အရေးကြီးတဲ့ အချိန်မှာမှ ကျွန်တော်တော့ နားရပြီလေ။

တာမွေမြို့နယ် (နတ်မောက်ရပ်ကွက်) မှာတွေ့တဲ့ case 87 ရဲ့အိမ်ကို 4.4.2020 က ရပ်ကွက်မှာ ဆေးဖြန်းရင်း case 87ရဲ့တူမက အကူအညီတောင်းလို့ ဝင်ပြီးဆေးဖြန်းပေးပါဆိုလို့ ဝင်ရောက်ဆေးဖြန်းပေးခဲ့ပါတယ်။


အဲ့ဒီ အိမ်က လူတွေနဲ့ ရင်းနှီးတော့ ကျွန်တော့်လူငယ် တစ်ယောက်က အဲ့ဒီ့ အိမ်ကိုဆေးဖြန်းရင်း ကျွန်တော်က case 87 အပါအဝင် သူ့မိသားစု ဝင်တွေ နဲ့ ၅မိနစ် မှ ၁၀မိနစ်လောက် စကားပြောခဲ့ကြပါတယ်။



ကိုလည်း အဲ့ဒီတုန်းက စကားပြောနေတဲ့ အချိန်မှာ mask မတက်ဖြစ်လိုက်ပါဘူး 😫😫😫

ဲ့case 87 နဲ့ စကားပြောတာ အနည်းဆုံးတော့ သုံးပေ လေးပေလောက်ကွာမယ်ထင်ပါတယ်။

အဲ့အန်ကယ် က အဲ့တုန်းက ကျန်းကျန်းမာမာပါ။ အခုမှ သူလည်း ဘယ်ကဘယ်လို ကူးစက်မှန်း အခုထိ မသိသေးဘူးတဲ့။

သူတို့ နဲ့စကားပြောခဲ့တာ ၄.၄.၂၀၂၀ ကဆိုတော့ အခုဆို ၁၄ရက်ကျော်ပါပြီ။

ကို့မှာလဲ Covid 19 ရောဂါလက္ခဏာ ဘာမှ မပြပါ။ ကို့ပတ်ဝန်းကျင်က လူတွေမှာ လည်း ရောဂါလက္ခဏာ မပြကြပါ။

၁၄ရက်ကျော်ပြီ ဆိုပေမယ့်လည်း case 87က မနေ့ကမှ တွေ့တဲ့အတွက် ကို့အိမ်မှာ ပဲ ကို့ အသိစိတ်ဓာတ်နဲ့ကို Home Quarantine နေလိုက်ပါပြီ။

Case 87 လူနာ မိသားစု အတွက်လည်း စိတ်မကောင်းပါဘူး။သူတို့အိမ်မှာ လသားအရွယ် ကလေးလေးနဲ့ ၁၀နှစ် ကလေးနှစ်ယောက်ရှိတော့ အားလုံးနေကောင်းကြပါစေလို့ ကျွန်တော် ဆုတောင်းပေးနေပါတယ်။

သူတို့လဲ အခုလို ဖြစ်မယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ ကျွန်တော်လည်း ပိုးမတွေ့ခင်မှာ အဲ့ဒီအိမ်ကို ဆေးဖြန်းပေးခဲ့တဲ့အတွက် တာဝန်ကျေတယ်လို့ ခံစားမိပါတယ်။

အရေးကြီးတဲ့ အချိန်မှာမှ ရပ်ကွက်တွေမှာ တစ်ကျော့ပြန် ဆေးဖြန်းဖို့အတွက် ပိုက်တွေကော စက်တွေကော အားလုံး ပြင်ဆင်ပြီးခါမှ အခုလို နားလိုက်ရဲ့အတွက်အိမ်မှာ ဘယ်လိုနေရမလဲ တွေးရင်း စိတ်ပူမိပါတယ်။

ဒါပေမယ့်လည်း ကို့ရဲ့ အားကိုးရတဲ့ လူငယ်တွေရှိပါသေးတယ်။သူတို့က တာမွေရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားပါလိမ့်မယ်။

ကျွန်တော်ကတော့ အိမ်ထဲမှာဘဲ home quarantine နေရင်း Covid 19 နဲ့ ပက်သက်တဲ့သတင်းအချက်အလက်တွေကို ရှာဖွေတင်ပြပေးသွားပါ့မယ်။

HQ ပြီးရင်ပြန်လာခဲ့ပါ့မယ်

ရဲမြတ်ရွှေ (ခ) ရဲလေး

လူငယ်တာဝန်ခံ

NLD တာမွေမြို့နယ်

Post a Comment

Previous Post Next Post