ပွဲဦးထွက်ရှပ်ရှင်ဇာတ်ကားကြီးမှာတင် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ပိုးမမှီသာကတော့ လက်ရှိမှာပြန့်ပွားကူးစက်မှုမြင့်တက်နေတဲ့ COVID-19 ရောဂါအခြေအနေကြောင့် သင်္ကြန်ရုံးပိတ်ရက် ဧပြီ (၁၀) ရက်မှ (၁၉) ရက်အထိ အိမ်မှာသာနေထိုင်စေရန် ညွှန်ကြားမှုကြောင့် သင်္ကြန်မဆော့ရလို့ အသည်းကွဲရပေမယ့် COVID-19 ရောဂါအမြန်ပျောက်ဖို့က ပိုအရေးကြီးတယ်ဆိုတဲ့အကြောင်းကို “ဒီနှစ်သင်္ကြန်မလုပ်ရတော့ဘူးဆိုတာလောက်အသည်းကွဲတာမရှိဘူး ဒါပေမယ့်လည်းဒီ virus အစုတ်ပလုတ်ကိစ္စကြီး မြန်မြန်ပြီးပြီး အားလုံးပုံမှန်ပြန်ဖြစ်သွားဖို့က ပိုအရေးကြီးတာကိုး
ဒီတစ်ခါတော့သည်းခံပြီးလိုက်နာလိုက်ကြမယ် Lets stay home … fighting” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ သင်္ကြန်ရုံးပိတ်ရက် ဧပြီ (၁၀) ရက်မှ (၁၉) ရက်အထိ ကျန်းမာရေးကိစ္စနှင့် အစားအသောက်ဝယ်ယူရန်မှအပ မိမိအိမ်မှာသာ နေထိုင်ခြင်းလုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရေး ကြပ်မတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်ဒေသကြီးအစိုးရကနေ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ပိုးမမှီသာကတော့ ဒီနှစ်သင်္ကြန်မလုပ်ရတော့လို့ ဝမ်းနည်းပေမယ့် COVID-19 ရောဂါပိုး ပြန့်ပွားမှုကြီး အမြန်အဆုံးသတ်သွားဖို့ ပိုအရေးကြီးတာမို့ သည်းခံပြီး လိုက်နာကြမယ်လို့ပြောထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပွဲဦးထွက်ရှပ်ရှင်ဇာတ်ကားကြီးမှာတင် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ပိုးမမှီသာကတော့ လက်ရှိမှာပြန့်ပွားကူးစက်မှုမြင့်တက်နေတဲ့ COVID-19 ရောဂါအခြေအနေကြောင့် သင်္ကြန်မဆော့ရလို့ အသည်းကွဲရပေမယ့် COVID-19 ရောဂါအမြန်ပျောက်ဖို့က ပိုအရေးကြီးပါတယ်တဲ့

Post a Comment

Previous Post Next Post