ပြည်မြို့ ဆေးရုံကြီးမှာ ကျန်းမာရေးကုသမှုခံယူနေတဲ့ COVID-19 အတည်ပြုအမှတ် ၁၇ ပေါက်ခေါင်းမြို့နယ် ဒု-မြို့နယ်အုပ်ရေးမှူးဟာ ဒီကနေ့မနက်စော ၃ နာရီ ၄၀ မိနစ်မှာ ကိုဗစ် ၁၉ ရောဂါကြောင့်သေဆုံးသွားပြီလို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ဦးကျော်ဇေယျက အတည်ပြုပြောပါတယ်။

အတည်ပြုအမှတ် ၁၇ သည် ကိုဗစ်19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါကြောင့် အဆုတ်ပျက်စီးပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ လူနာကို ချက်ချင်းသဂြိူလ်မှာဖြစ်တယ်လို့သိရပါတယ်။
” အဆုတ်ပျက်စီးသေတယ်။ ကလေးတွေက အခြေအနေကောင်းတယ်။ လူနာကိုချက်ချင်းသင်္ဂြိုလ်မယ်။လူနာက ခရစ်ယာန်ဆိုတော့ ဘာသာရေးဆိုင်ရာဓလေ့အရပဲသင်္ဂြိုလ်မယ်။သူ့ဆွေမျိုးတွေဘာတွေကိုတော့ ဓာတ်ပုံပဲပို့လို့ရမှာပေါ့”လို့ ဦးကျော်ဇေယျက ပြောပါတယ်။

Credit Duwun

Post a Comment

Previous Post Next Post