မုံရွာတွင် နှာခေါင်းစည်းမတပ်ဘဲ လမ်းမပေါ်ထွက်သည့် အမျိုးသားတစ်ဦးအား ယာဉ်ထိန်းရဲ မှတားမြစ်ပြောဆိုရာ ဓားခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ မုံရွာဂေဇက်သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က သာစည်လမ်းနှင့်မြို့ပတ်လမ်းထောင့် အဝိုင်းပတ်တွင် COVID-19 ကာကွယ်တားဆီးရေးအတွက် အဖွဲ့စုံဖြင့် ပညာပေးမှုများ ဆောင်ရွက်နေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ချမ်းမြဝတီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်းချင်း ကပြောတယ်လို့ ဆိုပါတယ်။

“ယာဉ်ထိန်းက Mask (နှာခေါင်းစည်း) မပါလို့ တားပြီးပြောတာကို မကျေမနပ်ဖြစ်ပြီး ရွာပြန်သွားတယ်။ နောက် ဓားယူလာပြီး တားတဲ့ယာဉ်ထိန်းကို ခုတ်ထွက်ပြေးသွားတာ” ဟု ၎င်းက ဆက်ပြောသည်။

ဓားဖြင့်ခုတ် ထွက်ပြေးသွားသူမှာ ကံပြားရွာမှ သက် ၄၀ အရွယ်အမျိုးသားဖြစ်သည်။ ၎င်းကို ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ မင်္ဂလာကုန်းရွာအနီးတွင် ဖမ်းမိခဲ့သည်။

ဓားခုတ်ခံရသည့် ယာဉ်ထိန်းမှာ တိမ်းရှောင်လိုက်သဖြင့် အနည်းငယ်သာ ထိခိုက်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး (မုံရွာ) မှ ဒုရဲမှူး ဇော်ဝင်းနိုင်က ဆိုသည်။

Post a Comment

Previous Post Next Post