အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၆) ပတ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး၊ အသက်အငယ်ဆုံးအဖြစ် စံချိန်တင်…

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ၆ ပတ်အရွယ် ကလေးတစ်ယောက် အမေရိကားမှာ သေဆုံးသွားပါတယ်။ ဒီကလေးဟာ အခုသိရသမျှ COVID-19 ကြောင့် သေဆုံးခဲ့သူတွေထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။

အရင်အပတ်က အမေရိကားမှာပဲ ၉ လ သားအရွယ် ကလေးတစ်ယောက် သေဆုံးခဲ့ပါသေးတယ်။

ယခု ၆ ပတ်အရွယ် ကလေးဟာ Connecticut မြို့က ဖြစ်ပြီး ဆေးရုံကို သတိမလည်ပဲရောက်လာတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲကြိုးစားကြိုးစား ပြန်သတိရအောင်မလုပ်နိုင်ခဲ့ပါဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

အရင်အပတ်က သေဆုံးခဲ့တဲ့ ၉ လသားအရွယ် ကလေးကတေ့ာ Illinois မြို့ ကဖြစ်ပါတယ်။

အခု ဒီဗိုင်းရပ်စ်ဟာကျနော်တို့ရဲ အနုနယ်ဆုံးကလေးတွေကိုပါ မညှာမတာ ချမ်းသာမပေးပဲ တိုက်ခိုက်နေပါတယ်။ ဒါ့ကြောင့် အိမ်ကနေ တတ်နိုင်သမျှ အပြင်မထွက်ခြင်းဟာ အလွန်အရေးကြီးပါတယ်တဲ့။

သင့်ရဲ့ အသက်နဲ့ အခြားသူများရဲ့ အသက်ဟာ “အိမ်မှာနေခြင်း” အပေါ်မှာ မှီနေပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုးက ဆိုသွားပါတယ်။

အမေရိကန်နိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၅၀၀၀ ကျော်သေဆုံးပြီး ၂၁၀၀၀၀ ကျော်ကူးစက်ခံနေရပါတယ်။

Richard Myo Thant

Zawgyi





အရင်အပတ်က သေဆုံးခဲ့တဲ့ ၉ လသားအရွယ် ကလေးကတော့ Illinois မြို့ ကဖြစ်ပါတယ်။




Richard Myo Thant

Post a Comment

Previous Post Next Post