ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီယွန်းယွန်း မှ မိဘနှစ်ပါးဖြစ်ကြသော ဖခင် ရွှေပါရမီ ဦးဌေးအောင်နှင့် မိခင်ဒေါ်မော်မော်တို့ ကို အမှုးထားပြီး Covid – 19 ရောဂါတိုက်ဖျက်ရေးကာလအတွင်း ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်တိုင်းအတွင်းရှိကျန်းမာရေးဝန်ထမ်းများရဲ့ သွားလာရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးကိစ္စများ အဆင်ပြေစေရန်အတွက် ပံ့ပိုးဆောင်ရွက်မယ့် ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုအဖွဲ့ နှင့် Support Our Heroes (YRYEA)အစီစဉ်အတွက် သဒ္ဒါတရားထက်သန်စွာဖြင့် ငွေကျပ် (၁၀၀,၀၀၀/-) တိတိအား ပါဝင်ကူညီလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ် ။

SOH အစီစဉ်မှာ ကျန်းမာရေးဝန်ထမ်းတစ်ဦး အတွက် (မနက်၊ နေ့လည်၊ညစာ) သုံးနပ်စာအပါအဝင်ကို (၅ဝဝဝ/-)ကျပ်နှုန်း ဖြင့်ကုသိုလ်ပါဝင်လှူဒါန်းလိုသူများအနေနဲ့လည်း ယွန်းယွန်းလိုဆက်သွယ်လှူဒါန်းနိုင်ကြောင်းကို YRYEA – Yangon Region Young Entrepreneurs Association ရဲ့ Page မှာရေးသားဖော်ပြထားပါတယ် ။ ယွန်းတို့လည်းတတ်နိုင်သလောက်, လက်လှမ်းမီသလောက်လေးဖြန့်ပြီး လှူနေဖြစ်ပေမယ့်.. နေ့စဉ်စားစရိတ်ဖြစ်တဲ့အတွက်အလှူငွေတွေလိုနေတုန်းပါပဲ.. လှူဒါန်းလိုတဲ့သူတွေအတွက်ပြန်လည် shareပေးပါတယ်ရှင့်ဆိုတဲ့စာသားလေးနဲ့အတူ ယွန်းယွန်းကလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေလှူဒါန်းနိုင်အောင် ပြန်လည်မျှဝေပေးထားပါတယ် ။
ယွန်းယွန်းကို ချစ်ခင်နှစ်သက် အစဉ်အမြဲအားပေးလျက်ရှိသော ချစ်ပရိသတ်များအတွက် သူမရဲ့ဖြူစင်မွန်မြတ်သောအလှူဒါနလေးကို သာဓုအနုမောဓနာခေါ်ဆိုနိုင်စေဖို့အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ အများပြည်သူအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ယွန်းလိုလှူဒါန်းချင်တယ်ဆိုရင်တော့ YRYEA – Yangon Region Young Entrepreneurs Association ရဲ့ Page ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။

Source : Yoon Yoon
Emily (Cele Gabar)

Zawgyi

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီယြန္းယြန္း မွ မိဘႏွစ္ပါးျဖစ္ၾကေသာ ဖခင္ ေ႐ႊပါရမီ ဦးေဌးေအာင္ႏွင့္ မိခင္ေဒၚေမာ္ေမာ္တို႔ ကို အမႈးထားၿပီး Covid – 19 ေရာဂါတိုက္ဖ်က္ေရးကာလအတြင္း ကုသေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနတဲ့ ရန္ကုန္တိုင္းအတြင္းရွိက်န္းမာေရးဝန္ထမ္းမ်ားရဲ႕ သြားလာေရး၊ ေနထိုင္ေရးႏွင့္ စားေသာက္ေရးကိစၥမ်ား အဆင္ေျပေစရန္အတြက္ ပံ့ပိုးေဆာင္႐ြက္မယ့္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ အေထာက္အကူျပဳအဖြဲ႕ ႏွင့္ Support Our Heroes (YRYEA)အစီစဥ္အတြက္ သဒၵါတရားထက္သန္စြာျဖင့္ ေငြက်ပ္ (၁၀၀,၀၀၀/-) တိတိအား ပါဝင္ကူညီလႉဒါန္းေပးခဲ့တယ္လို႔သိရပါတယ္ ။


SOH အစီစဥ္မွာ က်န္းမာေရးဝန္ထမ္းတစ္ဦး အတြက္ (မနက္၊ ေန႔လည္၊ညစာ) သုံးနပ္စာအပါအဝင္ကို (၅ဝဝဝ/-)က်ပ္ႏႈန္း ျဖင့္ကုသိုလ္ပါဝင္လႉဒါန္းလိုသူမ်ားအေနနဲ႔လည္း ယြန္းယြန္းလိုဆက္သြယ္လႉဒါန္းႏိုင္ေၾကာင္းကို YRYEA – Yangon Region Young Entrepreneurs Association ရဲ႕ Page မွာေရးသားေဖာ္ျပထားပါတယ္ ။ ယြန္းတို႔လည္းတတ္ႏိုင္သေလာက္, လက္လွမ္းမီသေလာက္ေလးျဖန႔္ၿပီး လႉေနျဖစ္ေပမယ့္.. ေန႔စဥ္စားစရိတ္ျဖစ္တဲ့အတြက္အလႉေငြေတြလိုေနတုန္းပါပဲ.. လႉဒါန္းလိုတဲ့သူေတြအတြက္ျပန္လည္ shareေပးပါတယ္ရွင့္ဆိုတဲ့စာသားေလးနဲ႔အတူ ယြန္းယြန္းကလည္း သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ပရိသတ္ေတြလႉဒါန္းႏိုင္ေအာင္ ျပန္လည္မွ်ေဝေပးထားပါတယ္ ။

ယြန္းယြန္းကို ခ်စ္ခင္ႏွစ္သက္ အစဥ္အၿမဲအားေပးလ်က္ရွိေသာ ခ်စ္ပရိသတ္မ်ားအတြက္ သူမရဲ႕ျဖဴစင္မြန္ျမတ္ေသာအလႉဒါနေလးကို သာဓုအႏုေမာဓနာေခၚဆိုႏိုင္ေစဖို႔အတြက္ ဝမ္းေျမာက္ဝမ္းသာစြာျဖင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။ အမ်ားျပည္သူအတြက္ တိုက္ပြဲဝင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ယြန္းလိုလႉဒါန္းခ်င္တယ္ဆိုရင္ေတာ့ YRYEA – Yangon Region Young Entrepreneurs Association ရဲ႕ Page ကေနတဆင့္ ဆက္သြယ္လႉဒါန္းႏိုင္ေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္ ။

Source : Yoon Yoon
Emily (Cele Gabar)

Post a Comment

Previous Post Next Post