အဖျားတိုင်းဖို့သွားတိုင်း Mask အမြဲတပ်ထားတာတွေ့တယ်။အခန်းထဲကအပြင်မထွက်ဘူး။ဘယ်သူနဲ့မှ ရောရောနှောနှောမနေဘူး။အခန်းဖော်နဲ့တောင် သိပ်ကပ်မနေဘူး။

ထမင်းပို့ဖို့သွားရင်လဲ စည်းကမ်းတကျထွက်ယူတယ်။အစက သူဘာဖြစ်နေလဲဆိုပြီး သံသယဝင်မိသေး။
နောက် positive ဆိုပြီးအဖြေထွက်တော့လဲ တည်တည်ငြိမ်ငြိမ်နဲ့ contactဖြစ်တဲ့သူတွေကို လိုက်တောင်းပန်တယ်လို့ကြားတယ်။ သူ့မှာအပြစ်မရှိပါဘူး။
Resultမရခင်စပ်ကြား သူပြန်တဲ့ လမ်းတလျောက်လုံး mask တပ်၊လက်အိတ်ဝတ်၊ ကားပေါ်ကမဆင်း၊ပါလာတဲ့ထမင်းဘူးပဲဖွင့်စား၊ result သိတာနဲ့ ဆေးရုံကို တခါတည်း ဝင်သတင်းပို့။

ခုတော့ သူ့ရဲ့စည်းကမ်းရှိမှုကြောင့် Good result ရပြီ။သူ့အခန်းဖော်ရော၊သူနဲ့အတူ တောင်ကြီးပြန်သွားတဲ့ ညီလေးရော Negative ပါတဲ့။Volunteer တွေလဲပျော်နေကြလေရဲ့။သေချာတယ်။
သူ့ဆီက ကူးစက်မှုနှုန်း အတော်နည်းမှာပါ။
ချီးကျူးပါတယ် Case 29 Broရောဂါကူးခံရရင် လူတွေကျဉ်ကြမှာကြောက်ပြီး ထွက်ပြေးနေမယ့်အစား ခုလိုစည်းကမ်းရှိ‌ရှိ နေပေးလိုက်တာ တာဝန်ကျေတဲ့ပြည်သူတစ်ယောက်ရဲ့အလုပ်ပါ။
#Fight_covid19
#Fighting_Myanmar
ချစ်သော K Mask

Post a Comment

Previous Post Next Post