူဒါန်းပေးခဲ့တာပါ။
မြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူအောင်တို့ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းကလည်း မြောက်ဒဂုံမြိုကနယ် (၃၁)ရပ်ကွက်မှာ နေထိုင်တဲ့ အခြေခံလူတန်းစားတွေအတွက်ကို ဆန်နဲ့ ဆီတွေသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။အခုတစ်ခေါက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာရှိတဲ့ မရမ်းကုန်း (၁၀)ရပ်ကွက်မှာရှိတဲ့ အခြေခံလူတန်းစားတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တာပါ။

မြင့်မြတ်တို့မိသားစုကတော့ Covid-19 စတင်ဖြစ်ပွားချိန်ကတည်းက တတ်နိုင်သလောက် လိုအပ်တဲ့ ကူညီမှုတွေကို ကူညီပေးနေခဲ့တာလည်း ပရိသတ်တွေမျက်မြင်ပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မြင့်မြတ်တို့မိသားစုရဲ့ အလှူလေးအတွက်သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Zawgyi

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသားေခ်ာ ျမင့္ျမတ္တို႔ မိသားစုကေတာ့ လတ္တေလာမွာ အလႉေလးတစ္ခုထပ္မံျပဳလုပ္ခဲ့တဲ့ အေၾကာင္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေနမွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ Covid-19 ေရာဂါေၾကာင့္ စားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြအတြက္ကို အေျခခံစားေသာက္ကုန္ေတြျဖစ္တဲ့ ဆန္နဲ႔ ဆီေတြလႉဒါန္းေပးခဲ့တာပါ။
ျမင့္ျမတ္နဲ႔ ဇနီးျဖစ္သူ မခင္သူေအာင္တို႔ဟာ ၿပီးခဲ့တဲ့ ရက္အနည္းငယ္ေလာက္တုန္းကလည္း ေျမာက္ဒဂုံၿမိဳကနယ္ (၃၁)ရပ္ကြက္မွာ ေနထိုင္တဲ့ အေျခခံလူတန္းစားေတြအတြက္ကို ဆန္နဲ႔ ဆီေတြသြားေရာက္လႉဒါန္းခဲ့ပါေသးတယ္။အခုတစ္ေခါက္မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္မွာရွိတဲ့ မရမ္းကုန္း (၁၀)ရပ္ကြက္မွာရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ သြားေရာက္လႉဒါန္းေပးခဲ့တာပါ။


ျမင့္ျမတ္တို႔မိသားစုကေတာ့ Covid-19 စတင္ျဖစ္ပြားခ်ိန္ကတည္းက တတ္ႏိုင္သေလာက္ လိုအပ္တဲ့ ကူညီမႈေတြကို ကူညီေပးေနခဲ့တာလည္း ပရိသတ္ေတြမ်က္ျမင္ပဲျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ျမင့္ျမတ္တို႔မိသားစုရဲ႕ အလႉေလးအတြက္သာဓုေခၚဆိုေပးခဲ့ၾကပါဦး ပရိသတ္ႀကီးေရ။

Chilli – CeleGabar
Source – ျမင့္ျမတ္

Post a Comment

Previous Post Next Post