စစ်ကိုင်းတိုင်းဒေသကြီးမှာ သင်္ကြန်ကာလအတွင်း ရေကစားခြင်းပြုလုပ်ပါက အမြင့်ဆုံးထောင်ဒဏ်တစ်နှစ်ထိ ချမှတ်နိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) ဖြင့်အရေးယူမည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က သင်္ကြန်အကြိုနေ့မှာ ပြောကြားလိုက်သည်။

COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အုန်းလက်မဏ္ဍပ် အပါအဝင် မည်သည့် မဏ္ဍပ်မျှ ပြုလုပ်ခွင့်မပြုဘဲ ရေပက်ခံလည်ပတ်ခြင်း၊ လူစုလူဝေးဖြင့် ရေပတ်ခြင်းတို့ကိုလည်း တားမြစ်ထားသည်။

“ပြည်ထောင်စုက ညွန်ကြားထားတဲ့အတိုင်းပါပဲ၊ အုပ်စုဖွဲ့သောက်စား မူးယစ်တာတွေပါ တားမြစ်ထားတယ်” ဟု တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင် ကပြောသည်။

သင်္ကြန်အကြိုနေ့တွင် မုံရွာမြို့ဗိုလ်ချုပ်လမ်းမကြီးဘေး ကန်သာယာ ပတ်လည်တွင် အုပ်စုဖွဲ့ အရက်သောက်ခြင်းများရှိနေသည် ဟု ဒေသခံများ ကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ကာလ အရေးပေါ် ထုတ်ပြန်ထားသော စည်းကမ်းများကို မလိုက်နာ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူခံရသူ ယနေ့အထိ ၁၆ ဦးရှိသည်။ ၎င်းတို့ထဲမှ ၁၀ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၆ လ၊ ၃ ဦးအား အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ထိ တရားရုံးအသီးသီးမှ ချမှတ်ခဲ့ပြီးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီလိုထုတ်ပြန်ထားတယ်ဆိုတော့ ကျန်တဲ့ တိုင်းဒေသကြီးတွေမှာလဲ သင်္ကြန်ကာလအတွင်း ရေပက်ရင် အရေးယူခံရနိုင်ပါတယ်။

ကိုသစ္စာ – မုံရွာဂေးဇက်

Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီးမွာ သႀကၤန္ကာလအတြင္း ေရကစားျခင္းျပဳလုပ္ပါက အျမင့္ဆုံးေထာင္ဒဏ္တစ္ႏွစ္ထိ ခ်မွတ္ႏိုင္ေသာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၀ (က) ျဖင့္အေရးယူမည္ဟု လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္က သႀကၤန္အႀကိဳေန႕မွာ ေျပာၾကားလိုက္သည္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အုန္းလက္မ႑ပ္ အပါအဝင္ မည္သည့္ မ႑ပ္မွ် ျပဳလုပ္ခြင့္မျပဳဘဲ ေရပက္ခံလည္ပတ္ျခင္း၊ လူစုလူေဝးျဖင့္ ေရပတ္ျခင္းတို႔ကိုလည္း တားျမစ္ထားသည္။

“ျပည္ေထာင္စုက ၫြန္ၾကားထားတဲ့အတိုင္းပါပဲ၊ အုပ္စုဖြဲ႕ေသာက္စား မူးယစ္တာေတြပါ တားျမစ္ထားတယ္” ဟု တိုင္းအဆင့္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္ ကေျပာသည္။



သၾကၤန္အႀကိဳေန႔တြင္ မုံ႐ြာၿမိဳ႕ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘး ကန္သာယာ ပတ္လည္တြင္ အုပ္စုဖြဲ႕ အရက္ေသာက္ျခင္းမ်ားရွိေနသည္ ဟု ေဒသခံမ်ား ကဆိုသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း COVID-19 ကာလ အေရးေပၚ ထုတ္ျပန္ထားေသာ စည္းကမ္းမ်ားကို မလိုက္နာ၍ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒျဖင့္ အေရးယူခံရသူ ယေန႔အထိ ၁၆ ဦးရွိသည္။ ၎တို႔ထဲမွ ၁၀ ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ လ၊ ၃ ဦးအား အလုပ္ႏွင့္ေထာင္ဒဏ္ ၁ ႏွစ္ထိ တရား႐ုံးအသီးသီးမွ ခ်မွတ္ခဲ့ၿပီးျဖစ္သည္။

စစ္ကိုင္းတိုင္းေဒသႀကီးမွာ ဒီလိုထုတ္ျပန္ထားတယ္ဆိုေတာ့ က်န္တဲ့ တိုင္းေဒသႀကီးေတြမွာလဲ သႀကၤန္ကာလအတြင္း ေရပက္ရင္ အေရးယူခံရႏိုင္ပါတယ္။

ကိုသစၥာ – မံုရြာေဂးဇက္

Post a Comment

Previous Post Next Post