“ထိုင်ဝမ်နိုင်ငံရဲ့ ချီကျူးဖွယ်ရာ Covid-19 ထိန်းချုပ်ပုံနှင့် အတုယူစရာ သင်ခန်းစာများ”

ထိုင်ဝမ်နိုင်ငံဟာ COVID-19 ကို January 21 ကတည်းက အစောဆုံးလူနာစတွေ့ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေ့မယ့် ယနေ့အထိ စုစုပေါင်း လူ 382 ယောက်နဲ့ ချီးကျုးရလောက်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ထိုင်ဝမ်ဘယ်လိုထိန်းချုပ်ခဲ့သလဲ အားလုံးသိရအောင် မျှဝေပေးလိုက်ပါတယ်။

(၁) ထိုင်ဝမ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ချီးကျုးရလောက်အောင် လက်မြန်ခြင်း။

2019 December မှာ ဝူဟန့်မှာ ရောဂါတစ်မျိုးစကူးစက်တယ်ကြားတာနဲ့ ထိုင်ဝမ်က ကျန်းမာရေးအဖွဲ့က သွားလေ့လာပါတယ်။

တရုတ်က လူနာတွေကို တွေ့ခွင့်မပေးတာနဲ့ ဝူဟန့်ရဲ့အခြေအနေကို လေ့လာခဲ့အပြီးမှာ ထိုင်ဝမ်ဟာ SARS ကိုပြန်သတိရပြီး ဒီကိစ္စကို အသေအချာ လက်မြန်ခြေမြန်ကိုင်တွယ်ပါတယ်။

December 31 မှာ ထိုင်ဝမ်ရဲ့ ကူးစက်ရောဂါထိမ်းချုပ်ရေးဌာန CDC က ဝူဟန့်က လာတဲ့ ခရီးသည်အားလုံးကို လေယာဉ်ပေါ်ကမဆင်းခင် ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးပါတယ်။
January 5 ရက်နေ့ကတည်းက ဝူဟန့်ကို လွန်ခဲ့တဲ့ 14 ရက်အတွင်းသွားခဲ့သူတွေကို စတင်စောင့်ကြည့်ပါတော့တယ်။ အဲ့ဒီ့လူတွေကို SARS နဲ့ MERS အပါအဝင် Pathogen 26 မျိုး Positive ဖြစ်မဖြစ်စစ်ဆေးပါတယ်။

(၂) ပြည်သူလူထုရဲ့တာဝန်သိတတ်ခြင်း။

January 21 မှာ ထိုင်ဝမ်က အသက် 50 အရွယ် ဆရာမတစ်ယောက်ဟာ ဝူဟန်ကနေပြန်လာခဲ့ပါတယ်။ သူမဟာ Taoyuan လေဆိပ်ရောက်ရောက်ခြင်း သူမရဲ့အသိစိတ်ဓာတ်နဲ့ ပြည်ဝင်ခွင့် လဝကကို မဖြတ်ခင်မှာ အစိုးရကို အသိပေးခဲ့ပါတယ်။ ထိုင်ဝမ်အဝင် လဝက တံဆိပ်တုံးတောင်မနှိပ်ရသေးခင် ဆေးရုံကို တန်းပို့ပါတယ်။

(၃) ထိုင်ဝမ်ဝန်ကြီးဌာနများရဲ့ အင်တိုက်အားတိုက်ကြိုးပမ်းမှု။

January 23 က စပြီး Central Epidemic Situation Command Center ကနေ နေ့စဉ် သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျန်အစိုးရဝန်ကြီးဌာနအသီးသီး၊ ပြီးတော့ မီဒီယာတွေနဲ့ ပူးပေါင်းပြီး Epidemic Prevention For Dummies ကို လူပိန်းတောင်နားလည်အောင် သင်ပေးပါတယ်။

လူမှုအဖွဲ့အစည်းတွေ၊ Volunteer တွေနဲ့ပူးပေါင်းပြီး “Social Safety Net” ကို စပြီး လက်လုပ်လက်စားလူတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို သိအောင်လုပ်တယ်။

ကမ္ဘာမှာ အခြေအနေဆိုးလာတာနဲ့ တိုင်းဒေသကြီးအစိုးရတွေက Company တွေနဲ့ပူးပေါင်းပြီး “Quarantine Relief” အနေနဲ့ ဟော်တယ်တွေမှာ ပြင်ဆင်တယ်။

တိုင်းဒေသကြီးအစိုးရတွေကပဲ ကပ်ရောဂါကာကွယ်ရေးရန်ပုံငွေကို ထူထောင်ကြပြီး ထိခိုက်နစ်နာမယ့် သူတွေကို ကူညီရေးတွေပြင်ဆင်ကြတယ်။
(၄) ထိုင်ဝမ်ပြန်ကြားရေးရဲ့ မီဒီယာများနဲ့ ပူးပေါင်းပြီး ပြည်သူကို စောစောစီးစီးအသိပေးမှု။

အစိုးရက ထိုင်ဝမ်မှာလူသုံးများတဲ့ LINE (မြန်မာမှာဆို viber, messenger ပေါ့) နဲ့ချိတ်ဆက်ပြီး free stickers တွေလုပ်တယ်။ လူတွေက အစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့ အကောင့်ကိုဝင်ကြည့်ရင် free sticker တွေရတယ်။

အစိုးရက mask maps တို့ epidemic prevention maps တို့ နဲ့ ပြည်သူတွေ သတင်းတွေမပြတ်ရအောင် မြေပုံတွေလုပ်တယ်။

ပြည်သူတွေက ထိုင်ဝမ်ရဲ့ ဆေးဆိုင် 6000 ရဲ့နေရာနဲ့ mask နဲ့ ဆေးပစ္စည်းဝယ်ယူရနိုင်မှု အခြေအနေကို မပြတ်တင်ပေးပါတယ်။ ပုဂ္ဂလိက သတင်းဌာနတွေနဲ့ ပူးပေါင်းပြီး လက်ဆေးဖို့နဲ့ mask ဝတ်ကြဖို့ အခြေခံပညာပေးတွေ မပြတ်ထုတ်လွှင့်ပေးတယ်။

ထိုင်ဝမ်ရဲ့ CDC ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အချိန်နဲ့အမျှ သတင်းကို တင်ပေးနေတယ်။ အဲ့ဒီလို သတင်းတွေလည်းမပြတ်ရ၊ အစိုးရကိုလည်းယုံကြည်စိတ်ချရတော့ ပြည်သူတွေအကြား ကူးစက်ရောဂါကာကွယ်ရေး အသိပညာပိုရလာတယ်။ မသေချာမရေရာမှုကြောင့်ဖြစ်လာတဲ့ အကြောက်တရားလျော့ကျသွားတယ်။

(၅) ပြည်သူတို့ရဲ့ကျင့်ဝတ်နဲ့ Life Styles ပြောင်းမှု။

ကျနော်ထိုင်ဝမ်မှာသတိထားမိတာက လူတွေ mask အဝတ်များတယ်။ မော်တော်ဆိုင်ကယ်အစီးများလို့လည်း ဖြစ်နိုင်တယ်။ ဒါကသူတို့ရဲ့ life style. ဒါပေမယ့် mask တွေတကယ်လိုလာတော့ အစိုးရက mask, လက်ဆေးရည်နဲ့ ဆေးပစ္စည်းတွေကို ရာရှင်စနစ်နဲ့ ရောင်းပေးရတယ်။
အစိုးရက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးဖို့ ပြောလာတဲ့အခါမှာ ထိုင်ဝမ်မှာ mask တပ်နေတာ အကျင့်ပါနေတဲ့ နိုင်ငံသားတွေက “I am OK, you take mask first” ကမ်ပိန်းတွေလုပ်လာကြတယ်။ mask ကို လိုအပ်တဲ့သူကိုပေးတာ၊ social distancing လုပ်တာ၊ self-quarantine လုပ်တာတွေနဲ့ life style ပြောင်းလိုက်ကြတယ်။

(၆) ပြည်သူလူထုအားသတင်းအမှန်ကို မပြတ်တင်ပေးနိုင်မှု။

အစိုးရပြန်ကြားရေးက ဦးဆောင်ပြီး Taiwan FactCheck Center ကို ဖွဲ့စည်းပြီး Meme Engineering Team ကို ထူထောင်ပါတယ်။ အကယ်၍များ သတင်းအမှားနဲ့ လုပ်ကြံသတင်းတစ်ခု online ပေါ်တွေ့တာနဲ့ အဲ့ဒီ Team က (6 မိနစ်အတွင်း) မှန်လားမှားလား တင်ပေးပြီးပြီ။ လက်သွက်ချက်။

အဲ့ဒီလို သတင်းအမှန်တင်ပေးနိုင်လို့ ပြည်သူအတော်များများရဲ့ မလိုအပ်တဲ့ပူပင်သောကကို လျော့ချနိုင်ခဲ့တယ်။ အခုကျနော့်ကို ဒီသတင်းမှန်လားလို့ လာလာမေးလို့ ကျနော်ပြန်ဖြေပေးနေရတာမျိုး မလိုတော့ဘူး။

(၇) Mask ရဲ့အရေးပါပုံကို အစောကြီးကတည်းက သိရှိပြီး Mask အတွက် စီမံချက်ချလုပ်ဆောင်ပါတယ်။

အစိုးရရုံးဝန်ကြီး Audrey Tang ဟာ mask supply နဲ့ demand platform လုပ်ပါတယ်။ ဒါမှ တိုင်းပြည်ရဲ့ mask လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မှုကို ရှင်းရှင်းလင်းလင်း ပြည်သူတွေသိမှာ ဖြစ်ပါတယ်။

February 6 မှာပဲ ပေါ်လစီချပြီး ဖုံးအပလီကေးရှင်းတွေ၊ website တွေနဲ့ ပြည်သူဝင်ကြည့်လို့ရအောင် လုပ်ပါတယ်။ ပြီးတော့ mask export ကို January 21 ကတည်းက ပိတ်ပင်လိုက်ပြီး ပြည်တွင်းမှာ တိုးထုတ်ပါတယ်။

နောက်ဆုံးသင်ခန်းစာကတော့…

COVID-19 ကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ အစိုးရနဲ့ ပြည်သူ အတူပူးပေါင်းနိုင်မှ ရပါမယ်တဲ့။

2015 တုန်းက အမေရိကန်သမ္မတဟောင်း အိုဘားမား ပြောခဲ့သလိုပါပဲ “Let’s not forget, freedom is more powerful than fear. Let’s not forget, understanding and mutual assistance are more powerful than fear.” တဲ့။

“နားလည်မှုရှိခြင်းနဲ့ လက်တွဲကူခြင်းဟာ အကြောက်တရားကို လွှမ်းမိုးအနိုင်ယူသွားတာပါပဲ။”

အကယ်၍ တိုင်းပြည်တစ်ခုဟာ နိုင်ငံရေးပါတီတွေအကြားနဲ့လူမျိုးစုတွေအကြားအတားအဆီးတွေကိုဖယ်ရှားနိုင်ပြီး.. ကူးစက်ကပ်ရောဂါကာကွယ်ရေးကို အချိန်နဲ့တပြေးညီတက်ကြွစွာ ကာကွယ်လုပ်ဆောင်နိုင်ခဲ့ရင် “ဒါဟာ အကောင်းဆုံးကာကွယ်တားဆီးနိုင်ခြင်းပါပဲ” တဲ့။

Richard Myo Thant

Zawgyi

“ထိုင္ဝမ္ႏိုင္ငံရဲ႕ ခ်ီက်ဴးဖြယ္ရာ Covid-19 ထိန္းခ်ဳပ္ပံုႏွင့္ အတုယူစရာ သင္ခန္းစာမ်ား”

ထိုင္ဝမ္ႏိုင္ငံဟာ COVID-19 ကို January 21 ကတည္းက အေစာဆုံးလူနာစေတြ႕ခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေပ့မယ့္ ယေန႔အထိ စုစုေပါင္း လူ 382 ေယာက္နဲ႔ ခ်ီးက်ဳးရေလာက္ေအာင္ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ထိုင္ဝမ္ဘယ္လိုထိန္းခ်ဳပ္ခဲ့သလဲ အားလုံးသိရေအာင္ မွ်ေဝေပးလိုက္ပါတယ္။

(၁) ထိုင္ဝမ္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ခ်ီးက်ဳးရေလာက္ေအာင္ လက္ျမန္ျခင္း။

2019 December မွာ ဝူဟန႔္မွာ ေရာဂါတစ္မ်ိဳးစကူးစက္တယ္ၾကားတာနဲ႔ ထိုင္ဝမ္က က်န္းမာေရးအဖြဲ႕က သြားေလ့လာပါတယ္။

တ႐ုတ္က လူနာေတြကို ေတြ႕ခြင့္မေပးတာနဲ႔ ဝူဟန႔္ရဲ႕အေျခအေနကို ေလ့လာခဲ့အၿပီးမွာ ထိုင္ဝမ္ဟာ SARS ကိုျပန္သတိရၿပီး ဒီကိစၥကို အေသအခ်ာ လက္ျမန္ေျချမန္ကိုင္တြယ္ပါတယ္။

December 31 မွာ ထိုင္ဝမ္ရဲ႕ ကူးစက္ေရာဂါထိမ္းခ်ဳပ္ေရးဌာန CDC က ဝူဟန႔္က လာတဲ့ ခရီးသည္အားလုံးကို ေလယာဥ္ေပၚကမဆင္းခင္ က်န္းမာေရးဝန္ထမ္းေတြက စစ္ေဆးပါတယ္။



January 5 ရက္ေန႔ကတည္းက ဝူဟန႔္ကို လြန္ခဲ့တဲ့ 14 ရက္အတြင္းသြားခဲ့သူေတြကို စတင္ေစာင့္ၾကည့္ပါေတာ့တယ္။ အဲ့ဒီ့လူေတြကို SARS နဲ႔ MERS အပါအဝင္ Pathogen 26 မ်ိဳး Positive ျဖစ္မျဖစ္စစ္ေဆးပါတယ္။

(၂) ျပည္သူလူထုရဲ႕တာဝန္သိတတ္ျခင္း။

January 21 မွာ ထိုင္ဝမ္က အသက္ 50 အ႐ြယ္ ဆရာမတစ္ေယာက္ဟာ ဝူဟန္ကေနျပန္လာခဲ့ပါတယ္။ သူမဟာ Taoyuan ေလဆိပ္ေရာက္ေရာက္ျခင္း သူမရဲ႕အသိစိတ္ဓာတ္နဲ႔ ျပည္ဝင္ခြင့္ လဝကကို မျဖတ္ခင္မွာ အစိုးရကို အသိေပးခဲ့ပါတယ္။ ထိုင္ဝမ္အဝင္ လဝက တံဆိပ္တုံးေတာင္မႏွိပ္ရေသးခင္ ေဆး႐ုံကို တန္းပို႔ပါတယ္။

(၃) ထိုင္ဝမ္ဝန္ႀကီးဌာနမ်ားရဲ႕ အင္တိုက္အားတိုက္ႀကိဳးပမ္းမႈ။

January 23 က စၿပီး Central Epidemic Situation Command Center ကေန ေန႔စဥ္ သတင္းစာရွင္းလင္းပြဲ လုပ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနနဲ႔ က်န္အစိုးရဝန္ႀကီးဌာနအသီးသီး၊ ၿပီးေတာ့ မီဒီယာေတြနဲ႔ ပူးေပါင္းၿပီး Epidemic Prevention For Dummies ကို လူပိန္းေတာင္နားလည္ေအာင္ သင္ေပးပါတယ္။

လူမႈအဖြဲ႕အစည္းေတြ၊ Volunteer ေတြနဲ႔ပူးေပါင္းၿပီး “Social Safety Net” ကို စၿပီး လက္လုပ္လက္စားလူေတြရဲ႕ ေန႔စဥ္လိုအပ္ခ်က္ကို သိေအာင္လုပ္တယ္။

ကမာၻမွာ အေျခအေနဆိုးလာတာနဲ႔ တိုင္းေဒသႀကီးအစိုးရေတြက Company ေတြနဲ႔ပူးေပါင္းၿပီး “Quarantine Relief” အေနနဲ႔ ေဟာ္တယ္ေတြမွာ ျပင္ဆင္တယ္။

တိုင္းေဒသႀကီးအစိုးရေတြကပဲ ကပ္ေရာဂါကာကြယ္ေရးရန္ပုံေငြကို ထူေထာင္ၾကၿပီး ထိခိုက္နစ္နာမယ့္ သူေတြကို ကူညီေရးေတြျပင္ဆင္ၾကတယ္။



(၄) ထိုင္ဝမ္ျပန္ၾကားေရးရဲ႕ မီဒီယာမ်ားနဲ႔ ပူးေပါင္းၿပီး ျပည္သူကို ေစာေစာစီးစီးအသိေပးမႈ။

​အစိုးရက ထိုင္ဝမ္မွာလူသုံးမ်ားတဲ့ LINE (ျမန္မာမွာဆို viber, messenger ေပါ့) နဲ႔ခ်ိတ္ဆက္ၿပီး free stickers ေတြလုပ္တယ္။ လူေတြက အစိုးရက်န္းမာေရးဝန္ႀကီးဌာနရဲ႕ အေကာင့္ကိုဝင္ၾကည့္ရင္ free sticker ေတြရတယ္။

အစိုးရက mask maps တို႔ epidemic prevention maps တို႔ နဲ႔ ျပည္သူေတြ သတင္းေတြမျပတ္ရေအာင္ ေျမပုံေတြလုပ္တယ္။

ျပည္သူေတြက ထိုင္ဝမ္ရဲ႕ ေဆးဆိုင္ 6000 ရဲ႕ေနရာနဲ႔ mask နဲ႔ ေဆးပစၥည္းဝယ္ယူရႏိုင္မႈ အေျခအေနကို မျပတ္တင္ေပးပါတယ္။ ပုဂၢလိက သတင္းဌာနေတြနဲ႔ ပူးေပါင္းၿပီး လက္ေဆးဖို႔နဲ႔ mask ဝတ္ၾကဖို႔ အေျခခံပညာေပးေတြ မျပတ္ထုတ္လႊင့္ေပးတယ္။

ထိုင္ဝမ္ရဲ႕ CDC ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာနက အခ်ိန္နဲ႔အမွ် သတင္းကို တင္ေပးေနတယ္။ အဲ့ဒီလို သတင္းေတြလည္းမျပတ္ရ၊ အစိုးရကိုလည္းယုံၾကည္စိတ္ခ်ရေတာ့ ျပည္သူေတြအၾကား ကူးစက္ေရာဂါကာကြယ္ေရး အသိပညာပိုရလာတယ္။ မေသခ်ာမေရရာမႈေၾကာင့္ျဖစ္လာတဲ့ အေၾကာက္တရားေလ်ာ့က်သြားတယ္။

(၅) ျပည္သူတို႔ရဲ႕က်င့္ဝတ္နဲ႔ Life Styles ေျပာင္းမႈ။

က်ေနာ္ထိုင္ဝမ္မွာသတိထားမိတာက လူေတြ mask အဝတ္မ်ားတယ္။ ေမာ္ေတာ္ဆိုင္ကယ္အစီးမ်ားလို႔လည္း ျဖစ္ႏိုင္တယ္။ ဒါကသူတို႔ရဲ႕ life style. ဒါေပမယ့္ mask ေတြတကယ္လိုလာေတာ့ အစိုးရက mask, လက္ေဆးရည္နဲ႔ ေဆးပစၥည္းေတြကို ရာရွင္စနစ္နဲ႔ ေရာင္းေပးရတယ္။



အစိုးရက က်န္းမာေရးဝန္ထမ္းေတြကို ဦးစားေပးဖို႔ ေျပာလာတဲ့အခါမွာ ထိုင္ဝမ္မွာ mask တပ္ေနတာ အက်င့္ပါေနတဲ့ ႏိုင္ငံသားေတြက “I am OK, you take mask first” ကမ္ပိန္းေတြလုပ္လာၾကတယ္။ mask ကို လိုအပ္တဲ့သူကိုေပးတာ၊ social distancing လုပ္တာ၊ self-quarantine လုပ္တာေတြနဲ႔ life style ေျပာင္းလိုက္ၾကတယ္။

(၆) ျပည္သူလူထုအားသတင္းအမွန္ကို မျပတ္တင္ေပးႏိုင္မႈ။

အစိုးရျပန္ၾကားေရးက ဦးေဆာင္ၿပီး Taiwan FactCheck Center ကို ဖြဲ႕စည္းၿပီး Meme Engineering Team ကို ထူေထာင္ပါတယ္။ အကယ္၍မ်ား သတင္းအမွားနဲ႔ လုပ္ႀကံသတင္းတစ္ခု online ေပၚေတြ႕တာနဲ႔ အဲ့ဒီ Team က (6 မိနစ္အတြင္း) မွန္လားမွားလား တင္ေပးၿပီးၿပီ။ လက္သြက္ခ်က္။

အဲ့ဒီလို သတင္းအမွန္တင္ေပးႏိုင္လို႔ ျပည္သူအေတာ္မ်ားမ်ားရဲ႕ မလိုအပ္တဲ့ပူပင္ေသာကကို ေလ်ာ့ခ်ႏိုင္ခဲ့တယ္။ အခုက်ေနာ့္ကို ဒီသတင္းမွန္လားလို႔ လာလာေမးလို႔ က်ေနာ္ျပန္ေျဖေပးေနရတာမ်ိဳး မလိုေတာ့ဘူး။

(၇) Mask ရဲ႕အေရးပါပုံကို အေစာႀကီးကတည္းက သိရွိၿပီး Mask အတြက္ စီမံခ်က္ခ်လုပ္ေဆာင္ပါတယ္။

အစိုးရ႐ုံးဝန္ႀကီး Audrey Tang ဟာ mask supply နဲ႔ demand platform လုပ္ပါတယ္။ ဒါမွ တိုင္းျပည္ရဲ႕ mask လိုအပ္ခ်က္နဲ႔ ျဖည့္ဆည္းႏိုင္မႈကို ရွင္းရွင္းလင္းလင္း ျပည္သူေတြသိမွာ ျဖစ္ပါတယ္။

February 6 မွာပဲ ေပၚလစီခ်ၿပီး ဖုံးအပလီေကးရွင္းေတြ၊ website ေတြနဲ႔ ျပည္သူဝင္ၾကည့္လို႔ရေအာင္ လုပ္ပါတယ္။ ၿပီးေတာ့ mask export ကို January 21 ကတည္းက ပိတ္ပင္လိုက္ၿပီး ျပည္တြင္းမွာ တိုးထုတ္ပါတယ္။

ေနာက္ဆုံးသင္ခန္းစာကေတာ့…

COVID-19 ကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ အစိုးရနဲ႔ ျပည္သူ အတူပူးေပါင္းႏိုင္မွ ရပါမယ္တဲ့။

2015 တုန္းက အေမရိကန္သမၼတေဟာင္း အိုဘားမား ေျပာခဲ့သလိုပါပဲ “Let’s not forget, freedom is more powerful than fear. Let’s not forget, understanding and mutual assistance are more powerful than fear.” တဲ့။

“နားလည္မႈရွိျခင္းနဲ႔ လက္တြဲကူျခင္းဟာ အေၾကာက္တရားကို လႊမ္းမိုးအႏိုင္ယူသြားတာပါပဲ။”

အကယ္၍ တိုင္းျပည္တစ္ခုဟာ ႏိုင္ငံေရးပါတီေတြအၾကားနဲ႔လူမ်ိဳးစုေတြအၾကားအတားအဆီးေတြကိုဖယ္ရွားႏိုင္ၿပီး.. ကူးစက္ကပ္ေရာဂါကာကြယ္ေရးကို အခ်ိန္နဲ႔တေျပးညီတက္ႂကြစြာ ကာကြယ္လုပ္ေဆာင္ႏိုင္ခဲ့ရင္ “ဒါဟာ အေကာင္းဆုံးကာကြယ္တားဆီးႏိုင္ျခင္းပါပဲ” တဲ့။

Richard Myo Thant

Post a Comment

Previous Post Next Post