COVID-19 လူနာအမှတ်-၈ နဲ့ထိတွေ့ခဲ့တဲ့ ညောင်ရျွေမြို့က ဟိုတယ်ဝန်ထမ်းနဲ့ ကားဆရာတွေ ကျန်းမာရေး ကောင်းမွန်တဲ့အတွက် Quarantine Center ကနေ ဒီနေ့ နေရပ်ကို ပြန်ခွင့်ပေးပါတယ်။

လူနာအမှတ်-၈ တည်းခိုခဲ့တဲ့ ညောင်ရွှေမြို့ ရွှေကျွန်းမျောဟိုတယ် ၁ မှာ အတည်ပြုလူနာ စတွေ့ချိန်ကတည်းက ဟိုတယ်ဝန်ထမ်းအားလုံး Quarantine ဝင်ခိုင်းပြီး ၂၁ ရက်အတွင်း ကျန်းမာရေးကောင်းမွန်တဲ့အတွက် နေရပ်ပြန်ခွင့်ပေးလိုက်တာလို့ ရွှေကျွန်းမျော ဟိုတယ် (1) ဒုမန်နေဂျာ ခွန်ဘဟိန်က ပြောပါတယ်။
“အကုန်လုံး ကျန်းကျန်းမာမာပဲဗျ၊ အကုန်လုံး အိမ်ပြန်လွှတ်လိုက်ပြီ။ အိမ်မှာလည်း Quarantine ဆက်လက်နေခိုင်းတယ်၊ မြို့နယ် ကျန်းမာရေးဌာနက လာရောက်ကြည့်ရှုပေးတယ်၊ ဘာရောဂါလက္ခဏာမှမရှိဘူး။” လူနာအမှတ်-၈ ဟာ ပြင်သစ်နိုင်ငံသားနဲ့အတူ မတ်လ ၂၀ ရက်က ညောင်ရွှေမြို့ ရွှေကျွန်းမျော ဟိုတယ်မှာ နှစ်ည လာရောက်တည်းခိုခဲ့ပါတယ်။

လူနာ ရောဂါ positive ထွက်ကတည်းက ဟိုတယ်မှာရှိတဲ့ ဝန်ထမ်း ၆၁ ဦးကို Quarantine ဝင်ခိုင်းပြီး ဟိုတယ်ကိုလည်း Lock Down ချခဲ့ပါတယ်။ လက်ရှိ ညောင်ရွှေမြို့မှာ လူနာအမှတ် ၈ နဲ့ ထိတွေ့ခဲ့တဲ့သူတွေအားလုံး Quarantine ၂၁ ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ညောင်ရွှေမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာကောင်းမြတ်က ပြောပါတယ်။
“လူနာအမှတ်-၈ နဲ့ အကြာဆုံးထိတွေ့ခဲ့တဲ့ ကားဆရာရယ်၊ စပယ်ယာရယ်၊ နောက် ရန်ကုန် မှာ တလမ်းတည်းနေတဲ့ ညောင်ရွှေသားရယ်ကို ဓာတ်ခွဲနမူနာစစ်တော့ အားလုံး negative ထွက်တယ်။ ကျန်တဲ့သူတွေအားလုံးလည်း Quarantine ၂၁ ရက်ပြည့်ပြီး အားလုံးကောင်းမွန်နေပါတယ်။” ညောင်ရွှေမြို့နယ်မှာ quarantine စောင့်ကြည့်စခန်းတွေမှာ နိုင်ငံခြားက ပြန်လာသူတွေပဲ ကျန်ရှိနေပြီး ညောင်ရွှေ ပြည်သူ့ဆေးရုံမှာ ၄ ဦး၊ အထက ၁ ကျောင်းမှာ ၅ ဦးသာရှိပြီး အားလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

#DVB

Post a Comment

Previous Post Next Post