ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း ရှိ မရှိ တစ်ရက်အတွင်း လူနာ ၁၄၀၀ ခန့်စစ်ဆေးနိုင်မည့်စက် ၂၄ နာရီအတွင်းရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

ထိုစက် ယခုလ ၁၆ ရက်ကရောက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း စက်ကြီးမားမှုကြောင့်လေယာဉ်သုံးစီးဖြင့်အစိတ်အပိုင်းများခွဲသယ်ဆောင်ရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ယနေ့ ဘန်ကောက်မှတဆင့် ရန်ကုန်သို့ပေ ၄၀ ကွန်တိန်နာသုံးလုံးဖြင့်မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးကပြောသည်။

” ဘန်ကောက်နဲ့ ရန်ကုန်မောင်းရတဲ့လမ်းခရီးအတိုင်းအတာတော့ကြာမယ်၊ ခန့်မှန်း ၂၄ နာရီတော့မောင်းရမယ်ထင်တယ်၊ ဒီနေ့မဟုတ်ရင်မနက်ဖြန်ပါပဲ ” ဟု၎င်းကပြောသည်။
အဆိုပါစက်ကို ဦးဇော်မိုးခိုင်နှင့် ဇနီးဒေါက်တာစောနေနွယ် (AA Medical Products ltd) မှလှူဒါန်းခြင်းဖြစ်ပြီး ယင်းစက်အပါအဝင်ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိပစ္စည်းများကိုပါ ယခုလငါးရက်က ကျိုက်ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အခမ်းအနားဖြင့်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

စက်ရောက်ရှိလာပါက ရန်ကုန်ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်းတွင်ထားရှိမည်ဖြစ်ပြီး စက်တစ်ခါလည်ပတ်လျှင်လူနာ ၈၀၀ ကျော်စမ်းသပ်နိုင်သဖြင့်တစ်ရက်လျှင်လူ ၁၄၀၀ ခန့်စစ်ဆေးနိုင်သည့် အထောက်အကူရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

လက်ရှိရန်ကုန်မြို့တွင် ထားရှိအသုံးပြုနေသောဓါတ်ခွဲခန်း၌ တစ်ရက်လျှင်လူ ၃၀၀ ခန့်သာစစ်ဆေးနိုင်ပြီးမြန်မာနိုင်ငံ၌ ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိသူဓါတ်ခွဲအတည်ပြုလူနာ ၈၅ ဦးရှိလာပြီဖြစ်ကာ ၎င်းတို့မှလေးဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာကျန်းမာရေးပြန်လည်ကောင်းမွန်လာကြောင်းသိရသည်။


Zawgyi


ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ျခင္း ရွိ မရွိ တစ္ရက္အတြင္း လူနာ ၁၄၀၀ ခန္႔စစ္ေဆးနိုင္မည့္စက္ ၂၄ နာရီအတြင္းေရာက္ရွိမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွသိရသည္။

ထိုစက္ ယခုလ ၁၆ ရက္ကေရာက္ရွိမည္ဟု ခန္႔မွန္းထားေသာ္လည္း စက္ႀကီးမားမွုေၾကာင့္ေလယာဥ္သုံးစီးျဖင့္အစိတ္အပိုင္းမ်ားခြဲသယ္ေဆာင္ရျခင္းႏွင့္ လမ္းပန္းဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ ယေန႔ ဘန္ေကာက္မွတဆင့္ ရန္ကုန္သို့ေပ ၄၀ ကြန္တိန္နာသုံးလုံးျဖင့္ျမန္မာနိုင္ငံသို့ ဝင္ေရာက္လာမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ က်န္းမာေရးအသိပညာျမႇင့္တင္ေရးဌာန၊ ညႊန္ၾကားေရးမွူးေဒါက္တာသန္းနိုင္စိုးကေျပာသည္။

” ဘန္ေကာက္နဲ႔ ရန္ကုန္ေမာင္းရတဲ့လမ္းခရီးအတိုင္းအတာေတာ့ၾကာမယ္၊ ခန္႔မွန္း ၂၄ နာရီေတာ့ေမာင္းရမယ္ထင္တယ္၊ ဒီေန႔မဟုတ္ရင္မနက္ျဖန္ပါပဲ ” ဟု၎ကေျပာသည္။

အဆိုပါစက္ကို ဦးေဇာ္မိုးခိုင္ႏွင့္ ဇနီးေဒါက္တာေစာေနႏြယ္ (AA Medical Products ltd) မွလွူဒါန္းျခင္းျဖစ္ၿပီး ယင္းစက္အပါအဝင္က်ပ္သိန္း ၈၀၀၀ ေက်ာ္တန္ဖိုးရွိပစၥည္းမ်ားကိုပါ ယခုလငါးရက္က က်ိဳက္ကဆံအားကစားကြင္း ျပည္ေထာင္စုခန္းမ၌ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ေကာ္မတီ၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကို အခမ္းအနားျဖင့္လွူဒါန္းခဲ့ျခင္းျဖစ္သည္။

စက္ေရာက္ရွိလာပါက ရန္ကုန္ျပည္သူ႔က်န္းမာေရးဓါတ္ခြဲခန္းတြင္ထားရွိမည္ျဖစ္ၿပီး စက္တစ္ခါလည္ပတ္လၽွင္လူနာ ၈၀၀ ေက်ာ္စမ္းသပ္နိုင္သျဖင့္တစ္ရက္လၽွင္လူ ၁၄၀၀ ခန္႔စစ္ေဆးနိုင္သည့္ အေထာက္အကူရရွိမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွသိရသည္။

လက္ရွိရန္ကုန္ၿမိဳ့တြင္ ထားရွိအသုံးျပဳေနေသာဓါတ္ခြဲခန္း၌ တစ္ရက္လၽွင္လူ ၃၀၀ ခန္႔သာစစ္ေဆးနိုင္ၿပီးျမန္မာနိုင္ငံ၌ ယေန႔နံနက္ပိုင္းအထိ ကိုရိုနာဗိုင္းရပ္ေရာဂါပိုးေတြ႕ရွိသူဓါတ္ခြဲအတည္ျပဳလူနာ ၈၅ ဦးရွိလာၿပီျဖစ္ကာ ၎တို့မွေလးဦးေသဆုံးခဲ့ၿပီး ႏွစ္ဦးမွာက်န္းမာေရးျပန္လည္ေကာင္းမြန္လာေၾကာင္းသိရသည္။

Post a Comment

Previous Post Next Post