အေပြီ(၅)
ရွှေမောင်မောင်(မိတ္တီလာ)

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်ကွက်ငယ်ကျေးရွာအုပ်စု ဇီးချိုကုန်းကျေးရွာ၌သံဃာတော်ချင်းစကားများရန်ဖြစ်ရာတုတ်နှင့်ရိုက်ခဲနှင့်ထုပြီးကတ်ကြေးနှင့်ထိုးသဖြင့် သံဃာတစ်ပါးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အေပြီ(၅)ရက်နေ့နံက်(၂)နာရီခန့်မိတ္တီလာမြို့နယ်ကွက်ငယ်အုပ်စုမြောင်းပေါက်ကျေးရွာနေမယဉ်သန်း(၃၉)နှစ်မှနေအိမ်တွင်ရှိနေစဉ်ဆယ်အိမ်မှူးဦးနုရောက်ရှိလာပြီး၄င်း၏ပြောပြချက်အရည(၁၂)နာရီခန့်ဇီးချိုကုန်းကျေးရွာမြသိန်းတန်ကျောင်းတိုက်ကျောင်းထိုင်ဆရာတော်အဖြစ်သီတင်းသုံးနေသည့်မောင်ဖြစ်သူဦးနန္ဒာသီရိ(ခ)မောင်နိုင်နှင့် ဦးဝိသုတ္တ(ခ)မောင်နိုင်တို့မှာဇီးချိုကုန်းရွာရှိမစန်းတင့်၏ကွမ်းယာဆိုင်တွင်စကားများရန်ဖြစ်ရာမှ ဦးဝိသုတ္တ(ခ)မောင်နိုင်မှနောက်မှတုတ်နှင့်ရိုက်ပြီးအုတ်ခဲနှင့်ထုကာ ကတ်ကြေးနှင့်ထိုး၍ဒဏ်ရာများရရှိနေကြောင်းသိရှိရသဖြင့်ဆယ်အိမ်မှူးနှင့်အတူမြသိန်းတကျောင်းတိုက်သို့သွားရောက်ကြည့်ရှု့ခဲ့ရာကျောင်းတိုက်တွင်မတွေ့ရှိ၍လိုက်လံရှာဖွေရာဆွမ်းစားဆောင်အနောက်ဘက် ရေတွင်း၏အရှေ့မြောက်ထောင့်၌တောင်အရပ်သို့ခေါင်းပြုကာပက်လက်အနေအထားဖြင့်နဖူးထိပ်ပေါက်ပြဲ ဦးခေါင်းထိပ်ပေါက်ပြဲ ဝဲပေါင်ပေါက်ပြဲ ဝဲနားနောက်ထိုးသွင်းဒဏ်ရာ နောက်ကျောဝဲဘက်ခါးအထက်ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းသိရသည်။



ဖြစ်စဉ်အရမောင်ဖြစ်သူမြသိန်းတန်ကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိ သက်(၃၁)ဝါတော်(၁၁)ဝါအားတုတ်နှင့်ရိုက် အုတ်ခဲနှင့်ထုပြီးကတ်ကြေးနှင့်ထိုးသတ်သည့်ဦးဝိသုတ္တ(ခ)မောင်နိုင်အားအရေးယူပေးရန်မယဉ်သန်း၏တိုင်တန်းချက်အရ မိတ္တီလာမြို့မရဲစခန်းမှရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်အမှုဖွင့်အရေးယူပြီး ပြစ်မှုကျူးလွန်သူဦးဝိသုတ္တ(ခ)မောင်နိုင် သက်(၅၅) ဝါတော်(၂၄)ဝါ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် ဇေယျာသိဒ္ဒိကျောင်းတိုက်နေသူအားအမှုနှင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။အခင်းဖြစ်ပွားသည့်သံဃာနှစ်ပါးမှာဇီးချိုကုန်းကျေးရွာမြသိန်းတန်ကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်ပြီးကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူပြီးနောက်ဦးနန္ဒာသီရိအကျောင်းထိုင်ဆရာတော်အဖြစ်သီတင်းသုံးသည်ကိုမကျေနပ်၍ဦးဝိသုတ္တ မှအခြားကျောင်းတိုက်သို့ပြောင်းရွှေ့သီတင်းနေထိုင်ပြီးယခုဇီးချိုကုန်းကျေးရွာကျောင်းတိုက်သို့အလည်ရောက်ရှိခဲ့ရာမှယခင်ကျောင်းထိုင်ကိစ္စနှင့်စပ်လျင်းပြီးစကားများရန်ဖြစ်ရာမှဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

photo- Aung San
# SH(မိတ္ထီလာခရိုင်အဖွဲ့)

Zawgyi

မႏၲေလးတိုင္းေဒသႀကီးမိတၱီလာၿမိဳ႕နယ္ကြက္ငယ္ေက်း႐ြာအုပ္စု ဇီးခ်ိဳကုန္းေက်း႐ြာ၌သံဃာေတာ္ခ်င္းစကားမ်ားရန္ျဖစ္ရာတုတ္ႏွင့္႐ိုက္ခဲႏွင့္ထုၿပီးကတ္ေၾကးႏွင့္ထိုးသျဖင့္ သံဃာတစ္ပါးေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းသိရသည္။

ေအၿပီ(၅)ရက္ေန႔နံက္(၂)နာရီခန္႔မိတၱီလာၿမိဳ႕နယ္ကြက္ငယ္အုပ္စုေျမာင္းေပါက္ေက်း႐ြာေနမယဥ္သန္း(၃၉)ႏွစ္မွေနအိမ္တြင္ရွိေနစဥ္ဆယ္အိမ္မႉးဦးႏုေရာက္ရွိလာၿပီး၄င္း၏ေျပာျပခ်က္အရည(၁၂)နာရီခန္႔ဇီးခ်ိဳကုန္းေက်း႐ြာျမသိန္းတန္ေက်ာင္းတိုက္ေက်ာင္းထိုင္ဆရာေတာ္အျဖစ္သီတင္းသုံးေနသည့္ေမာင္ျဖစ္သူဦးနႏၵာသီရိ(ခ)ေမာင္ႏိုင္ႏွင့္ ဦးဝိသုတၱ(ခ)ေမာင္ႏိုင္တို႔မွာဇီးခ်ိဳကုန္း႐ြာရွိမစန္းတင့္၏ကြမ္းယာဆိုင္တြင္စကားမ်ားရန္ျဖစ္ရာမွ ဦးဝိသုတၱ(ခ)ေမာင္ႏိုင္မွေနာက္မွတုတ္ႏွင့္႐ိုက္ၿပီးအုတ္ခဲႏွင့္ထုကာ ကတ္ေၾကးႏွင့္ထိုး၍ဒဏ္ရာမ်ားရရွိေနေၾကာင္းသိရွိရသျဖင့္ဆယ္အိမ္မႉးႏွင့္အတူျမသိန္းတန္ေက်ာင္းတိုက္သို႔သြားေရာက္ၾကည့္ရႈ႕ခဲ့ရာေက်ာင္းတိုက္တြင္မေတြ႕ရွိ၍လိုက္လံရွာေဖြရာဆြမ္းစားေဆာင္အေနာက္ဘက္ ေရတြင္း၏အေရွ႕ေျမာက္ေထာင့္၌ေတာင္အရပ္သို႔ေခါင္းျပဳကာပက္လက္အေနအထားျဖင့္နဖူးထိပ္ေပါက္ၿပဲ ဦးေခါင္းထိပ္
ေပါက္ၿပဲ ဝဲေပါင္ေပါက္ၿပဲ ဝဲနားေနာက္ထိုးသြင္းဒဏ္ရာ ေနာက္ေက်ာဝဲဘက္ခါးအထက္ထိုးသြင္းဒဏ္ရာမ်ားျဖင့္ေသဆုံးေနသည္ကိုေတြ႕ရွိရေၾကာင္းသိရသည္။
ျဖစ္စဥ္အရေမာင္ျဖစ္သူျမသိန္းတန္ေက်ာင္းတိုက္ေက်ာင္းထိုင္ဆရာေတာ္ ဦးနႏၵာသီရိ သက္(၃၁)ဝါေတာ္(၁၁)ဝါအားတုတ္ႏွင့္႐ိုက္ အုတ္ခဲႏွင့္ထုၿပီးကတ္ေၾကးႏွင့္ထိုးသတ္သည့္ဦးဝိသုတၱ(ခ)ေမာင္ႏိုင္အားအေရးယူေပးရန္မယဥ္သန္း၏တိုင္တန္းခ်က္အရ မိတၱီလာၿမိဳ႕မရဲစခန္းမွရာဇသတ္ႀကီးပုဒ္မ၃၀၂ျဖင့္အမႈဖြင့္အေရးယူၿပီး ျပစ္မႈက်ဴးလြန္သူဦးဝိသုတၱ(ခ)ေမာင္ႏိုင္ သက္(၅၅) ဝါေတာ္(၂၄)ဝါ ေနျပည္ေတာ္ပုဗၺသီရိၿမိဳ႕နယ္ မဂၤလာဒီပရပ္ကြက္ ေဇယ်ာသိဒၵိေက်ာင္းတိုက္ေနသူအားအမႈႏွင့္ဖမ္းဆီးစစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

အခင္းျဖစ္ပြားသည့္သံဃာႏွစ္ပါးမွာဇီးခ်ိဳကုန္းေက်း႐ြာျမသိန္းတန္ေက်ာင္းတိုက္တြင္သီတင္းသုံးေနထိုင္ၿပီးေက်ာင္းထိုင္ဆရာေတာ္ပ်ံလြန္ေတာ္မူၿပီးေနာက္ဦးနႏၵာသီရိအေက်ာင္းထိုင္ဆရာေတာ္အျဖစ္သီတင္းသုံးသည္ကိုမေက်နပ္၍ဦးဝိသုတၱ မွအျခားေက်ာင္းတိုက္သို႔ေျပာင္းေ႐ႊ႕သီတင္းေနထိုင္ၿပီးယခုဇီးခ်ိဳကုန္းေက်း႐ြာေက်ာင္းတိုက္သို႔အလည္ေရာက္ရွိခဲ့ရာမွယခင္ေက်ာင္းထိုင္ကိစၥႏွင့္စပ္လ်င္းၿပီးစကားမ်ားရန္ျဖစ္ရာမွျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

photo- Aung San
# SH(မိတၳီလာခ႐ိုင္အဖြဲ႕)


Post a Comment

Previous Post Next Post