တကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ COVID_19 ရောဂါဟာဆိုရင် လက်ရှိအချိန်အထိ ကုသနိုင်တဲ့ ဆေးတိတိပပ မရှိသေးဘူးဆိုပေမယ့် အကျိုးသက်ရောက်မှု ကောင်းတဲ့ ဆေးတွေကိုလည်း ဆေးသုတေသနပညာရှင်တွေနဲ့
နိုင်ငံတော်တော်များများက ကြိုးပမ်းရှာဖွေနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိဆိုရင် တရုတ်နိုင်ငံက ထုတ်တဲ့ ဆေးတစ်မျိုးဟာဆိုရင် တိရိစ္ဆာန်မှာ စမ်းသပ်တဲ့အခါ အကျိုးကျေးဇူးကောင်းတွေရတာကြောင့် ဒီနေ့မှာတော့ အမေရိကန် ဝါရှင်တန်ဒီစီ မြို့မှာ ရှိတဲ့ ကျန်းမာရေးဆိုင်ရာ အင်စတီကျူတစ်ခုမှာ လူသား နဲ့ စတင်စမ်းသပ် နေပြီဖြစ်ပါတယ်။
 
ထို့အတူပဲ ဂျပန်နိုင်ငံက Avigan ဆိုတဲ့ ဆေးဟာလည်း COVID_19 ကုသရာမှာ အလားအလာကောင်းတဲ့ ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။
ဒီဆေးနဲ့ လူနာတွေကို သုံးစွဲခဲ့တဲ့အခါမှာ ၄ ရက်အတွင်း ပြန်လည်ကောင်းမွန်ပြီးတော့ ဆေးမသုံးစွဲခဲ့သူတွေကတော့ ၁၂ ကြာမှာ ပြန်လည်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီဆေးကို နိုင်ငံပေါင်း ၃၀ ကျော်က စိတ်ဝင်စားနေကြပါတယ်။
ဒီနေ့မှာပဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၀ ကို အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။ ဒါကြောင့် အခုလို ဝမ်းသာစရာသတင်းလေးကို ပရိသတ်
တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi

တကမာၻလုံးမွာ ႀကဳံေတြ႕ေနရတဲ့ COVID_19 ေရာဂါဟာဆိုရင္ လက္ရွိအခ်ိန္အထိ ကုသႏိုင္တဲ့ ေဆးတိတိပပ မရွိေသးဘူးဆိုေပမယ့္ အက်ိဳးသက္ေရာက္မႈ ေကာင္းတဲ့ ေဆးေတြကိုလည္း ေဆးသုေတသနပညာရွင္ေတြနဲ႔
ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ႀကိဳးပမ္းရွာေဖြေနၾကတာ အားလုံး အသိပဲ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိဆိုရင္ တ႐ုတ္ႏိုင္ငံက ထုတ္တဲ့ ေဆးတစ္မ်ိဳးဟာဆိုရင္ တိရိစာၦန္မွာ စမ္းသပ္တဲ့အခါ အက်ိဳးေက်းဇူးေကာင္းေတြရတာေၾကာင့္ ဒီေန႔မွာေတာ့ အေမရိကန္ ဝါရွင္တန္ဒီစီ ၿမိဳ႕မွာ ရွိတဲ့ က်န္းမာေရးဆိုင္ရာ အင္စတီက်ဴတစ္ခုမွာ လူသား နဲ႔ စတင္စမ္းသပ္ ေနၿပီျဖစ္ပါတယ္။

ထို႔အတူပဲ ဂ်ပန္ႏိုင္ငံက Avigan ဆိုတဲ့ ေဆးဟာလည္း COVID_19 ကုသရာမွာ အလားအလာေကာင္းတဲ့ ေဆးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။

ဒီေဆးနဲ႔ လူနာေတြကို သုံးစြဲခဲ့တဲ့အခါမွာ ၄ ရက္အတြင္း ျပန္လည္ေကာင္းမြန္ၿပီးေတာ့ ေဆးမသုံးစြဲခဲ့သူေတြကေတာ့ ၁၂ ၾကာမွာ ျပန္လည္ေကာင္းမြန္လာတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီေဆးကို ႏိုင္ငံေပါင္း ၃၀ ေက်ာ္က စိတ္ဝင္စားေနၾကပါတယ္။


ဒီေန႔မွာပဲ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi က ျမန္မာ အပါအဝင္ ႏိုင္ငံေပါင္း ၂၀ ကို အခမဲ့ ျဖန္႔ေဝေပးသြားမယ္လို႔ အတိအလင္းေျပာဆိုလိုက္ပါတယ္။ ဒါေၾကာင့္ အခုလို ဝမ္းသာစရာသတင္းေလးကို ပရိသတ္
ေတြ အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Writer – SMT

Post a Comment

Previous Post Next Post