တရားဟောဆရာ စောဒေးဗစ် (ခ) စောဒေးဗစ်လား အပါအဝင် ၄ ဦးအား သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှုဥပဒေအရအမှုဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

ဦးစောဒေးဗစ်(ခ) ဦးစောဒေးဗစ်လားမှာ COVID-19 ရောဂါပိုးတွေ့ရှိထားရတယ်လို့လည်း မရမ်းကုန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးမိုးစုကြည်က အတည်ပြုပြောကြားပါတယ်။
“ဦးစောဒေးဗစ်လားနဲ့ အဖွဲ့ကို တရားစွဲဆိုထားတာ ဟုတ်ပါတယ်။ အဓိကကတော့ ရောဂါဖြစ်ပွားနိုင်တဲ့ လူစုလူဝေး ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူတို့တွေဟာ COVID-19 Positive လူနာတွေ ဖြစ်တဲ့အတွက် ဆေးရုံမှာ အထူးကြပ်မတ်ကုသပေးနေပြီး တရားရင်ဆိုင်ရခြင်းတော့ မရှိသေးပါဘူး။” လို့ ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

ဦးစောဒေးဗစ်လားနဲ့အတူ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ နှစ်ဦးကိုလည်း အလားတူ ပုဒ်မမျိုးဖြင့် အင်းစိန်မြို့မရဲစခန်းမှာ အမှုအအမှတ်(ပ)(၇၀၆/၂၀၂၀/၂၀၁၃)နဲ့ တရားစွဲဆိုထားသေးတယ်လို့သိရပါတယ်။ သူတို့လေးယောက်လုံးကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ အမှုဖွင့်ထားတာလို့ သိရပါတယ်။
အဲဒီဥပဒေပုဒ်မ(၂၅)ဟာ ဘယ်သူမဆို ဆန်းစစ်ချက်မလုပ်ဘဲ ပေါ့ပေါ့ဆဆဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်တာကို သိသိနဲ့တမင်ပြုလုပ်တာကြောင့် ဖြစ်စေ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်ရင် ဒါမှမဟုတ် ဖြစ်ပေါ်စေဖို့ အကြောင်းရှိရင် (၃)နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ် ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။
အဲဒီ အခမ်းအနား(၂)ခုကြောင့် ကိုဗစ်လူနာအနည်းဆုံး (၆)ယောက်ထက်မနည်းရှိခဲ့သလို အနည်းဆုံးနေရာ(၅)ခုထက်မနည်းကိုလည်း Lockdown ပြုလုပ်ထားရပါတယ်။

Zawgyi

တရားေဟာဆရာ ေစာေဒးဗစ္ (ခ) ေစာေဒးဗစ္လား အပါအ၀င္ ၄ ဦးအား သဘာ၀ေဘးအႏၱရာယ္ စီမံခန္႕ ခြဲမႈဥပေဒအရအမႈဖြင့္လွစ္ထားေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႕ ျပန္ေရးေကာ္မတီက သတင္းထုတ္ျပန္ခဲ့သည္။

ဦးေစာေဒးဗစ္(ခ) ဦးေစာေဒးဗစ္လားမွာ COVID-19 ေရာဂါပိုးေတြ႕ရွိထားရတယ္လို႔လည္း မရမ္းကုန္းၿမိဳ႕နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚစိုးမိုးစုၾကည္က အတည္ျပဳေျပာၾကားပါတယ္။



“ဦးေစာေဒးဗစ္လားနဲ႔ အဖြဲ႕ကို တရားစြဲဆိုထားတာ ဟုတ္ပါတယ္။ အဓိကကေတာ့ ေရာဂါျဖစ္ပြားႏိုင္တဲ့ လူစုလူေဝး ျပဳလုပ္ခဲ့လို႔ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ သူတို႔ေတြဟာ COVID-19 Positive လူနာေတြ ျဖစ္တဲ့အတြက္ ေဆး႐ုံမွာ အထူးၾကပ္မတ္ကုသေပးေနၿပီး တရားရင္ဆိုင္ရျခင္းေတာ့ မရွိေသးပါဘူး။” လို႔ ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

ဦးေစာေဒးဗစ္လားနဲ႔အတူ သင္းအုပ္ဆရာ ဦးေစာကြယ္ဝါးနဲ႔ အမႈေတာ္ေဆာင္ ဦးေစာေရဂန္ဒီတို႔ ႏွစ္ဦးကိုလည္း အလားတူ ပုဒ္မမ်ိဳးျဖင့္ အင္းစိန္ၿမိဳ႕မရဲစခန္းမွာ အမႈအအမွတ္(ပ)(၇၀၆/၂၀၂၀/၂၀၁၃)နဲ႔ တရားစြဲဆိုထားေသးတယ္လို႔သိရပါတယ္။ သူတို႔ေလးေယာက္လုံးကိုေတာ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ(၂၅)နဲ႔ အမႈဖြင့္ထားတာလို႔ သိရပါတယ္။



အဲဒီဥပေဒပုဒ္မ(၂၅)ဟာ ဘယ္သူမဆို ဆန္းစစ္ခ်က္မလုပ္ဘဲ ေပါ့ေပါ့ဆဆေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ေစ၊ ေဘးအႏၲရာယ္တစ္စုံတစ္ရာ က်ေရာက္ႏိုင္တာကို သိသိနဲ႔တမင္ျပဳလုပ္တာေၾကာင့္ ျဖစ္ေစ သဘာဝ ေဘးအႏၲရာယ္ျဖစ္ေပၚရင္ ဒါမွမဟုတ္ ျဖစ္ေပၚေစဖို႔ အေၾကာင္းရွိရင္ (၃)ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္လို႔ျပဌာန္းထားပါတယ္။



အဲဒီ အခမ္းအနား(၂)ခုေၾကာင့္ ကိုဗစ္လူနာအနည္းဆုံး (၆)ေယာက္ထက္မနည္းရွိခဲ့သလို အနည္းဆုံးေနရာ(၅)ခုထက္မနည္းကိုလည္း Lockdown ျပဳလုပ္ထားရပါတယ္။

Post a Comment

Previous Post Next Post