COVID-19 ကူးစက်  ရောဂါအား တိုက်ဖျက်ရေးနှင့် ကြိုတင်ကာကွယ်ရေးကိစ္စရပ်  များ  အနှောင့်အယှက်မဖြစ်စေရန်  တပ်မတော်နှင့် ဖြစ်ပွားနေသော  တိုက်ပွဲများ မဖြစ်ပွားရအောင် အကောင်းဆုံး ထိန်းသိမ်းသွား မည်ဟု တအာင်းအဖွဲ့(TNLA)၊  ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင် အဖွဲ့(AA)တို့က ပူးပေါင်းထုတ် ပြန်ကြေညာသည်။


ရောဂါ ကာကွယ်ရေးလုပ် ငန်းများကို အားတက်သရော ပူး ပေါင်းဆောင်ရွက်ရန် အသင့်ရှိ သည်ဟုလည်း မြောက်ပိုင်းလက် နက်ကိုင်သုံးဖွဲ့ ကြေညာချက်၌  ပါရှိသည်။

အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေ သည့် COVID-19 ကပ်ရောဂါ ဆိုးကို မည်သည့်နိုင်ငံ၊ မည်သည့် ပုဂ္ဂိုလ်မျှ တစ်ယောက်တည်းသော  အားဖြင့် ရင်ဆိုင်ခုခံနိုင်မည်မ ဟုတ်ကြောင်း၊ နိုင်ငံတကာမှ လည်း ပစ်ခတ်တိုက်ခိုက်မှုများ  ရပ်စဲကြရန် တိုက်တွန်းသံများ  ပိုမိုများပြားလာကြောင်း၊ မြောက် ပိုင်းလက်နက်ကိုင်သုံးဖွဲ့အနေ ဖြင့်လည်း ရောဂါတိုက်ဖျက်ရေး  အရေးပေါ်ကာလအတွင်း တစ် ဖက်သတ်အပစ်ရပ်စဲရေးကို လာ မည့် ဧပြီ ၃၀ ရက်အထိ ထပ်မံ  သက်တမ်းတိုးလိုက်ကြောင်းနှင့်  အခြားသော လက်နက်ကိုင်အဖွဲ့ များအနေဖြင့်လည်း ယခုအချိန်  ကာလအတွင်း အပစ်အခတ်  ရပ်စဲကြရန် တိုက်တွန်းကြောင်း  ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။


ယင်းနှင့်ပတ်သက်ပြီး တပ်မ တော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ‘‘သူတို့ ပြော တဲ့အတိုင်း လက်တွေ့လုပ်ဖို့ပဲ အရေးကြီးပါတယ်။ အရင်တုန်း ကလည်း အဲဒီလို ထုတ်ပြန်ပြီး တော့မှ သူတို့ဘက်က စလုပ်တာ  ရှိဖူးတယ်။ တပ်ကတော့ ကိုးလ  တာ အပစ်အခတ်ရပ်စဲပြီးသား။  အဲဒီအပစ်အခတ်ရပ်စဲတဲ့ ကာလ မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ  အကုန်လုံးအသိပဲ ဖြစ်တယ်။  အပြောနဲ့အလုပ်ညီဖို့ အရေးကြီး ပါတယ်’’ ဟု မှတ်ချက်ပြုသည်။

တိုင်းရင်းသားအရေး လေ့ လာသူ ဦးမောင်မောင်စိုးက COVID-19 ကိစ္စကြောင့် တစ်နိုင် ငံလုံး အပစ်ရပ်စဲရန် KNU,  KNPP အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထုတ် ပြန်သည်ကို တွေ့ရကြောင်း၊  အလားတူ နိုင်ငံတကာသံရုံးများ ကလည်း ကြေညာချက်ထုတ်  ပြန်ကြကြောင်း၊ တစ်နိုင်ငံလုံး  ကပ်ရောဂါဖြင့် ရင်ဆိုင်နေရချိန် တွင် အပစ်ရပ်စဲသင့်သည်မှာ  အမှန်ပင်ဖြစ်ကြောင်း မှတ်ချက် ပြုသည်။

COVID-19 သည် တစ် ကမ္ဘာလုံးရင်ဆိုင်နေရခြင်းဖြစ်၍  နောက်ဆက်တွဲအနေဖြင့် စီးပွား ရေးဆိုင်ရာအခက်အခဲများ ရင် ဆိုင်ရမည်ဟု ၎င်းကဆိုသည်။

‘‘အဲဒီလို စီးပွားပျက်ကပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရင်  ဆိုင်မလဲ ပြဿနာလည်းဖြစ် တယ်။ ဖြစ်တဲ့အချိန်မှာ ကျွန်တော် တို့ တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့  လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲ ပြီး ဖြေရှင်းရင်တော့ အကောင်း ဆုံးပဲလို့ ကျွန်တော်တို့က မြင်တာ ပေါ့။ ဒါပေမဲ့ တချို့လူတွေ အမြင် ကတော့ အဲဒီလို ရှိကောင်းမှ ရှိ လိမ့်မယ်’’ ဟု ဦးမောင်မောင် စိုးက ပြောသည်။

Credit 7Day

Post a Comment

Previous Post Next Post