(၉.၄.၂၀၂၀) ယနေ့ နံနက် ၈ နာရီတိတိမှာ မြန်မာပြည် ကျန်းမာရေးဝန်ကြီးဌာနရဲ့ Covid-19 Call Center စတင် အသက်ဝင်ပါပြီ…

ဖုန်းနံပါတ် “၂၀၁၉” ကို Free Call ဖုန်းခေါ်ဆိုခ အခမဲ့ဖြင့် ခေါ်ဆိုနိုင်ပါပြီ…

ဒီရက်ပိုင်းထဲ ရန်ကုန်မှာ ကားတွေ နည်းနည်းပြန်များလာတယ်။ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးချက် PCR Negative တွေပဲထွက်လို့ စိတ်အေးသွားကြပြီလား.. Mortality (သေဆုံးနှုန်း) များတဲ့ ပြင်းထန်တဲ့ ဗိုင်းရပ်စ်အမျိုးအစား (Strain Virus) ဖြစ်နိုင်တာမို့ ကိုယ်ကိုယ်တိုင်တောင် အရင်ကထက် နည်းနည်းပို စိုးရိမ်မိတယ်။ မပေါ့ဆကြဘဲ သတိလေးထားပြီး အိမ်မှာပဲနေ၊ သေချာ လက်ဆေး စတဲ့ အပြုအမူလေးတွေကို စိတ်ရှည်ရှည်နဲ့ ဆက်လုပ်ကြပါဦး အမျိုးတို့ရေ…
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ Covid-19 Call Centre နံပါတ် “2019” ကို ဖုန်းခေါ်ဆိုခ Free အခမဲ့ဖြင့် မေးမြန်းနိုင်ပါတယ်.. အားလုံးအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တာမို့ နိုင်ငံသားကောင်း ပီသစွာဖြင့် နောက်ပြောင်ခြင်း၊ နှောင့်ယှက်ခြင်းမပြုကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်.. ပါဝင်ဖြေကြားမယ့်ဆရာဝန်များဟာလည်း ကူညီချင်စိတ်သက်သက်နဲ့ Volunteer လုပ်ကြတာမို့ အဆင်မပြေတာရှိရင်လည်း နားလည်ပေးကြစေလိုပါတယ်…

ပြည်သူ့အပူ ကူငြိမ်းဖို့ တတ်စွမ်းသမျှ ဝိုင်းဝန်းစို့…

Zawgyi







Khin Hnin Pwint

Post a Comment

Previous Post Next Post