ဒုဌဝတီမြစ်အတွင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ သီပေါတံတားအောက်ဖက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်က ကလေးငယ်နှစ်ဦးရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ပြီး ဒီကနေ့ဧပြီလ ၇ ရက်၊ မွန်းလွှဲပိုင်းအချိန်က သေဆုံးလျက်ပြန်လည်တွေ့ရှိရကြောင်း နယ်စည်းမခြား ပရဟိတ(သီပေါ)ထံမှ သိရပါတယ်။

သီပေါမြို့၊ ဟာလျှံရပ်ကွက်ရှိ သီပေါတံတားအနီးမှာ ယောင်္ကျားလေးငယ်တစ်ဦးနဲ့ မိန်းကလေးငယ်နှစ်ဦး (ဒသမတန်းကျောင်းသူနဲ့ တတိယတန်းကျောင်းသူ) တို့က ပြီးခဲ့တဲ့ ဧပြီလ ၅ရက်၊ ညနေပိုင်းအချိန်မှာ ဒုဌဝတီမြစ်ကမ်းအတွင်းကို ရေချိုးရာမှ (၃) ဦးစလုံးရေနစ်မြှုပ်မှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
“တစ်ဦးကတော့ ရေနစ်တဲ့အချိန်ကတည်းက အဲနားမှာရှိတဲ့ တပ်မတော်သားနှစ်ဦးက ဆင်းဆယ်ပေးလိုက်တော့ မမြှုပ်သွားဘူး။ နှစ်ယောက်ကတော့ တံတားအလယ်နားလောက်မှာ မြှုပ်သွားတယ်။ မနေ့ကလည်း ရှာတယ်။ မတွေ့ဘူး။ ဒီနေ့မှ တွေ့တာပါ” လို့ နယ်စည်းမခြား ပရဟိတ (သီပေါ) မှ ကိုမျိူးက ပြောပါတယ်။
သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို နယ်စည်းမခြား ပရဟိတ (သီပေါ) နဲ့ သီပေါလူငယ် လူမှုကူညီရေးအသင်းတို့မှ ယာဉ်တွေနဲ့ သီပေါပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ညနေ (၃)နာအချိန်မှာ နမ့်မိန်သုဿန်သို့ ပို့ဆောင်သဂြိုလ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေတြိဂံဒေသ သတင်းလွှာ

Zawgyi ျဖင့္ဖက္ရန္

ဒုဌဝတီျမစ္အတြင္းကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္ရွိ သီေပါတံတားေအာက္ဖက္မွာ ၿပီးခဲ့တဲ့ ဧၿပီလ ၅ ရက္က ကေလးငယ္ႏွစ္ဦးေရနစ္ျမႇဳပ္မႈျဖစ္ပြားခဲ့ၿပီး ဒီကေန႔ဧၿပီလ ၇ ရက္၊ မြန္းလႊဲပိုင္းအခ်ိန္က ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိရေၾကာင္း နယ္စည္းမျခား ပရဟိတ(သီေပါ)ထံမွ သိရပါတယ္။

သီေပါၿမိဳ႕၊ ဟာလွ်ံရပ္ကြက္ရွိ သီေပါတံတားအနီးမွာ ေယာက်ၤားေလးငယ္တစ္ဦးနဲ႔ မိန္းကေလးငယ္ႏွစ္ဦး (ဒသမတန္းေက်ာင္းသူနဲ႔ တတိယတန္းေက်ာင္းသူ) တို႔က ၿပီးခဲ့တဲ့ ဧၿပီလ ၅ရက္၊ ညေနပိုင္းအခ်ိန္မွာ ဒုဌဝတီျမစ္ကမ္းအတြင္းကို ေရခ်ိဳးရာမွ (၃) ဦးစလုံးေရနစ္ျမႇဳပ္မႈျဖစ္ပြားခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

“တစ္ဦးကေတာ့ ေရနစ္တဲ့အခ်ိန္ကတည္းက အဲနားမွာရွိတဲ့ တပ္မေတာ္သားႏွစ္ဦးက ဆင္းဆယ္ေပးလိုက္ေတာ့ မျမႇဳပ္သြားဘူး။ ႏွစ္ေယာက္ကေတာ့ တံတားအလယ္နားေလာက္မွာ ျမႇဳပ္သြားတယ္။ မေန႔ကလည္း ရွာတယ္။ မေတြ႕ဘူး။ ဒီေန႔မွ ေတြ႕တာပါ” လို႔ နယ္စည္းမျခား ပရဟိတ (သီေပါ) မွ ကိုမ်ိဴးက ေျပာပါတယ္။

ေသဆုံးသူႏွစ္ဦးရဲ႕ ႐ုပ္အေလာင္းေတြကို နယ္စည္းမျခား ပရဟိတ (သီေပါ) နဲ႔ သီေပါလူငယ္ လူမႈကူညီေရးအသင္းတို႔မွ ယာဥ္ေတြနဲ႔ သီေပါျပည္သူ႔ေဆး႐ုံ၊ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ညေန (၃)နာအခ်ိန္မွာ နမ့္မိန္သုႆန္သို႔ ပို႔ေဆာင္သၿဂိဳလ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေ႐ႊႀတိဂံေဒသ သတင္းလႊာ

Post a Comment

Previous Post Next Post