တရားဟောဆရာ ဒေဗစ်လား၏ အင်းစိန်ဘာသာရေးပွဲတွင် ထမင်း/ဟင်းသွားချက်သော လင်မယား ၂ ဦးလည်း Covid-19 ကူးစက်ခံရကြောင်း သတင်းတမန်ကစုံစမ်းသိရှိရသည်။

ယနေ့ မနက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ပါ ထပ်တိုးလူနာ ၉ ဦးတွင် လူနာနံပါတ် (၁၀၁) ၊ နှင့် (၁၀၇) တို့မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၀ ရပ်ကွက် ဝန်းသိုလမ်းနေ လင်မယား ၂ ဦးဖြစ်ကြောင်း ဒဂုံ(မြောက်) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင် က သတင်းတမန်သို့ ပြောသည်။

“နံပါတ် (၁၀၁) နဲ့ (၁၀၇) နှစ်ဦးပါ။ သူတို့က လင်မယားပါ။ ဒေးဗစ်လားရဲ့ အလှူပွဲမှာ ထမင်းချက်တဲ့လင်မယား။ ကျနော်တို့ အခု အဲ့ဒီအိမ်ကို ပိုးသတ်ဆေးဖြန်းနေပါတယ်” ဟု ၎င်းကပြောသည်။
လူနာနံပါတ် (၁၀၁) မှာ အသက် ၆၀ အရွယ်အမျိုးသားဖြစ်ပြီး ၊ (၁၀၇) မှာ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး၎င်းတို့ ၂ ဦးစလုံးမှာ အသွားအလာကန့်သတ်ခံထားရသူများဖြစ်သည်။

တရားဟောဆရာဒေးဗစ်လား အပါအဝင် အင်းစိန်ဘာသာရေးပွဲနှင့်ဆက်စပ်သော ကူးစက်ခံရလူနာမှာ ၄၅ ဦးကျော်ခဲ့ပြီဖြစ်သည်။ (သတင်းတမန်)

Post a Comment

Previous Post Next Post