မိထ္ထီလာမြို့ “ဘြကြီး” ဆန်ပွဲရုံမှ အိမ်ထောင်စုပေါင်း ၁၄၅၀ ကို (၅)ရက်ဆက်တိုက် ဆန်အိတ်သေး တစ်အိပ်နှင့် ဆီတစ်ဗူးလှူူဒါန်းခဲ့တဲ့ မှတ်တမ်းတွေကို ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်

ပထမ အြကြိမ်

မိတ္ထီလာမြို့ ၃-၄-၂၀၂၀

” ကိုဗစ် အကြပ်အတည်းလွန်မြောက်ဖို့ ဝိုင်းဝန်းကူညီကြပါစို့ ” ရွှေထီလာအစီအစဉ်စတင်ပါပြီ….

အစီအစဉ်အရ ဈေးအရှေ့ရပ် ဘကြီးဆန်ပွဲရုံမှနွမ်းပါးမိသားစုများအားကူညီပံ့ပိုးမှုများ ဒီနေ့စတင်ပြုလုပ်ခဲ့ပါတယ် ။

ဝန်ဇင်းတိုးချဲ့မြင်တော်ကန်ရပ်နဲ့ ဝန်ဇင်း ၃ မှနယ်မြေ ၁၃ ခုရှိ အ‌ခြေခံလက်လုပ်လက်စားမိသားစု၁၉၃ စုတို့အား ဆန် ၆ ပြည်နှင့် good choice စားဆီ ၁လီတာဗူးများကို၎င်း ဦးဒီမောဆိုးမှ မြင်တော်ကန်ရပ်ကွက်အား တစ်အိမ်ထောင် ကြက်ဥ၅ လုံးစီအား၎င်းဝေငှခဲ့ပါတယ်။
ကျန်ထီလာမြို့ပေါ်ရပ်ကွက်အသီးသီးရှိ နွမ်းပါး အိမ်ထောင်စု ၁၂၀၀ အားလည်း သက်ဆိုင်ရာရပ်ကွက်ကြီးအသီးသီးရှိ ရာအိမ်မှုးများမှရွေးချယ်စိစစ် စာရင်းပြုစုထားပြီဖြစ်သဖြင့် နောက်ရက်များမှာရပ်ကွက်အလိုက်ဆက်လက်ပေးဝေသွားမှာဖြစ်ပါတယ်။ ဘကြီးဆန်ပွဲရုံတစ်ဦးတည်းစုစုပေါင်းတန်ဖိုး ၁၂၀ သိန်းဖိုး ကူညီ‌ဝေငှသွား ဖို့ လျှာထားပါတယ်။

ကျန်အလှုရှင်ကြီးများမှသီးခြားဖြစ်စေ ပူးပေါင်းပါ ဝင်၍ဖြစ်စေ လှုဒါန်းလိုပါက ကိုပြည့်ဖြိုးဟိန်း ဘကြီးဆန်ပွဲရုံသို့ဆက်သွယ်နိုင်ပါတယ်။

ဒုတိယ အကြိမ်

ဘကြီးဆန်ပွဲရုံမှ အခြေခံလက်လုပ်လက်စားမိသားစုများအား ကိုဗစ်အကြပ်အတည်းကာလအတွင်းဆန်နှင့်ဆီများထောက်ပံ့ပေးခြင်း ဒုတိယနေ့ဖြစ်ပါတယ်။
ရန်မျိုးအောင်အစွန်ပိုင်းရပ်ကွက်များဖြစ်တဲ့ အောင်စံပါယ်ရပ်ကွက်နဲ့ အောင်စပါယ်ကုန်းရပ်ရှိ နွမ်းပါးမိသားစု ၁၈၄အိမ် အား ဆန်၆ပြီနဲ့ ဆီ၅၀ သားစီပေးဝေခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်ဖြစ်သည့် လူစုလူဝေးမဖြစ်ပေါ်စေရန် ပါပုံများအတိုင်းဆောင်ရွက်ပြီးစီးခဲ့ပါတယ်။

တတိယမြောက်နေ့ဆက်လက်ကုသိုလ်ပြု

၅-၄-၂၀၂၀

(ရတနာမာရ်အောင်ရပ်ကွက်)

ကိုဗစ်အကြပ်အတည်းကာလ ဘကြီးဆန်ပွဲရုံ၏ အိမ်ထောင်စု ၁၂၀၀ စု သိန်း ၁၂၀ ဖိုးအလှုတော်တတိယနေ့အဖြစ် ရတနာမာရ်အောင်ရပ်ကွက်ရှိ အခြေခံလူတန်းစားမိသားစု ၁၇၆ စု အား ဆန် ၆ ပြီ ဆီ ၅၀ သားစီပေးဝေခဲ့ပါတယ် ။
ဘာသာလူမျိုးမခွဲခြားဘဲလူမျိုးပေါင်းစုံအား အဆင်ပြေအောင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အားလည်း ဘကြီးဆန်ပွဲရုံမိသားစုမှ ကျေးဇူးအထူးတင်ရှိပါကြောင်း ။


ရပ်ကွက်နေမိသားစုဝင်အားလုံး ကိုဗစ်အန္တရာယ်မှကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
စတုတ္ထရက်အလှုတော်

၆-၄-၂၀၂၀

မိတ္ထီလာမြို့

အောင်ဆန်းရပ် = သာယာကုန်း ရွာသစ်ကုန်း အောင်ဆန်းမြို့သစ်။

ဘကြီးဆန်ပွဲရုံမိသားစုမှ ကိုဗစ်အကြပ်အတည်းကာလ ကူညီထောက်ပံ့မှုအဖြစ် အထက်ဖေါ်ပြပါရပ်ကွက်ငယ်များမှ နွမ်းပါးမိသားစု ၁၉၀ အားစတုတ္ထနေ့အဖြစ် ဆန် ၆ ပြီ ဆီ ၅၀ သားစီ ကူညီမျှဝေခဲ့ပါတယ် ။
ယနေ့ထိ အိမ်ထောင်စု ၇၆၀ အား ၇၆ သိန်းဖိုးပေးဝေလှုဒါန်းထားပါပြီ ။
မူလက အိမ်ခြေ ၁၂၀၀ ထိပေးဝေရန်စီစဉ်ခဲ့သော်လည်း ၂၅၀ ခန့်ထပ်မံတိုးချဲ့၍ အိမ်ခြေ ၁၄၅၀ ခန့် သိန်း ၁၄၅ သိန်းဖိုးခန့် ပေးဝေဖို့ တိုးချဲ့စီမံထားပါကြောင်း။

အနုမောဒနာပွားကြပါရန်။

ပဉ္စမနေ့ အလှုတော်…..

မိတ္ထီလာမြို့

၇-၄-၂၀၂၀

ရေဝေ အုတ်ကျင်း မင်္ဂလာဇေယျုံ ရပ်ကွက်များရှိအ‌ခြေခံလူတန်းစား မိသားစု ၄၄၀ စု။
ယနေ့ငါးရက်မြောက် ကိုဗစ်အကြပ်အတည်း ကူညီရေးအစီအစဉ်အဖြစ် မိတ္ထီလာမြို့ဈေးအရှေ့ရပ်မှ လုပ်ငန်းရှင်များဖြစ်သည့် ….. ဘကြီးဆန်ပွဲရုံမိသားစုမှ ၁သောင်းကျပ်တန်ဆန်၆ပြည် ဆီ ၅၀ သား နှင့် ဆန်းမားစတိုးမိသားစုအချိုရည်ရောင်းဝယ်ရေးမှ ၄၂၀၀ ကျပ်တန်ဖိုးရှိ မုန့် အချိုရည် ခေါက်ဆွဲခြောက်များကို မိသားစု ၄၄၀ အားပေးဝေကုသိုလ်ပြုခဲ့ပါတယ်။

ယနေ့ကူညီခဲ့တဲ့တန်ဘိုးကတော့ အလှုရှင်နှစ်ဦးပေါင်း မှာ ဘကြီးဆန်ပွဲရုံး ၄၄သိန်း ဆမ်းမားစတိုး ၁၈သိန်း၄သောင်း၈ထောင်ဖြစ်ပြီး ….

စုစုပေါင်း ၆၂ သိန်း ၄ သောင်း ၈ထောင်ဖိုးဖြစ်ပါကြောင်း ။

Ba Khat

Post a Comment

Previous Post Next Post