ဂျပန်အစိုးရက နိုင်ငံပေါင်း (၃၀) ကို COVID-19 ကုသရာမှာ ထိရောက်မှုအချို့ရှိတဲ့ Avigan ဆိုတဲ့ ဆေးတစ်မျိုးကို အခမဲ့ ပေးအပ်သွားမယ်လို့ အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့အစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Avigan ဆိုတဲ့ ဆေးဟာ တုပ်ကွေးရောဂါကုသတဲ့ဆေးတစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ COVID-19 ရောဂါလက္ခဏာမပြင်းထန်တဲ့ လူနာတွေကို ကုသရာမှာ ထိရောက်မှုတွေရှိတယ်လို့ သုတသနပညာရှင် တွေက ပြောထားပါတယ်။

လက်ရှိ ဂျပန်နိုင်ငံမှာတော့ ဆေးတက္ကသိုလ်တွေနဲ့ ဆေးကုမ္ပဏီတွေအတော်အများက ဒီဆေးရဲ့ အာနိသင်တွေ နဲ့ အကျိုးဆက်တွေကို အပူတပြင်း စတင်စမ်းသပ်နေပါပြီ။ အခုလာမယ့် ဇွန်လ မကုန်ခင်မှာတော့ လူအယောက် (၁၀၀) လောက် စမ်းသပ်သွားဖို့လည်းရှိပါတယ်။

လောလောဆယ်မှာတော့ ဂျာမနီကျန်းမာရေးဝန်ကြီး ကလည်း အဲဒီ Avigan ဆေးတွေကို ဝယ်ယူသွားဖို့ရှိ‌ နေပါတယ်။ ဂျာမနီပြည်တွင်းမီဒီယာတွေမှာတော့ ဆေးပြားပေါင်း သန်းချီပြီးဝယ်ယူသွားဖို့ရှိတယ်လို့လည်းဖော်ပြထားပါတယ်။


အမေရိကန် သမ္မတကလည်း သူတို့နိုင်ငံကလူနာတွေကို ဒီ Avigan ဆေးနဲ့ ကုသဖို့ တိုက်တွန်းထားပါတယ်။

ဂျပန်အစိုးရအဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ရိုရှီဟိုက် ဆူဂါက ” ကျွန်တော်တို့အနေနဲ့ ဒီ Avigan ဆေးကို သုတေသန တွေ ထပ်လုပ်တဲ့အခါ အတူပူးပေါင်းဆောင်ရွက်ချင်တဲ့နိုင်ငံတွေရှိရင်လည်း ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားမှာပါ” လို့ပြောပါတယ်။

ဂျပန်အစိုးရကတော့ ဒီဆေးရဲ့ အာနိသင်တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေမရှိအောင် ဆောင်ရွက်သွားဖို့အတွက် အချိန် (၁) နှစ်လောက် ယူသွားမှာဖြစ်ပါတယ်။

AFP, Japantimes

Post a Comment

Previous Post Next Post