ဒီရောဂါနဲ့ပတ်သတ်ပြီး UK နဲ့ မြန်မာပြည် အကြောင်းလေးယှဉ်ပြောချင်တယ်။ ကို့ကိုဘယ်နိုင်ငံပိုချစ်သလဲဆို ကိုမွေးခဲ့ပြီး အခြေခံပညာတွေသင်ပေးလိုက်တဲ့မြန်မာနိုင်ငံကိုပိုချစ်တယ် ကို့ကိုနေခွင့်ပေးထားပြီး အဆင့်မြင့်ပညာတွေသင်ပေးလိုက်တဲ့ UK ကတော့ကိုယ့်ကျေးဇူးရှင်နိုင်ငံ မြန်မာနိုင်ငံက အဘက်ဘက်ကမပြည့်စုံပြီးဆင်းရဲတဲ့နိုင်ငံမို့ သနားတယ်… သဘာဝဘေးအန္တရာယ်တို့ ဒီလိုကပ်ရောဂါတို့ကြုံတိုင်း ကိုယ်တတ်နိုင်သလောက်လှုဖြစ်တယ်…

UK ကတော့ချမ်းသာတဲ့နိုင်ငံမို့ အိမ်ရာမဲ့တွေ လမ်းမှာသီချင်းဆိုတောင်းနေတဲ့လူတွေကလွဲရင် သိပ်မလှူဖြစ်ဘူး ဆင့်ပါးစပ်နှမ်းပက်တာ ဘာမှမထူးပါဘူးလေဆိုပြီးတော့….ဒါပေမဲ့ ကိုယ့်ပညာနဲ့တဘက်တလမ်းက ကူညီနိုင်မဲ့ volunteers အလုပ်မျိုးဆိုရင်တော့ တတ်နိုင်သလောက်ကူညီပေးတယ်။ UK မှာခုရောဂါတွေဖြစ်တော့ ကူးသူရာဂဏန်း သေသူဆယ်ဂဏန်းလောက်ထိ ဒီမှာဘာမှမကြေငြာသေးဘူး ကျောင်းတွေလဲဖွင့်ဆဲ Italy တို့ France တို့ကအရင် lock down လုပ်နေပြီ… ကိုအဲ့အချိန်တုန်းကဖြစ်စေချင်တာက တခြားဟာတွေထား ကလေးတွေကျောင်းတွေကိုပိတ်စေချင်တာ ဒီမှာမိဘကကိုယ့်သားသမီးကို safe မဖြစ်လို့ကို့သဘောနဲ့ကို ကျောင်းမတက်ခိုင်းလို့မရဘူး မတက်ခိုင်းရင် မိဘကိုကျောင်းကတရားစွဲတယ်

ကျောင်းပျက်ဖို့ဆိုတာကဒီမှာတော်တော်ခက်ခဲတဲ့ကိစ္စ…. နောက်ပြီးတော့ ပြည်ပကလာတဲ့သူတွေကို လုံးဝ quarantines မလုပ်တဲ့အပြင် temperature တောင်မတိုင်းဘူးကြားတယ် ခုချိန်ထိပဲ…. အဲ့တော့ ရောဂါသယ်လာတဲ့လူတွေ ဒီအတိုင်းလမ်းမှာသွားလာနေကြတာလူကောင်းတွေနဲ့ရောပြီးတော့…. နောက်တော့ ကူးသူ ထောင်ဂဏန်း သေသူရာဂဏန်းလောက်မှာ သူများနိုင်ငံတွေထက် ၁-၂ ပတ်နောက်ကျပြီးမှlock down လုပ်တယ် ဒါပေမဲ့ serious lock down မဟုတ်ဘူး စားသောက်ဆိုင်တွေပိတ်တယ် ဒါပေမဲ့ take away ဖွင့်တယ် delivery service တွေဖွင့်တယ် လေ့ကျင့်ခန်းလုပ်ဖို့ထွက်လို့ရတယ် supermarkets တွေ key workersသားသမီးတွေအတွက် ကျောင်းဖွင့်တော့ အဲ့မှာလုပ်တဲ့ ဆရာဆရာမတွေ အလုပ်သွားရတယ် pharmacy တွေဖွင့်တယ် အလုပ်လုပ်နေသေးတဲ့လူတွေအလုပ်သွားအလုပ်ပြန်လုပ်လို့ရတယ် အဲ့တော့ public transports တွေလဲရှိတုန်းပဲ အစိုးရက မဖြစ်မနေမှအလုပ်လုပ်သွားပါလို့ပြောပေမဲ့ လုံးဝမသွားရဘူး တခြားnon essential retail shops တွေ လုံးဝပိတ်ရမယ်လို့မကြေငြာဘူး… ဒါပေမဲ့ ဒီကပ်ရောဂါကြောင့် affected ဖြစ်သွားတဲ့အလုပ်သမားတွေကို လစာရဲ့ ၈၀% ပေးမယ်လို့ကြေငြာတယ် ဒါပေမဲ့ claim form တွေမထွက်သေးတဲ့အတွက် ဘယ်သူမှသေချာမသိဘူး ဘယ်လိုပေးမလဲဆိုတာ…. ဒီကပ်ရောဂါအတွင်း ခုနက အလုပ်လုပ်နေရသေးတဲ့လူတွေ ကိုသိသလောက် အဲ့ ၈၀% ရမဲ့ထဲမှာမပါဘူး အခု UK မှာ infected ဖြစ်တာ 41903 ယောက် သေတာ 4313 ယောက် တနေ့ကဲသေတဲ့လူ တရက်ထဲကို 680 ကျော် မနေ့ကတရက်ထဲကို 700 ကျော်သေတယ်…. ခုချိန်ထိ proper lock down မလုပ်သေးဘူး ခုနက၈၀% ထဲမပါတဲ့လူတွေ သူတို့အိမ်လခတွေရှိတယ် bill တွေရှိတယ်

ကိုယ့်သဘောနဲ့ကိုအလုပ်နားရင် ဘာဝင်ငွေမှမရဘူး( အစိုးရဆီက benefit စားရတာပဲလို့အလွယ်ပြောလို့ရပေမဲ့ တချို့ တွေတရားဝင်နေနေတာမဟုတ်ဘူး) ချမ်းသာတဲ့နိုင်ငံဆိုပေမဲ့ အလုပ်တွေပိတ်ရင် အဲ့လူတွေလဲ affect ဖြစ်တာပဲ မြန်မာပြည်ကတနေ့လုပ်တနေ့စားနဲ့ဘာမှမကွာဘူး… အဲ့တော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတဲ့လူတွေ ခုချိန်ထိသေရေးကိုမတွေးနိုင်ပဲ အလုပ်လုပ်နေရတုန်း…. ( အလုပ်လုပ်နေသူအကုန်လုံးကိုပြောတာမဟုတ်ပါဘူးနော် အဲ့လိုလူတွေကိုပဲပြောတာပါ)….. ဖြစ်စေချင်တာက essential ကလွဲရင်အကုန်ပိတ် affect ဖြစ်တဲ့လူအကုန်လုံးကို ညီညီမျှမျှပေး… အဲ့တာဆိုဘယ်လောက်ကောင်းလိမ့်မလဲ အစိုးရလဲတတ်နိုင်နေတာ… ပြီးတော့ဒီမှာ ကိုယ်နေမကောင်းလို့ covid 19 symptoms ပြရင် ကိုယ့်အိမ်မှာ ကို့ဘာသာကိုယ် ၁ ပတ် self isolate လုပ် အဲ့အချိန်ထိဆေးနဲ့ပတ်သက်ပြီးဘာအကူအညီမှမပေးဘူး… အဲ့လိုလုပ်နေစဉ်အတွင်း အသက်ရှူ ရခက်လာပြီ
ကိုယ့်ဘာသာကိုမနိုင်တော့ဘူးဆိုမှ သူတို့ကိုဖုန်းဆက် အဲ့တာတောင် အဲ့ရောဂါကူးခံရတဲ့ကိုယ့်အသိတယောက်ပြောတာ ဖုန်းဆက်တော့ နင် sentence ဆုံးအောင်စကားပြောနိုင်သေးတယ် ငါတို့လာမခေါ်သေးဘူး စကား၂ ခွန်းလောက်ပဲဟနိုင်တော့မှပြန်ဖုန်းဆက်ပါတဲ့….မြန်မာပြည်မှာကျတော့ lock down မလုပ်သေးဘူးလား အစိုးရဘာလုပ်နေလဲ ပြောတဲ့သူနဲ့ quarantines အလုပ်မခံချင်လို့လိမ်ပြောတဲ့သူနဲ့ UK လိုနိုင်ငံကြီးတောင် lock down လုပ်ဖို့ကို နိုင်ငံစီးပွားရေးအရ တော်တော်စဉ်းစားပြီးမှ လုပ်တယ် နိုင်ငံ lock down လုပ်ဖို့ဆိုတာ အရင်ဆုံး အလုပ်လက်မဲ့ဖြစ်မဲ့လူတွေရဲ့ နေရေးစားရေးကို ဖြေရှင်းပေးပြီးမှလုပ်လို့ရမယ် ဒီအတိုင်း lock down လုပ်လို့ကတော့ India လို fail ဖြစ်မှာပဲ….. အခု Myanmar အစိုးရက သူတတ်နိုင်တဲ့ သူ budget နဲနဲလေးနဲ့ quarantines ထားပေးတယ် နေစားရိတ်စားစရိတ်ပူစရာမလိုအောင် ဒါUK မှာလုံးဝမလုပ်ခဲ့ဘူးနော်…. ပြီးတော့ ရောဂါကူးခံရတဲ့လူနေခဲ့တဲ့ ပတ်ဝန်းကျင်ကို lock down ချတယ် ဒါလဲဒီမှာမလုပ်ဘူး…. ပြောရရင် မြန်မာပြည်လုပ်ပုံကပိုစနစ်ကျတယ် အရေးကြုံလာရင် အစိုးရက ပိုက်ဆံကိုမကြည့်ဘူး

ပြည်သူကိုကြည့်တယ်ဆိုတာထင်ရှားတယ်…. ဒါအခု ကူးစက်ခံရသူ ၁ ယောက် ၂ ယောက်စထဲကစလုပ်တာ သေသူမရှိသေးဘူး UK မှာအဲ့လိုအရေအတွက်လောက်တွေ့တုန်းကဆို အိပ်လို့ကောင်းတုန်း….အဲ့လိုနေဖို့ပြောတာမဟုတ်ဘူး အဲ့လိုနေလို့ ဒီလိုတွေဖြစ်တာ ဒါပေမဲ့ နိုင်ငံ lock down လုပ်ဖို့ကိစ္စဆိုတ မြန်မာနိုင်ငံမပြောနဲ့ နိုင်ငံကြီးတွေတောင်တော်တော် စဉ်းစားရတဲ့ကိစ္စ…. ဒီမှာကျန်းမာရေးအတွက် NHS က free အဲ့လို free ရဖို့အတွက် ကိုယ့်ဝင်ငွေထဲက ပေးထားရတဲ့ tax ဆိုတာ နဲနဲနောနောမှမဟုတ်တာ ကိုယ်ပေးရတဲ့ tax ကိုမကြည့်ချင်ဘူး ကြည့်ရင် ငိုချင်လွန်းလို့…. မြန်မာပြည်မှာ ဒီရောဂါကြောင့် ဆေး ကုသခံရရင် စောင့်ကြည့်ခံရရင် free… ဒီလိုပြောရတာ တနေရာထဲမှာနေပြီး တခြားနိုင်ငံတွေမှာဘာတွေလုပ်ပေးလဲ ဘာတွေမလုပ်ပေးဘူးလဲ မသိပဲ ကိုယ်ဖြစ်ချင်တာတွေချည်းထိုင်ပြောနေတဲ့သူတွေသိဖို့ရယ် ပြီးတော့ ကိုယ့်နိုင်ငံအစိုးရရဲ့ budget ရယ် သူများနိုင်ငံအစိုးရရဲ့ budget ရယ်ကိုယှဉ်ပြီး ချင့်ချိန်နိုင်ဖို့ရယ် သူများတွေသူတို့နိုင်ငံအတွက် ပေးထားတဲ့ tax တွေကြောင့်ပြန်ရတဲ့ facilities နဲ့ ကိုယ် ကိုယ့်နိုင်ငံအတွက်ဘာတွေလုပ်ပေးထားဘူးလဲ tax ဘယ်လောက်ပေးထားပြီးပြီလဲ ဆိုတာတွေနဲ့ ယှဉ်ကြည့်ပြီး ကိုယ့်မြန်မာပြည်အစိုးရပြည်သူတွေအတွက်ပြန်လုပ်ပေးတာတွေကို ဆင်ခြင်သုံးသပ်နိုင်အောင်ရေးရင်း နိဂုံးချုပ်ချင်ပါတယ်…

ခရက်ဒစ် – Ma Myo Thida Lwin (from UK)

Post a Comment

Previous Post Next Post