စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်ကို လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် ဘုရားဖူးဝင်ခွင့်ပိတ်ထားတာ ၁ လဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။ ဘုရားဖူးတွေ မလာတဲ့အတွက် ဖိုလ်ဝင်တောင်မှာ ကျင်လည်ကျက်စားနေကြတဲ့ ထောင်နဲ့ချီတဲ့ မျောက်တွေဟာလည်း အစာရေစာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
ဖန်းခါးတောင် သီရိရတနာကျောင်းတိုက်ဆရာတော် ဦးအိန္ဒက က”မျောက်စာတွေ လာလှူတာတော့ ကြိုးကြားကြိုးကြားရှိပါတယ်။ နေ့တိုင်းတော့ မရှိဘူး။ တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ လာလှူကြတယ်။ လောလောဆယ်က ဘုရားဖူးလည်း မရှိတော့ မျောက်စာ ကျွေးမယ့်သူ မရှိသလိုဖြစ်နေတာပေါ့။ ဂေါပကအဖွဲ့ကတော့ တစ်နေ့ ၂ ကြိမ် အစာကျွေးနေပါတယ်။ မိုးလည်းမရွာသေးတော့ ရေလည်း နည်းနည်းတော့ အခက်အခဲရှိတယ်။ မျောက်ကတော့ ဖိုလ်ဝင်တောင်မှာ အကောင်ရေ နှစ်ထောင်ကျော်ကတော့ ရှိတယ်။”လို့ မိန့်ကြားပါတယ်။
မျောက်စာခက်ခဲတယ်ဆိုတဲ့ သတင်းတွေကြောင့် မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီးတို့က အလှူရှင်တွေက လာရောက်လှူဒါန်းမှုတွေ ရှိနေပါတယ်။ ဧပြီ ၂၄ ရက်နေ့ကလည်း မုံရွာအိမ်ခြံဝန်ဆောင်မှုအသင်းလည်း ကျပ် ၂ သိန်းကျော် တန်ဖိုးရှိတဲ့ မျောက်စာတွေ လာရောက်လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း Save Monywa အဖွဲ့က မျောက်စာတွေ လာရောက်လှူဒါန်းခဲ့ကြ ပါသေးတယ်။ မျောက်စာလာကျွေးသူတွေကိုတော့ အရင်က ဖိုလ်ဝင်တောင် အဝင်ဂိတ်ကနေ လက်ခံပြီး ဂေါပကအဖွဲ့ကနေတဆင့် ပြန်လှူပေမယ့် ‌အခုနောက်ပိုင်းမှာတော့ ဆရာတော် သံဃာတော်နှင့် ဂေါပကတွေ ညှိနှိုင်းပြီး ဂိတ်မှာ လက်ဆေးတာ၊ အပူချိန်တိုင်းတာတွေ ပြုလုပ်ပြီးမှ ကိုယ်တိုင်ကျွေးခွင့်ပြုထားပါတယ်။
မျောက်စာအတွက် ပြောင်းဖူး၊ ပြောင်းဆန်၊ ကုလားပဲ၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး စတာတွေကို အဓိက ကျွေးမွေးကြတာဖြစ်ပါတယ်။ ဖိုလ်ဝင်တောင်က နွေရာသီမှာ နှစ်စဉ် သောက်သုံးရေ ရှားပါးမှုလည်း ရှိပြီး အလှူ ရှင်တွေအပြင် မြို့နယ် မီးသတ်တပ်ဖွဲ့ကလည်း မျောက်တွေအတွက် သောက်သုံးရေ ဖြည့်ဆည်းပေးတာတွေလည်း ရှိပါတယ်။ ဖိုလ်ဝင်တောင်မှာ ဘုရားဖူးပိတ်ထားပြီး ဧည့်သည်မရှိလို့ မျောက်တွေတင်မက ဘုရားကို အမှီပြုပြီးဈေးရောင်းနေကြတဲ့ ဒေသခံတွေမှာလည်း ဝင်ငွေအခက်အခဲတွေ ကြုံတွေ့နေကြပါတယ်။


Zawgyi


စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ခ႐ိုင္အတြင္းက သမိုင္းဝင္ ဖိုလ္ဝင္ေတာင္ကို လတ္တေလာ ျဖစ္ပြားေနတဲ့ COVID-19 ကပ္ေရာဂါေၾကာင့္ ဘုရားဖူးဝင္ခြင့္ပိတ္ထားတာ ၁ လဝန္းက်င္ရွိၿပီ ျဖစ္ပါတယ္။ ဘုရားဖူးေတြ မလာတဲ့အတြက္ ဖိုလ္ဝင္ေတာင္မွာ က်င္လည္က်က္စားေနၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ ေမ်ာက္ေတြဟာလည္း အစာေရစာ အခက္အခဲေတြ ျဖစ္ေပၚေနပါတယ္။


ဖန္းခါးေတာင္ သီရိရတနာေက်ာင္းတိုက္ဆရာေတာ္ ဦးအိႏၵက က”ေမ်ာက္စာေတြ လာလႉတာေတာ့ ႀကိဳးၾကားႀကိဳးၾကားရွိပါတယ္။ ေန႔တိုင္းေတာ့ မရွိဘူး။ တစ္ပတ္ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေလာက္ေတာ့ လာလႉၾကတယ္။ ေလာေလာဆယ္က ဘုရားဖူးလည္း မရွိေတာ့ ေမ်ာက္စာ ေကြၽးမယ့္သူ မရွိသလိုျဖစ္ေနတာေပါ့။ ေဂါပကအဖြဲ႕ကေတာ့ တစ္ေန႔ ၂ ႀကိမ္ အစာေကြၽးေနပါတယ္။ မိုးလည္းမ႐ြာေသးေတာ့ ေရလည္း နည္းနည္းေတာ့ အခက္အခဲရွိတယ္။ ေမ်ာက္ကေတာ့ ဖိုလ္ဝင္ေတာင္မွာ အေကာင္ေရ ႏွစ္ေထာင္ေက်ာ္ကေတာ့ ရွိတယ္။”လို႔ မိန႔္ၾကားပါတယ္။


ေမ်ာက္စာခက္ခဲတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ မုံ႐ြာ၊ ယင္းမာပင္၊ ဆားလင္းႀကီးတို႔က အလႉရွင္ေတြက လာေရာက္လႉဒါန္းမႈေတြ ရွိေနပါတယ္။ ဧၿပီ ၂၄ ရက္ေန႔ကလည္း မုံ႐ြာအိမ္ၿခံဝန္ေဆာင္မႈအသင္းကလည္း က်ပ္ ၂ သိန္းေက်ာ္ တန္ဖိုးရွိတဲ့ ေမ်ာက္စာေတြ လာေရာက္လႉဒါန္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ကလည္း Save Monywa အဖြဲ႕က ေမ်ာက္စာေတြ လာေရာက္လႉဒါန္းခဲ့ၾက ပါေသးတယ္။ ေမ်ာက္စာလာေကြၽးသူေတြကိုေတာ့ အရင္က ဖိုလ္ဝင္ေတာင္ အဝင္ဂိတ္ကေန လက္ခံၿပီး ေဂါပကအဖြဲ႕ကေနတဆင့္ ျပန္လႉေပမယ့္ ‌အခုေနာက္ပိုင္းမွာေတာ့ ဆရာေတာ္ သံဃာေတာ္ႏွင့္ ေဂါပကေတြ ညႇိႏႈိင္းၿပီး ဂိတ္မွာ လက္ေဆးတာ၊ အပူခ်ိန္တိုင္းတာေတြ ျပဳလုပ္ၿပီးမွ ကိုယ္တိုင္ေကြၽးခြင့္ျပဳထားပါတယ္။


ေမ်ာက္စာအတြက္ ေျပာင္းဖူး၊ ေျပာင္းဆန္၊ ကုလားပဲ၊ ခရမ္းခ်ဥ္သီး၊ ငွက္ေပ်ာသီး စတာေတြကို အဓိက ေကြၽးေမြးၾကတာျဖစ္ပါတယ္။ ဖိုလ္ဝင္ေတာင္က ေႏြရာသီမွာ ႏွစ္စဥ္ ေသာက္သုံးေရ ရွားပါးမႈလည္း ရွိၿပီး အလႉ ရွင္ေတြအျပင္ ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ကလည္း ေမ်ာက္ေတြအတြက္ ေသာက္သုံးေရ ျဖည့္ဆည္းေပးတာေတြလည္း ရွိပါတယ္။ ဖိုလ္ဝင္ေတာင္မွာ ဘုရားဖူးပိတ္ထားၿပီး ဧည့္သည္မရွိလို႔ ေမ်ာက္ေတြတင္မက ဘုရားကို အမွီျပဳၿပီးေဈးေရာင္းေနၾကတဲ့ ေဒသခံေတြမွာလည္း ဝင္ေငြအခက္အခဲေတြ ႀကဳံေတြ႕ေနၾကပါတယ္။

Credit ဒီဗြီဘီ

Post a Comment

Previous Post Next Post