ဆိုင်းမိုင်လို့ ပရိသတ်တွေစတင် သတိထားမိတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်က တီဗီဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း အနုပညာလောကထဲ ရောက်ရှိလာသူတစ်ယောက်ပါပဲ။ ရုပ်ရှင်ချောမောသလို စိတ်ထားလေးလည်း နူးညံ့သိမ်မွေ့တဲ့ ပိုးကြာဖြူခင်က အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပိုးကြာဖြူခင်က သန်လျှင်အထွေထွေရောဂါကုဆေးရုံကြီး ရဲ့ Covid-19 Isolation ward မှာ ဆရာဝန်တွေအတွက် လိုအပ်နေတာလေးကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း အခုလိုပဲ ပြောပြထားပါတယ်။
“သန်လျှင်အထွေထွေရောဂါကုဆေးရုံကြီး ရဲ့ Covid-19 Isolation ward မှာ ဆရာဝန် ဆရာမများ PPE ဝတ်စုံ ဝတ်ဆင်ရာတွင် safe side ဖြစ်စေရန် ကြည့်မှန်လိုအပ်နေတယ်လို့ သိရလို့ ဒီနေ့ညနေ ချက်ချင်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒီလိုချိန်မျိုးမှာ အခုလို သွားရောက် လှူဒါန်းခွင့်ရတဲ့အတွက်အရမ်း ဝမ်းသာမိပါတယ်။Covid-19 ပပျောက်ရေး အတွက် ရှေ့တန်းက တိုက်ပွဲဝင်ပေးကြတဲ့ ဆရာဝန် ဆရာမများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဒီကပ်ရောဂါဘေး ကြီးလဲ အမြန်ဆုံးပပျောက်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။” ဆိုပြီး ပြောထားပါတယ်။
ပိုးကြာဖြူခင်ကတော့ သူမတတ်နိုင်သလောက်လေး အလှူအတန်းတွေ ပြုလုပ်သွားရင်း Covid-19 ကာလကြီးကို ကျော်ဖြတ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်ရဲ့ ကောင်းမှုလေးကို ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ပေးကြပါဦးနော်။


Zawgyi

ဆုိင္းမိုင္လို့ ပရိသတ္ေတြစတင္ သတိထားမိတဲ့ မင္းသမီးေခ်ာေလး ပိုးၾကာျဖဴခင္က တီဗီဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ရင္း အနုပညာေလာကထဲ ေရာက္ရိွလာသူတစ္ေယာက္ပါပဲ။ ရုပ္ရွင္ေခ်ာေမာသလို စိတ္ထားေလးလည္း နူးညံ့သိမ္ေမြ့တဲ့ ပုိးၾကာျဖဴခင္က အလွဴအတန္းေတြလည္း မၾကာခဏ ျပဳလုပ္ေလ့ရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီေန့မွာလည္း ပုိးၾကာျဖဴခင္က သန္လွ်င္အေထြေထြေရာဂါကုေဆး႐ုံႀကီး ရဲ႕ Covid-19 Isolation ward မွာ ဆရာဝန္ေတြအတြက္ လိုအပ္ေနတာေလးကို ေထာက္ပံ့လွဴဒါန္းေပးခဲ့ေၾကာင္း အခုလိုပဲ ေျပာျပထားပါတယ္။


“သန္လွ်င္အေထြေထြေရာဂါကုေဆး႐ုံႀကီး ရဲ႕ Covid-19 Isolation ward မွာ ဆရာဝန္ ဆရာမမ်ား PPE ဝတ္စုံ ဝတ္ဆင္ရာတြင္ safe side ျဖစ္ေစရန္ ၾကည့္မွန္လိုအပ္ေနတယ္လို႔ သိရလို႔ ဒီေန႔ညေန ခ်က္ခ်င္း သြားေရာက္လႉဒါန္းခဲ့ပါတယ္။ ဒီလိုခ်ိန္မ်ိဳးမွာ အခုလို သြားေရာက္ လႉဒါန္းခြင့္ရတဲ့အတြက္အရမ္း ဝမ္းသာမိပါတယ္။Covid-19 ပေပ်ာက္ေရး အတြက္ ေရွ႕တန္းက တိုက္ပြဲဝင္ေပးၾကတဲ့ ဆရာဝန္ ဆရာမမ်ား ေဘးအႏၲရာယ္ ကင္းရွင္းၿပီး ဒီကပ္ေရာဂါေဘး ႀကီးလဲ အျမန္ဆုံးပေပ်ာက္သြားပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ရွင္။” ဆိုျပီး ေျပာထားပါတယ္။


ပိုးၾကာျဖဴခင္ကေတာ့ သူမတတ္နိုင္သေလာက္ေလး အလွဴအတန္းေတြ ျပဳလုပ္သြားရင္း Covid-19 ကာလၾကီးကို ေက်ာ္ျဖတ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပုိးၾကာျဖဴခင္ရဲ့ ေကာင္းမႈေလးကို ဝမ္းေျမာက္စြာနဲ့ သာဓုေခၚေပးၾကပါဦးေနာ္။


Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections

Post a Comment

Previous Post Next Post