အဆိုတော်မျိုးကြီး ဆိုပြီး သတင်းအမှားတွေ ထွက်ပေါ်လို့ နေတာပါ။ ဧပြီလ(၁၂) ရက်နေ့ နံနက်(၂)နာရီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Covid – 19 Positive လူနာတွေထဲမှာ အဆိုတော် မျိုးကြီး ပါသွားပြီလို့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သတင်းတွေ ပြန့်နေခဲ့တာပါ။


ဧပြီ(၁၂) ရက်နေ့ နံနက်(၂)နာရီက အင်းစိန်မြို့နယ်မှာ Covid – 19 Positive လူနာ(၇) ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။ အဲဒီသတင်းတွေထဲမှာ အင်းစိန်မြို့နယ်မှာ နေထိုင်သူ အသက်(၄၄)နှစ် အမျိုးသားဟာ အဆိုတော် တစ်ဦးဖြစ်‌ကြောင်း လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန့်နေခဲ့ပြီးနောက် အဲဒီအမျိူးသားဟာ အဆိုတော် မျိုးကြီး ဖြစ်တယ်လို့ သတင်းအမှားတွေ ပြန့်နေခဲ့တာ ဖြစ်ပါတယ်။ ထိုသတင်းကို ကြားပြီး မျိုးကြီးရဲ့ ပရိသတ်တွေ ၊အနုပညာလောကသားတွေ အားလုံးစိတ်ပူလို့ နေကြပါတယ်။
အဆိုပါ သတင်းတွေနဲ့ ပတ်သက်ပြီး အဆိုတော်မျိုးကြီးရဲ့ ဇနီးဖြစ်သူ လုံးလုံးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ပြန်လည် ရှင်းပြထားပါတယ်။
“Case 37 က ကိုမျိုးကြီးလုံးဝမဟုတ်ပါဘူး။စိတ်ပူပေးကြတာ ကျေးဇူးပါ။ God Bless You All” ဆိုပြီး ဧပြီ (၁၂) ရက်နေ့နေ့လည်‌လောက်က ရေးသားထားတာပါ။ လုံးလုံးရဲ့ ဖြေရှင်းချက်ဟာ စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် စိတ်အေးချမ်းသာ ရခဲ့ရပါတယ်။


လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၃၈ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၂၆ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်‌တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)တို့က တစ်ဦးစီ ဖြစ်ပါတယ်။


Zawgyi

အဆိုေတာ္မ်ိဳးႀကီး ဆိုၿပီး သတင္းအမွားေတြ ထြက္ေပၚလို႔ ေနတာပါ။ ဧၿပီလ(၁၂) ရက္ေန႔ နံနက္(၂)နာရီက က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ Covid – 19 Positive လူနာေတြထဲမွာ အဆိုေတာ္ မ်ိဳးႀကီး ပါသြားၿပီလို႔ လူမႈကြန္ယက္ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ သတင္းေတြ ျပန႔္ေနခဲ့တာပါ။


ဧၿပီ(၁၂) ရက္ေန႔ နံနက္(၂)နာရီက အင္းစိန္ၿမိဳ႕နယ္မွာ Covid – 19 Positive လူနာ(၇) ဦး ထပ္မံေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္လာပါတယ္။ အဲဒီသတင္းေတြထဲမွာ အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္သူ အသက္(၄၄)ႏွစ္ အမ်ိဳးသားဟာ အဆိုေတာ္ တစ္ဦးျဖစ္‌ေၾကာင္း လူမႈကြန္ယက္ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ျပန႔္ေနခဲ့ၿပီးေနာက္ အဲဒီအမ်ိဴးသားဟာ အဆိုေတာ္ မ်ိဳးႀကီး ျဖစ္တယ္လို႔ သတင္းအမွားေတြ ျပန႔္ေနခဲ့တာ ျဖစ္ပါတယ္။ ထိုသတင္းကို ၾကားၿပီး မ်ိဳးႀကီးရဲ႕ ပရိသတ္ေတြ ၊အႏုပညာေလာကသားေတြ အားလုံးစိတ္ပူလို႔ ေနၾကပါတယ္။
အဆိုပါ သတင္းေတြနဲ႔ ပတ္သက္ၿပီး အဆိုေတာ္မ်ိဳးႀကီးရဲ႕ ဇနီးျဖစ္သူ လုံးလုံးက သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ယခုလို ျပန္လည္ ရွင္းျပထားပါတယ္။
“Case 37 က ကိုမ်ိဳးႀကီးလုံးဝမဟုတ္ပါဘူး။စိတ္ပူေပးၾကတာ ေက်းဇူးပါ။ God Bless You All” ဆိုၿပီး ဧၿပီ (၁၂) ရက္ေန႔ေန႔လည္‌ေလာက္က ေရးသားထားတာပါ။ လုံးလုံးရဲ႕ ေျဖရွင္းခ်က္ဟာ စိတ္ပူေနၾကတဲ့ ပရိသတ္ေတြအတြက္ စိတ္ေအးခ်မ္းသာ ရခဲ့ရပါတယ္။


လက္ရွိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕လူနာ ၃၈ဦးထိ ရွိလာခဲ့ၿပီ ျဖစ္ၿပီး ရန္ကုန္က ၂၆ဦး၊ ပဲခူး(ေပါက္ေခါင္း)က ၄ဦး၊ခ်င္းျပည္နယ္က ၃ဦး၊ရွမ္းျပည္နယ္က ၂ဦး၊ေနျပည္‌ေတာ္၊မႏၲေလးနဲ႔မြန္(က်ိဳက္မ ေရာ)တို႔က တစ္ဦးစီ ျဖစ္ပါတယ္။


ဆယ္လီရပ္ကြက္

Post a Comment

Previous Post Next Post