ဒီနေ့ထုတ်ပြန်တဲ့စာရင်းမှာ ဂျေမီရဲ့ အမျိုးသမီး ပါဝင်တယ်လို့ သိရပါတယ်။ဒီနေ့ (ဧပြီ၁၆ရက်) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Covid -19 ရောဂါပိုး တွေ့ရှိသူ စာရင်းမှာ ဂျေမီရဲ့ မိန်းမ ပါဝင်ခဲ့ပါတယ်။
လှိုင်မြို့နယ်မှာ Quarantine ဝင်နေရတဲ့ အဆိုတော် ဂျေမီတို့ မိသားစုရဲ့ ဆေးစစ်ချက်အဖြေကတော့ဒီနေ့မှာ သိရှိခဲ့ရပါပြီ။ ဒီနေ့ ထုတ်ပြန်တဲ့ Covid 19 ရောဂါပိုးတွေ့ရှိသူ စာရင်းမှာ အဆိုတော်ဂျေမီမပါဝင်ခဲ့ပေမယ့် သူရဲ့ မိန်းမမှာတော့ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ စမ်းချေင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က Duwun ကို ပြောပါတယ်။

“အသက်(၃၃)နှစ်မ ကအဆိုတော် ဂျေမီရဲ့ မိန်းမပါ။ကျန်းမာရေးကပြောတယ်ဂျေမီနဲ့ ကလေးမှာက မတွေ့ဘူး မိန်းမဖြစ်သူမှာပဲ တွေ့တာ။ အဲဒါ ထိုင်ပြီး ခေါင်းစားနေရတယ်။ဘာသာရေးပွဲကို သူ့အမျိုးသမီးက သွားလားမသွားလား ဆိုတာလည်းမသိရဘူး.အကယ်ဒမီဆေးရုံကို သွားတာက ဂျေမီလည်းသွားသလို သူ့မိန်းမနဲ့ ကလေးကလည်းသွားတယ်။အဲ့ဒါကစဥ်းစားစရာ ဖြစ်နေတာပေါ့။သူဘယ်လို ထိတွေ့ခဲ့လဲဆိုတာက မထုတ်ပြန်တော့ စဥ်းစားစရာဖြစ်နေတယ်” လို့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ဆိုပါတယ်။
အဆိုတော် ဂျေမီဟာ Covid -19 ရောဂါပိုးတွေ့ရှိခဲ့သူ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လား၊ အဆိုတော်မျိုးကြီးတို့နဲ့ ရင်းနှီးပြီး ထိတွေ့ဆက်ဆံမှုရှိတာကြောင့် ဂျေမီနဲ့ မိသားစုဝင်(၂) ဦး လှိုင်မှာ Quarantine ဝင်နေရပြီး ဆေးစစ်မှုခံယူနေရတာဖြစ်ပါတယ်။

လက်ရှိမှာ Covid -19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ အတူ ထိတွေ့ခဲ့တဲ့ အဆိုတော်မျိုးကြီးမှာလည်း Covid 19 ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် သူရဲ့ ပရိသတ်တွေစိတ်မကောင်း ဖြစ်လို့နေပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာတော့ Covid 19 အတည်ပြုလူနာ (၈၅)ဦးထိရှိနေပြီး ရန်ကုန်က (၆၈)ဦး၊ ပဲခူးတိုင်း (၄)ဦး၊ ချင်းပြည်နယ် (၄)ဦး၊ ရှမ်းပြည်နယ်(၃)ဦး၊ နေပြည်တော် (၁)ဦး၊ မန္တလေး (၂)ဦး၊ မွန်ပြည်နယ် (၁)ဦးနဲ့ မကွေးတိုင်းက (၁)ဦးတို့ဖြစ်ပါတယ်။

အတည်ပြုလူနာ (၈၅)ဦးမှာတော့ (၄)ဦးသေဆုံးကာ (၂)ဦးက ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပါတယ်။

Credit Duwun

Post a Comment

Previous Post Next Post