Unicode

မြန်မာပြည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်း ထင်မြင်ယူဆချက်နှင့် ကိန်းဂဏန်း အချက်အလက်…

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် ဒီနေ့ (၈.၄.၂၀) တစ်ရက်တည်းမှာ (၂) ဦးကွယ်လွန်သွားခဲ့တာမို့ စိုးရိမ်ပူပန်မူတွေတိုးပွားလာပါတယ်။

ဓါတ်ခွဲစစ်ဆေး အတည်ပြုမူနည်းလွန်းလို့ Case တွေမဖော်ထုတ်နိုင်။ ရောဂါဆိုးချိန်ကျမှ စစ်ဆေးတွေ့ရှိတော့ သေဆုံးမူ ပိုများတာမဆန်းဘူးလို့ အချို့ကထင်မြင်တယ်။ အချို့က ၁၃.၆% သေဆုံးမှု မြင့်လွန်းနေပြီ။ ဆေးကုသမူအပိုင်းမှာ အားနည်းတာလား၊ ရောဂါပိုးက ပိုပြင်းထန်လာသလား မေးလာ တွေးလာကြပါတယ်။

အပူချိန်မြင့်လာရင် လျော့သွားမှာတု့ိ ၊ BCG ထိုးထားကြတော့ သက်သာမှာတို့၊ သက်ကြီးတွေ နည်းတော့ ဒီမှာ အသေအပျောက်နည်းမှာတို့ ထင်ကြေးတွေ လျော့သွားပါတယ်။

မြန်မာနိူင်ငံရဲ့ ရောဂါစစ်ဆေး ဓါတ်ခွဲအတည်ပြုမူအရမ်းနည်းလွန်းသလား။

ဧပြီ ၃ ရက်ထိ (၁၁၀၂)ဦး, ၄,၅,၆,၇ ရက်တွေမှာ ၈၄,၅၅,၄၆,၃၂ ဦးစီ စစ်ဆေးခဲ့တော့ စုစုပေါင်း (၁၃၁၉) သာရှိလို့နိုင်ငံ လူဦးရေနဲ့ ကြည့်ရင်တော့ လူတစ်သန်းမှာ (၂၃) ယောက်လောက်ပဲ စစ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ (၁၃၁၉) စစ်ရာမှာ (၂၂) ဦးပဲ ရောဂါတွေ့ရှိတာမို့ ရာခိုင်နှုန်းအားဖြင့် (၁.၆၆) ပဲတွေ့ရှိတာပါ။ လူတစ်ထောင်စစ်ရင်တွေ့တဲ့နှုန်းက (၁၆.၆)ဦးပါ။

လူတစ်ထောင်စစ်လို့တွေ့တဲ့နှုန်းတွေက…

USA ၁၉၂,
Spain ၃၉၉,
Italy ၁၇၉,
UK ၂၀၇
S.Korea ၂၁,
Japan ၇၆
Singapore ၂၂,
Cambodia ၂၀,
Malaysia ၇၁
Thai ၃၃,
Philipines ၁၅၃,
Indonesia ၁၉၀

ဆိုတော့ကာ.. စစ်ဆေးတဲ့နှုန်းမှာ မြန်မာက ပိုတယ်လို့တောင် ပြနေပါတယ်။ တော်တော်ဖြစ်နိူင်ခြေရှိတဲ့သူတွေကို စစ်တာတောင် ဒီလောက်ပဲတွေ့တော့ ပိုတိုးစစ်ရင် တွေ့တဲ့နှုန်းပို့လျော့ဖွယ်ရှိပါတယ်။ စစ်တာနည်းလို့ဆိုတဲ့ ထင်မြင်ချက်ကို ဒီကိန်းဂဏန်းအချက်အလက် တွေကတော့ မထောက်ခံပါဘူး။ False Negative တွေမရှိနိုင်ဘူးလားမေးရင်တော့ မြန်မာပြည် ဓါတ်ခွဲခန်း NHL က စစ်ဆေးအဖြေထုတ်မူကို ယုံကြည်ကြောင်းသာပြောချင်ပါတယ်။

သေဆုံးနှုန်းကိုတွက်ရာမှာ စုစုပေါင်း အတည်ပြုလူနာဦးရေအပေါ်မှာ အခြေခံပြောနေကြပါတယ်။ ဒီနေ့ ဧပြီလ ၈ ရက်နေ့ ကိန်းဂဏန်းအရ တကမ္ဘာလုံးမှာ Confirmed အတည်ပြုလူနာ ၁,၄၃၄,၂၃၀ Death သေဆုံး ၈၂,၁၄၃ ဆိုတော့ ၅.၇ ရာခိုင်နှုန်းသာ သေဆုံးမူရှိတယ်လို့ယူဆစရာရှိပါတယ်။

တကယ်တန်းတွက်ချက်မူက Recover ပြန်ကောင်းလာသူ ၃၀၂,၄၅၈ (၇၉%) နဲ့ Death သေဆုံး ၈၂,၁၄၃ (၂၁%) ကိုယူရမှာဖြစ်ပါတယ်။

ကျန်တဲ့ Confirmed Cases ၁,၀၄၉,၆၃၄ ရဲ့ ဖြစ်လာမဲ့ကိစ္စ မသိသေးလို့ပါ။
မြန်မာနိူင်ငံရဲ့ Covid-19 သေဆုံးနှုန်းကို လက်ရှိလူနာ ဦးရေ ၊သေဆုံးမူ အရေအတွက်လောက်နဲ့တော့ မတွက်သင့်သေးပါဘူး။ ယခုလူနာ (၁၉) ဦးလုံးပြန်ကောင်းသွားပြီး ရောဂါရှိလူနာသစ် ထပ်မတွေ့ဘူးဆိုရင်တော့ သေဆုံးနှုန်းက (၁၃.၆ %) လို့ပြောချင်ပြောလို့ရမှာပါ။ နောက်ထပ် ထပ်တွေ့သူတွေ အကုန်ပြန်ကောင်းသွားရင် % လျော့သွားမယ်။ သေဆုံးမူတွေ ရှိလာဦးမယ်ဆိုရင် တိုးလာနိုင်တာလည်းရှိပါတယ်။

ခု လက်ရှိဖြစ်ပွား၊ သေဆုံးမူ ပမာဏအပေါ်မူတည် ပြီး နှုန်းထားတွေ တွက်ချက်မရသေးသော်လည်း သူ့အဖျက်စွမ်းအားကို လျော့မတွက်ဖို့တော့ Covid 19 က ခေါင်းလောင်းထိုးလိုက်ပြီလို့ ဆိုချင်ပါတယ်။

အများပြည်သူတို့အနေနဲ့ စိုးရိမ်သည်ဖြစ်စေ၊ ကြောက်ရွံ့သည်ဖြစ်စေ၊ ဝိုင်းကူလိုသည်ဖြစ်စေ၊ တစ်ခုတည်းသာဆောင်ရွက်ဖို့လိုပါတယ်။

“Stay at Home” အိမ်မှာပဲနေကြပါ။

Aye Tun

Zawgyi

ျမန္မာျပည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးႏႈန္း ထင္ျမင္ယူဆခ်က္ႏွင့္ ကိန္းဂဏန္း အခ်က္အလက္…

ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ Covid-19 ေၾကာင့္ ဒီေန႔ (၈.၄.၂၀) တစ္ရက္တည္းမွာ (၂) ဦးကြယ္လြန္သြားခဲ့တာမို႔ စိုးရိမ္ပူပန္မူေတြတိုးပြားလာပါတယ္။

ဓါတ္ခြဲစစ္ေဆး အတည္ျပဳမူနည္းလြန္းလို႔ Case ေတြမေဖာ္ထုတ္ႏိုင္။ ေရာဂါဆိုးခ်ိန္က်မွ စစ္ေဆးေတြ႕ရွိေတာ့ ေသဆုံးမူ ပိုမ်ားတာမဆန္းဘူးလို႔ အခ်ိဳ႕ကထင္ျမင္တယ္။ အခ်ဳိ႕က ၁၃.၆% ေသဆုံးမႈ ျမင့္လြန္းေနၿပီ။ ေဆးကုသမူအပိုင္းမွာ အားနည္းတာလား၊ ေရာဂါပိုးက ပိုျပင္းထန္လာသလား ေမးလာ ေတြးလာၾကပါတယ္။

အပူခ်ိန္ျမင့္လာရင္ ေလ်ာ့သြားမွာတု႔ိ ၊ BCG ထိုးထားၾကေတာ့ သက္သာမွာတို႔၊ သက္ႀကီးေတြ နည္းေတာ့ ဒီမွာ အေသအေပ်ာက္နည္းမွာတို႔ ထင္ေၾကးေတြ ေလ်ာ့သြားပါတယ္။

ျမန္မာႏိူင္ငံရဲ႕ ေရာဂါစစ္ေဆး ဓါတ္ခြဲအတည္ျပဳမူအရမ္းနည္းလြန္းသလား။

ဧၿပီ ၃ ရက္ထိ (၁၁၀၂)ဦး, ၄,၅,၆,၇ ရက္ေတြမွာ ၈၄,၅၅,၄၆,၃၂ ဦးစီ စစ္ေဆးခဲ့ေတာ့ စုစုေပါင္း (၁၃၁၉) သာရွိလို႔ႏိုင္ငံ လူဦးေရနဲ႔ ျကည့္ရင္ေတာ့ လူတစ္သန္းမွာ (၂၃) ေယာက္ေလာက္ပဲ စစ္ေပးခဲ့ပါတယ္။

ဒါေပမဲ့ (၁၃၁၉) စစ္ရာမွာ (၂၂) ဦးပဲ ေရာဂါေတြ႕ရွိတာမို႔ ရာခိုင္ႏွဳန္းအားျဖင့္ (၁.၆၆) ပဲေတြ႕ရွိတာပါ။ လူတစ္ေထာင္စစ္ရင္ေတြ႕တဲ့ႏွဳန္းက (၁၆.၆)ဦးပါ။

လူတစ္ေထာင္စစ္လို႔ေတြ႕တဲ့ႏွဳန္းေတြက…

USA ၁၉၂,
Spain ၃၉၉,
Italy ၁၇၉,
UK ၂၀၇
S.Korea ၂၁,
Japan ၇၆
Singapore ၂၂,
Cambodia ၂၀,
Malaysia ၇၁
Thai ၃၃,
Philipines ၁၅၃,
Indonesia ၁၉၀

ဆိုေတာ့ကာ.. စစ္ေဆးတဲ့ႏွဳန္းမွာ ျမန္မာက ပိုတယ္လို႔ေတာင္ ျပေနပါတယ္။ ေတာ္ေတာ္ျဖစ္ႏိူင္ေျခရွိတဲ့သူေတြကို စစ္တာေတာင္ ဒီေလာက္ပဲေတြ႕ေတာ့ ပိုတိုးစစ္ရင္ ေတြ႕တဲ့ႏွဳန္းပို႔ေလ်ာ့ဖြယ္ရွိပါတယ္။ စစ္တာနည္းလို႔ဆိုတဲ့ ထင္ျမင္ခ်က္ကို ဒီကိန္းဂဏန္းအခ်က္အလက္ ေတြကေတာ့ မေထာက္ခံပါဘူး။ False Negative ေတြမရွိႏိုင္ဘူးလားေမးရင္ေတာ့ ျမန္မာျပည္ ဓါတ္ခြဲခန္း NHL က စစ္ေဆးအေျဖထုတ္မူကို ယုံၾကည္ေၾကာင္းသာေျပာခ်င္ပါတယ္။

ေသဆုံးႏွဳန္းကိုတြက္ရာမွာ စုစုေပါင္း အတည္ျပဳလူနာဦးေရအေပၚမွာ အေျခခံေျပာေနၾကပါတယ္။ ဒီေန႔ ဧၿပီလ ၈ ရက္ေန႕ ကိန္းဂဏန္းအရ တကမ႓ာလုံးမွာ Confirmed အတည္ျပဳလူနာ ၁,၄၃၄,၂၃၀ Death ေသဆုံး ၈၂,၁၄၃ ဆိုေတာ့ ၅.၇ ရာခိုင္ႏွဳန္းသာ ေသဆုံးမူရွိတယ္လို႔ယူဆစရာရွိပါတယ္။

တကယ္တန္းတြက္ခ်က္မူက Recover ျပန္ေကာင္းလာသူ ၃၀၂,၄၅၈ (၇၉%) နဲ႔ Death ေသဆုံး ၈၂,၁၄၃ (၂၁%) ကိုယူရမွာျဖစ္ပါတယ္။

က်န္တဲ့ Confirmed Cases ၁,၀၄၉,၆၃၄ ရဲ႕ ျဖစ္လာမဲ့ကိစၥ မသိေသးလို႔ပါ။

ျမန္မာႏိူင္ငံရဲ႕ Covid-19 ေသဆံုးႏွဳန္းကို လက္ရွိလူနာ ဦးေရ ၊ေသဆုံးမူ အေရအတြက္ေလာက္နဲ႔ေတာ့ မတြက္သင့္ေသးပါဘူး။ ယခုလူနာ (၁၉) ဦးလုံးျပန္ေကာင္းသြားၿပီး ေရာဂါရွိလူနာသစ္ ထပ္မေတြ႕ဘူးဆိုရင္ေတာ့ ေသဆုံးႏွဳန္းက (၁၃.၆ %) လို႔ေျပာခ်င္ေျပာလို႔ရမွာပါ။ ေနာက္ထပ္ ထပ္ေတြ႕သူေတြ အကုန္ျပန္ေကာင္းသြားရင္ % ေလ်ာ့သြားမယ္။ ေသဆုံးမူေတြ ရွိလာဦးမယ္ဆိုရင္ တိုးလာႏိုင္တာလည္းရွိပါတယ္။

ခု လက္ရွိျဖစ္ပြား၊ ေသဆုံးမူ ပမာဏအေပၚမူတည္ ျပီး ႏွဳန္းထားေတြ တြက္ခ်က္မရေသးေသာ္လည္း သူ႔အဖ်က္စြမ္းအားကို ေလ်ာ့မတြက္ဖို႔ေတာ့ Covid 19 က ေခါင္းေလာင္းထိုးလိုက္ၿပီလို႔ ဆိုခ်င္ပါတယ္။

အမ်ားျပည္သူတို႔အေနနဲ႔ စိုးရိမ္သည္ျဖစ္ေစ၊ ေၾကာက္ရြံ႕သည္ျဖစ္ေစ၊ ဝိုင္းကူလိုသည္ျဖစ္ေစ၊ တစ္ခုတည္းသာေဆာင္ရြက္ဖို႔လိုပါတယ္။

“Stay at Home” အိမ္မွာပဲေနၾကပါ။

Aye Tun

Post a Comment

Previous Post Next Post