OVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးမှာ ဦးဇော်ဇော်က အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်းထား၊ Protective Chamber များ လှူဒါန်းပေးဦးမည်

မြန်မာနိုင်ငံမှာ COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ စုစုပေါင်းလှူဒါန်းမှုက အမေရိကန်ဒေါ်လာ တစ်သန်းရှိတယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်ဇော်ဟာ ဝေဘာဂီဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံအတွက် ဆေးဝါးအထောက်အကူပစ္စည်းတွေ၊ ဆေးရုံသုံးပစ္စည်းတွေ၊ အကာအကွယ်ပစ္စည်းတွေ အပါအဝင် ငွေကျပ် သိန်း(၁၀၀၀)တန်ဖိုးရှိတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွေ ပံ့ပိုးပေးပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူအားလုံးအတွက် အစားအသောက်တွေ လှူဒါန်းပေးခဲ့ပါတယ်။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေအပါအဝင် COVID-19 ရောဂါကို ရင်ဆိုင်တွန်းလှန်ရာမှာ ပါဝင်နေသူအားလုံးကို နေရာထိုင်ခင်းတွေ စီစဉ်ပေးခဲ့ပါတယ်။
ယမန်နေ့ကလည်း ဝေဘာဂီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် တစ်လစာလုပ်ခလစာအဖြစ် ငွေကျပ် ၃၇၅ သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါတင်မကသေးဘဲ တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေအတွက် COVID-19 အထူးကျန်းမာရေး အာမခံရန်ပုံငွေအဖြစ် ငွေကျပ် သိန်း(၅၀၀၀)ကိုလည်း ဗဟိုကျန်းမာရေး ကော်မတီထံ လှူဒါန်းထားပါတယ်။

ဦးဇော်ဇော်ဟာ ဓာတ်ခွဲနမူနာရယူရာမှာ ကျန်းမာရေးဝန်ထမ်းတွေ လုံခြုံစိတ်ချရစေဖို့အတွက် Protective Chamber တွေ လှူဒါန်းပေးဖို့ရှိနေပြီး သိပ်မကြာခင် ရောက်ရှိလာလိမ့်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi

COVID-19 ထိန္းခ်ဳပ္၊ ကာကြယ္၊ ကုသေရးမွာ ဦးေဇာ္ေဇာ္က အေမရိကန္ေဒၚလာတစ္သန္း လႉဒါန္းထား၊ Protective Chamber မ်ား လႉဒါန္းေပးဦးမည္
ျမန္မာႏိုင္ငံမွာ COVID-19 ထိန္းခ်ဳပ္၊ ကာကြယ္၊ ကုသေရးအတြက္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္ရဲ႕ စုစုေပါင္းလႉဒါန္းမႈက အေမရိကန္ေဒၚလာ တစ္သန္းရွိတယ္လို႔ အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ ဧရာဝတီေဖာင္ေဒးရွင္းရဲ႕ ဥကၠ႒ျဖစ္တဲ့ ဦးေဇာ္ေဇာ္ဟာ ေဝဘာဂီေဆး႐ုံႀကီးနဲ႔ ရန္ကင္းကေလးေဆး႐ုံအတြက္ ေဆးဝါးအေထာက္အကူပစၥည္းေတြ၊ ေဆး႐ုံသုံးပစၥည္းေတြ၊ အကာအကြယ္ပစၥည္းေတြ အပါအဝင္ ေငြက်ပ္ သိန္း(၁၀၀၀)တန္ဖိုးရွိတဲ့ ေဆးဘက္ဆိုင္ရာ အေထာက္အကူပစၥည္းေတြ ေပးအပ္လႉဒါန္းခဲ့ပါတယ္။


ဒါ့အျပင္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရးစင္တာေတြ ပံ့ပိုးေပးၿပီး အသြားအလာ ကန႔္သတ္ေစာင့္ၾကပ္ၾကည့္ရႈမႈ ခံယူေနသူအားလုံးအတြက္ အစားအေသာက္ေတြ လႉဒါန္းေပးခဲ့ပါတယ္။ ေရွ႕တန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြအပါအဝင္ COVID-19 ေရာဂါကို ရင္ဆိုင္တြန္းလွန္ရာမွာ ပါဝင္ေနသူအားလုံးကို ေနရာထိုင္ခင္းေတြ စီစဥ္ေပးခဲ့ပါတယ္။


ယမန္ေန႔ကလည္း ေဝဘာဂီေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြအတြက္ တစ္လစာလုပ္ခလစာအျဖစ္ ေငြက်ပ္ ၃၇၅ သိန္း ေပးအပ္လႉဒါန္းခဲ့ပါတယ္။ ဒါတင္မကေသးဘဲ တစ္ႏိုင္ငံလုံးက က်န္းမာေရးဝန္ထမ္းေတြအတြက္ COVID-19 အထူးက်န္းမာေရး အာမခံရန္ပုံေငြအျဖစ္ ေငြက်ပ္ သိန္း(၅၀၀၀)ကိုလည္း ဗဟိုက်န္းမာေရး ေကာ္မတီထံ လႉဒါန္းထားပါတယ္။

ဦးေဇာ္ေဇာ္ဟာ ဓာတ္ခြဲနမူနာရယူရာမွာ က်န္းမာေရးဝန္ထမ္းေတြ လုံၿခဳံစိတ္ခ်ရေစဖို႔အတြက္ Protective Chamber ေတြ လႉဒါန္းေပးဖို႔ရွိေနၿပီး သိပ္မၾကာခင္ ေရာက္ရွိလာလိမ့္မယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္က သူ႔ရဲ႕လူမႈကြန္ရက္ေပၚမွာ ေရးသားေဖာ္ျပထားပါတယ္။

Source – Aseanfootball & Tun Myint
Photo Credit – U Zaw Zaw & Tun Myint

Post a Comment

Previous Post Next Post