Covid – 19 ရောဂါကြောင့် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ်သားတွေအတွက် ဒီကပ်ဆိုးကြီး ပြီးသွားရင် ထိုင်းမှာ အလုပ်အကိုင်တွေပြန်လည်ရရှိနိုင်အောင် နှစ်နိုင်ငံအစိုးရကြား ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


ဒီကနေ့ ဧပြီလ (၃)ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်ပြည်နယ်က Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ ပါဝင်ဆောင်ရွက်သူများ လက်ခံတွေ့ဆုံစကားပြောရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း မြန်မာလုပ်သားတွေအနေနဲ့ တစ်ဖက်နိင်ငံမှာ အလုပ်တွေပြန်မရမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

“ ကျွန်မတို့ဘက်ကတော့ အလုပ်တွေပြန်ရဖို့ မေတ္တာရပ်ခံပေးမယ်။ ထိုင်းဘက်က ဆုံးဖြတ်ချက်ကတော့ သူတို့ နိုင်ငံနဲ့ပဲဆိုင်တာပေါ့။ ကျွန်မတို့ရဲ့ အလုပ်သမားတွေအတွက် ညှိနှိုင်းပေးမယ်၊ မေတ္တာရပ်ခံပေးမယ် ။တစ်ဖက်နိုင်ငံကို မြန်မြန်ပြန်သွားနိုင်ရေးကိစ္စတွေကိုတော့ ကျွန်မတို့အနေနဲ့ ဆောင်ရွက်ပေးနိုင်ပါတယ်။ အခုကတော့ကိုယ့်နိုင်ငံကို ပြန်လာရမယ့် အချိန်၊ နားရမယ့် အချိန်ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။
လက်ရှိမှာ Covid 19 ရောဂါကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ မြဝတီနယ်စပ်ကနေ တစ်ဆင့် ပြန်လည်ဝင်ရောက်လာသူမှာ ၂၇၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ်သားတွေကိုလည်း သက်ဆိုင်ရာနေရပ်တွေမှာ (၁၄)ရက်အသွားအလာ ကန့်သတ်ထားပြီး ဒီချိန်မှာ အေးဆေးနားနေကြဖို့နဲ့ရောဂါဖြစ်ပွားမှု ပြီးသွားတဲ့အခါမှာ ထိုင်းနိုင်ငံမှာ အလုပ်တွေပြန်လည်ရရှိဖို့ အစိုးရကဘက်ကတော့ အတက်နိုင်ဆုံးဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်သွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ Duwun

Post a Comment

Previous Post Next Post