သီတဂူဆရာတော်ကြီးသည် ၁၁-၄-၂၀၂၀ နံနက် ၉:၀၀ နာရီအချိန် သီတဂူဝိပဿနာအကယ်ဒမီ (စစ်ကိုင်း) တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့သို့ PPE ဝတ်စုံ-၁၀၀၀ လှူဒါန်းခဲ့ရာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများက လာရောက်လက်ခံရယူပါသည်။


Covid-19 အတွက် PPE တစ်ယောက်/တစ်စုံ မှာ

၁။ PPE ဝတ်စုံ

၂။ မျက်မှန်

၃။ နှာခေါင်းစည်း Mask

၄။ လက်အိတ် တစ်စုံ ပါဝင်ပါမည်။


PPE ဝတ်စုံအားလုံးသည် irradiation နှင့် ပိုးသတ်ထားပြီး seal packaging လုပ်ထားပါသည်။ စတင် အသုံးပြုမည့်အချိန် ဆေးရုံအခန်းတွင်းမှာ ဖေါက်ဖို့ ညွှန်ကြားထားကြောင်း သိရှိရသည်။
PPE တစ်စုံ တန်ဖိုးမှာ $26.15 ကျသင့်ပါသည်။ ကနဦးရောက်ရှိသော ဝတ်စုံ-၁၁၀၀ ကို ရန်ကုန်မြို့ နာရေးကူညီမှုအသင်း FFSS ၏ “သုခကုသိုလ်ဖြစ်ဆေးခန်း” သို့ – ၁၀၀ စုံ၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ အစုံ-၁၀၀၀ လှူဒါန်းပေးအပ်ခဲ့ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။


သီတဂူသာသနာပြုအဖွဲ့

Credit : သီတဂူသတင်း

Unicode












Post a Comment

Previous Post Next Post