ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်းပါးသော နိုင်ငံသားများအတွက် အစိုးရ က အခြေခံစားသောက်ကုန်များ ထောက်ပံ့နိုင်ရန် ငွေကျပ် ၁ ဘီလီယံ (သန်းတစ်ထောင်) မတည်သုံးစွဲသွားရန် လျာထား ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့ထံမှသိရသည်။

အခြေခံလူတန်းစားဦး‌ရေ အရေအတွက် ကို စာရင်းဇယား ကောက်ယူပြီးဖြစ်ကြောင်းနှင့် စာရင်းကောက်ယူထားသူများကို စားနပ်ရိက္ခာများ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ရန်ပုံငွေများထဲက ငွေကျပ် တစ်ဘီလီယံ မတည်သုံးစွဲရန်လျာထားကြောင်းနှင့် အလှုငွေများရရှိရန် အလှုရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း ဦးဇာနည်အောင် က ဆကိလက် ပြောကြားသည်။
“ဆင်းရဲတဲ့လူတွေ၊ နိုင်ငံသားများအတွက် ကိုလည်း စီစဉ် ဆောင်ရွက်ထားပါတယ်၊ ဘယ်လို ဖြန့်ဝေမလဲဆိုတော့ ရောဂါပိုးမပျံ့နှံ့တဲ့ ကူးစက်တာကို အားမပေးတဲ့နည်းတွေနဲ့ ဖြန့်ဝေသွားမှာဖြစ်တယ်။ မိသားစုတစ်စုအတွက် အိတ်ငယ်လေးတွေ ပြုလုပ်ပေးပို့မှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မိနျးကလေးတှတေဈယောကျတညျး ဆိုငျကယျ ...

မည့်သည့်ကာလ၊ အခြေအနေတွင် အစား‌အသောက် များ ထောက်ပံ့ပံ့ပိုးပေးသွားမည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ ဆင်းရဲရှားပါးသော လူတန်းစားစာရင်း ကောက်ယူရာ၌ ရပ်ကွက်ထဲရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ပေးပို့ထားသည့် စာရင်းများ နှင့်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ၏ စက်ရုံအလုပ်ရုံများရှိ အလုပ်သမား မိသားစုဝင် စာရင်းဇယားများ ကို ကောက်ခံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူဦးရေ ၆ သန်း ဝန်းကျင် ရှိကြောင်း တိုင်းအစိုးရ အဖွဲ့ ၏ မှတ်တမ်းများအရ သိရသည်။ မန္တလေးတိုင်းအစိုးရသည် ဧပြီလ ၆ ရက် ည ၁၂ နာရီ မှ စတင်၍ ဧပြီလ ၂၁ ရက် ည ၁၂ နာရီ အထိ မန္တလေးတိုင်းအတွင်းသို့ ခရီးသည်တင်ကားများ ၊ ဘုရားဖူးကားများ၊ အလည်အပတ်ကားများ နှင့် လူဉီးရေ ခုနစ်ဦးထက်ပိုသော အိမ်စီးကား နံပါတ်အနက်များကို ဝင်ထွက်သွားလာခြင်းကို တားမြစ်ကန့်သတ်လိုက်ကြောင်း ဧပြီလ ၄ ရက် တွင် ဒေသန္တရ အမိန့် ထုတ်ပြန်ခဲ့သည်။

ဒဗွိုက်စ်

Post a Comment

Previous Post Next Post