🇲🇲 မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ (38) ယောက်ရှိပြီး သေဆုံးသူ 3 ယောက် ရှိပါပြီ။ မနေ့က ပိုးရှိသူအသစ် 10 ယောက်တွေ့ပါတယ်။ Quatantine ကာလကို 21 အထိတိုးပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။

🌎 ကမ္ဘာမှာ မနေ့က ပိုးတွေ့သူ 1.8 သန်းနီးနီးရှိသွားပါပြီ။

အာစီယံဒေသအတွင်း အခြေအနေ…

🇸🇬 စင်ကာပူမှာ ရောဂါရှိသူအသစ် 191 ယောက် တွေ့ခဲ့ပါတယ်။ စုစုပေါင်း 2299 ယောက် ရှိပါပြီ။ အသက် 90 အရွယ်အဖိုးအိုတစ်ယောက် မနေ့က သေဆုံးခဲ့ပါတယ်။ စုစုပေါင်း 8 ယောက်ရှိပါပြီ။ မနေ့က အသစ်တွေ့သူတွေထဲမှာ မြန်မာ 4 ယောက်ပါပါတယ်။

April 12 ကစပြီး စင်ကာပူရှိ ဈေးပေါင်း 40 ကို သွားရင် mask မတပ်ရင် ပေးမဝင်တော့ပါဘူး။ စင်ကာပူရဲ့ ပို့ဆောင်ရေးဝန်ကြီးက ရထားနဲ့ ကားပေါ်မှာ မကြာခင် mask မဝတ်မနေရဝတ်ခိုင်းတော့မယ်လို့ ဆိုပါတယ်။

စင်ကာပူမှာ cirucuit breaker အမိန့်ကို ဖောက်ဖျက်ရင် ဒဏ်ငွေ $300 ပထမအကြိမ်ဆောင်ရပါတော့မယ်။ ဝမ်နင်မပေးတော့ပါဘူး။ လုပ်သားအဆောင်တွေမှာ ရောဂါရှိသူတွေ တွေ့အပြီးမှာ ကျန်းမာတဲ့လုပ်သားတွေကို MPA ရဲ့ ရေပေါ်အဆောင်တွေမှာ ထားမယ်လို့ ဆိုပါတယ်။

စင်ကာပူက polyclinics 20 နဲ့ အခြားဆေးခန်း 140 လောက်မှာ swab test လုပ်ဖို့လိုတယ်လို့ထင်သူတွေကို swab test 4500 လောက် ယူပေးခဲ့ပါတယ်တဲ့။

🇮🇩 အင်ဒိုနီးရှားမှာ တွေ့သူ 3842 ယောက်ရှိကာ သေသူ 327 ယောက်ရှိပါပြီ။ အင်ဒိုနီးရှားမှာ သေနှုန်းမြင့်မားနေပါတယ်။ အင်ဒိုနီးရှားဟာ အခုထိ Test 15000 ကျော်စစ်ပြီးပါပြီ။ အင်ဒိုနီးရှားဟာ ပြည်နယ် 12 ခုကို Swiss company ဖြစ်တဲ့ Roche ကနေ ထုတ်တဲ့ PCR test kits တွေ ဖြန့်ဖို့လုပ်နေပါတယ်။

အင်ဒိုနီးရှားမှာ 2018 ကဆူနာမီ ဖြစ်စေခဲ့တဲ့ Anak Krakatau မီးတောင်ပေါက်ကွဲခဲ့ပြန်ပါတယ်။ အဲ့ဒီမီးတောင်ဟာ ဂျာဗားနဲ့ ဆူမာထရာကျွန်းတွေကြားမှာ တည်ရှိတာပါ။
🇲🇾 မလေးရှားမှာ အသစ်တွေ့ရှိသူ 184 ယောက်ရှိခဲ့ပါတယ်။ မနေ့က 3 ယောက်ထပ်သေဆုံးခဲ့ပါတယ်။ စုစုပေါင်း 4530 ယောက် အထိ ရှိလာပြီး သေဆုံးသူ 73 ယောက်ရှိပါပြီ။

မလေးရှား ကလေးသရုပ်ဆောင် Puteri ဟာ သူ့အမေနဲ့အတူ စကော့တလန်မှာ ရုပ်ရှင်သွားရိုက်ပြီး ပြန်အလာမှာ ကိုဗစ်ကူးလာခဲ့ပါတယ်။ မလေးရှားက အသွားအလာကန့်သတ်မှုအမိန့် MCO ကို ဧပြီ 28 အထိ 14 ရက်ထပ်တိုးခဲ့ပါတယ်။

🇹🇭 ထိုင်းနိုင်ငံမှာ အသွားအလာကန့်သတ်ပြီးကတည်းက online လုပ်ငန်းတွေ ပိုဖွံ့ဖြိုးလာပါတယ်။

🇱🇦 လာအို တွေ့သူ 18 ယောက်ရှိသွားပါပြီ။ အသစ် 2 ယောက်တိုးပါတယ်။

ကျန်အာရှနိုင်ငံများ အခြေအနေ…

🇨🇳 တရုတ်ပြည်မှာ လူနာအသစ်တွေ့ရှိမှုက ရှိနေဆဲဖြစ်ပါတယ်။ တရုတ်မှာ အသစ် 99 ယောက်တွေ့ခဲ့ပါတယ်။

ရုရှားနယ်စပ်က Heilongjiang ပြည်နယ်ကနေ တရုတ်တွေပြန်ဝင်လာအပြီးမှာ အသစ်တွေ့မှု မြင့်တက်ခဲ့တာကြောင့် နယ်စပ်ကို သေချာကိုင်တွယ်နေပါတယ်တဲ့။ ဝူဟန့်မှာ lockdown ဖြေလျော့လိုက်ပြီဆိုပေမယ့် ဒေသခံတွေကို test စစ်တာ ဆက်လုပ်နေပါတယ်။

🇳🇬 နိုင်ဂျီးရီယားက ဆရာဝန်တွေဟာ တရုတ်ပြည်က လာကူမှာကို ဆန့်ကျင်ကြပါတယ်တဲ့။ လာမယ့်အစား online ကပဲ ဆွေးနွေးသင်ပြပေးဖို့ တောင်းဆိုနေကြပါတယ်။

Nigerian Medical Association ရဲ့ အဆိုအရ နိုင်ဂျီးရီးယားမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခြေအနေ ဘယ်လောက်နိမ့်ကျနေသလဲဆိုတာကို မမြင်စေလိုပါဘူးတဲ့။
🇭🇰 ဟောင်ကောင် အစိုးရဟာ လေကြောင်းလိုင်းတွေကို ဖေးမပေးတဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ လေယာဉ်လက်မှတ် 5 သိန်းကို Hongkong Airlines ဆီက ဝယ်ယူခဲ့ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်မှာ တွေ့နှုန်းများလာနေပါတယ်။ တွေ့သူ 482 ယောက်ရှိပါပြီ။ သေသူ 30 ရှိပါပြီ။

🇮🇳 အိန္ဒိယမှာ lockdown ကာလအတွင်း သွေးလှုမှုလျော့ကျတာကြောင့် သွေးလှုဘဏ်မှာ သွေးရှားပါးမှုဖြစ်နေပါတယ်။

🇵🇰 ပါကစ္စတန်နိုင်ငံ Quetta မှာ ဆရာဝန်အယောက် 67 ယောက်လောက်ဟာ PPE မလုံလောက်ကြောင်းဆန္ဒပြခဲ့လို့ ရဲတွေက နံပါတ်တုတ်နဲ့ရိုက်ပြီး ဖမ်းဆီးခဲ့ပါတယ်။

🇯🇵 ဂျပန်မှာ တွေ့သူ 6000 ကျော်သွားပါပြီ။ ဂျပန်မှာ COVID-19 နဲ့ဆက်နွယ်ပြီး ဧပြီလထဲမှာ ကုမ္ပဏီဒေဝါလီခံမှု 51 ခုရှိခဲ့ပါတယ်။ ဒေဝါလီခံသူတွေဟာ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ များပါတယ်တဲ့။
ကျန်နိုင်ငံများ အခြေအနေ…

🇺🇸 အမေရိကန်နိုင်ငံမှာ တွေ့သူ 5 သိန်း ကျော်သွားပါပြီ။ သေဆုံးသူ 20577 ယောက်ရှိပါပြီ။ သေဆုံးသူ 20000 ကျော်ပြီမို့ အီတလီထက်ပိုများသွားပါပြီ။

သမ္မတာ Trump က အမေရိကန်ရဲ့စီးပွားရေးကို ဘယ်အချိန်ပြန်လည်ပတ်အောင် ဖွင့်ရမလဲဆိုတာ သူ့ဘဝမှာ အကြီးဆုံးဆုံးဖြတ်ချက်ဖြစ်ပါတယ်တဲ့။

အမေရိကန်မှာ အိမ်ဖြူတော်နဲ့ VOA အကြားအငြင်းပွားမှုဖြစ်ခဲ့ပါတယ်။ ဒါဟာ ရှားပါးလှတဲ့ အငြင်းပွားမှုပါ။ VOA ရဲ့ တရုတ်ပြည် ဝူဟန်သတင်းကို ထုတ်လွှင့်အပြီးမှာ အိမ်ဖြူတော်က ပြည်သူ့ငွေရဲ့ အခွန်ငွေနဲ့ သူများနိုင်ငံအကြောင်း ဝါဒဖြန့်ပေးနေတယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန် ဖလော်ရီဒါမှာ လယ်သမားတွေဟာ ဈေးဆိုင်တွေကို အချိန်မှီ မပို့နိုင်တာကြောင့် zucchini စတဲ့ ဟင်းသီးဟင်းရွက်တွေကို ဧကထောင်နဲ့ချီပြီး မခူးနိုင်ပဲ ပစ်ထားရပါတယ်။ နို့စားနွားမွေးသူတွေဟာလည်း Dairy Farmers of America ရဲ့ညွှန်ကြားချက်အတိုင်း နွားနို့ ဂါလံပေါင်းများစွာကို မြောင်းထဲသွန်ပစ်နေရပါတယ်။
🇬🇧 UK ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ရဲ့အခြေအနေကတော့ ICU က ထွက်လာပြီး လမ်းလျှောက်နိုင်ပြီလို့ဆိုပါတယ်။

🇷🇺 ရုရှားနိုင်ငံ မော်စကို Zoo မှာရှိတဲ့ Ru Yi နဲ့ Ding Ding ပန်ဒါ နှစ်ကောင်ဟာ ခါတိုင်းက လာကြည့်သူဝိုင်းဝိုင်းလည်နေပြီး ယခုဘယ်သူမှမရှိတော့တဲ့အတွက် အထီးကျန်ဖြစ်နေပြီး လူရိပ်မြင်တာနဲ့ ပြေးလာကြပါတယ်တဲ့။

အာဖရိကရှိ ရဝမ်ဒါ၊ ယူဂန်ဒါ၊ ဒီအာစီစတဲ့ နိုင်ငံတွေဟာ တောရိုင်းတိရစ္ဆာန်နေရာတွေ ပိတ်ထားရမယ့်အတွက် ဒေါ်လာသန်းပေါင်းများစွာ နစ်နာပါမယ်။ ချင်ပန်ဇီ၊ ဂေါ်ရီလာ စတဲ့ လူဝံနဲ့ မျောက်ဝံတွေဟာ လူနဲ့ DNA 98% တူတာကြောင့် ဒီရှားပါးမျိုးစိတ်တွေကို ကူးသွားမှာ စိုးရိမ်နေရပါတယ်။

🇵🇪 ပီရူး၊ 🇨🇱 ချီလီစတဲ့ နိုင်ငံတွေမှာ ဈေးသည်တွေဟာ lockdown ကို ဂရုမစိုက်ပဲ အီစတာပွဲတော်အတွက် ထွက်ဈေးရောင်းခဲ့ပေမယ့် နှစ်စဉ်စည်ကားခဲ့တဲ့လမ်းပေါ်မှာ လူမရှိဖြစ်ခဲ့ပါတယ်။

🌍 ယနေ့ ဧပြီလ (၁၂)ရက် တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 1780315 ယောက်၊ သေသူ 108770 ယောက်။ ပြန်ကောင်းသူ 402709 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 4% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case 511479 မှာ 402709 ပြန်ကောင်းပြီး 108770 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 21% အထိတက်လာပါတယ်။

🇺🇸 အမေရိကန် တွေ့သူ 532879, သေသူ 20577,

🇪🇸 စပိန် တွေ့သူ 163027, သေသူ 16606,

🇮🇹 အီတလီ တွေ့သူ 152271, သေသူ 19468,

🇫🇷 ပြင်သစ် တွေ့သူ 129654, သေသူ 13832,

🇩🇪 ဂျာမနီ တွေ့သူ 125452, သေသူ 2871,

🇨🇳 တရုတ်မှာ တွေ့သူ 82052, သေသူ 3339 ယောက်၊

🇬🇧 အင်္ဂလန် တွေ့သူ 78991, သေသူ 9875,

🇮🇷 အီရန် တွေ့သူ 70029, သေသူ 4357,

🇹🇷 တူရကီ တွေ့သူ 52167, သေသူ 1101,

🇧🇪 ဘယ်ဂျီယံ တွေ့သူ 28018, သေသူ 3346,

🇨🇭 ဆွစ်စလန် တွေ့သူ 25107, သေသူ 1036,

🇳🇱 နယ်သာလန် တွေ့သူ 24413, သေသူ 2643,

🇨🇦 ကနေဒါ တွေ့သူ 23318, သေသူ 653,

🇧🇷 ဘရာဇီး တွေ့သူ 20962, သေသူ 1140,

🇵🇹 ပေါ်တူကီ တွေ့သူ 15987, သေသူ 470,

🇦🇹 အော်စတြီးယား တွေ့ 13806, သေသူ 337,

🇷🇺 ရုရှား တွေ့သူ 13584, သေသူ 106,

🇮🇱 အစ္စရေး တွေ့သူ 10743, သေသူ 101,

🇰🇷 တောင်ကိုရီးယား တွေ့သူ 10512, သေသူ 214,

🇸🇪 ဆွီဒင် တွေ့သူ 10151, သေသူ 887,

🇮🇪 အိုင်ယာလန် တွေ့သူ 8928, သေသူ 320,

🇮🇳 အိန္ဒိယ တွေ့သူ 8446, သေသူ 288,

🇪🇨 အီကွေဒေါ တွေ့သူ 7257, သေသူ 315,

🇨🇱 ချီလီ တွေ့သူ 6927, သေသူ 73,

🇵🇪 ပီရူး တွေ့သူ 6848, သေသူ 181,

🇳🇴 နော်ဝေ တွေ့သူ 6409, သေသူ 119,

🇵🇱 ပိုလန် တွေ့သူ 6356, သေသူ 208,

🇦🇺 ဩစတေးလျ တွေ့သူ 6303, သေသူ 56,

🇯🇵 ဂျပန် တွေ့သူ 6005, သေသူ 99,

🇩🇰 ဒန်းမတ် တွေ့သူ 5996, သေသူ 260,

🇷🇴 ရိုမေးနီးယား တွေ့သူ 5990, သေသူ 291,

🇨🇿 ချက် တွေ့သူ 5902, သေသူ 129,

🇵🇰 ပါကစ္စတန် တွေ့သူ 5011, သေသူ 86,

🇲🇾 မလေးရှား တွေ့သူ 4530, သေသူ 73,

🇵🇭 ဖိလစ်ပိုင် တွေ့သူ 4428, သေသူ 247,

🇸🇦 ဆော်ဒီ တွေ့သူ 4033, သေသူ 52,

🇲🇽 မက္ကဆီကို တွေ့သူ 3844, သေသူ 233,

🇮🇩 အင်ဒိုနီးရှား တွေ့သူ 3842, သေသူ 327,

🇦🇪 ယူအေအီး တွေ့သူ 3736, သေသူ 20,

🇷🇸 ဆားဗီးယား တွေ့သူ 3380, သေသူ 74,

🇱🇺 လူဇင်ဘတ် တွေ့သူ 3270, သေသူ 62,

🇵🇦 ပနားမား တွေ့သူ 3234, သေသူ 79,

🇫🇮 ဖင်လန် တွေ့သူ 2905, သေသူ 49,

🇩🇴 ဒိုမေနီကန်ရီပတ်ဘလစ် တွေ့သူ 2759, သေသူ 135,

🇶🇦 ကာတာ တွေ့သူ 2728, သေသူ 6,

🇨🇴 ကိုလံဘီယာ တွေ့သူ 2709, သေသူ 100,

🇹🇭 ထိုင်း တွေ့သူ 2518, သေသူ 35,

🇺🇦 ယူကရိန်း တွေ့သူ 2511, သေသူ 73,

🇸🇬 စင်ကာပူ တွေ့သူ 2299, သေသူ 8,

🇧🇾 ဘောလားရပ်စ် တွေ့သူ 2226, သေသူ 23,

🇦🇷 အာဂျင်တီးနား တွေ့သူ 2142, သေသူ 89,

🇬🇷 ဂရိ တွေ့သူ 2081, သေသူ 93,

🇿🇦 တောင်အာဖရိက တွေ့သူ 2028, သေသူ 25,

🇪🇬 အီဂျစ် တွေ့သူ 1939, သေသူ 146,

🇩🇿 အယ်ဂျီးရီးယား တွေ့သူ 1825, သေသူ 275,

🇮🇸 အိုက်စလန် တွေ့သူ 1689, သေသူ 8,

🇲🇩 မော်ဒိုဗာ တွေ့သူ 1560, သေသူ 30,

🇲🇦 မော်ရိုကို တွေ့သူ 1545, သေသူ 111,

🇭🇷 ခရိုအေးရှား တွေ့သူ 1534, သေသူ 21,

🇮🇶 အီရတ် တွေ့သူ 1318, သေသူ 72,

🇳🇿 နယူးဇီလန် တွေ့သူ 1312, သေသူ 4,

🇭🇺 ဟန်ဂေရီ တွေ့သူ 1310, သေသူ 85,

🇪🇪 အက်စတိုးနီးယား တွေ့သူ 1304, သေသူ 24,

🇸🇮 စလိုဗန်းနီးယား တွေ့သူ 1188, သေသူ 50,

🇰🇼 ကူဝိတ် တွေ့သူ 1154, သေသူ 1,

🇦🇿 အဇာဘိုင်ဂျန် တွေ့သူ 1058, သေသူ 11,

🇧🇭 ဘာရိန်း တွေ့သူ 1040, သေသူ 6,

🇱🇹 လစ်သူရေးနီးယား တွေ့သူ 1026,သေသူ 23,

🇭🇰 ဟောင်ကောင် တွေ့သူ 1001, သေသူ 4,

🇦🇲 အာမေးနီးယား တွေ့သူ 967, သေသူ 13,

🇧🇦 ဘောစနီးယား တွေ့သူ 946, သေသူ 37,

🇰🇿 ကာဇက်စ္စတန် တွေ့သူ 865, သေသူ 10,

🇨🇲 ကင်မရွန်း တွေ့သူ 820, သေသူ 12,

🇺🇿 အူဘက်ကစ္စတန် တွေ့သူ 767, သေသူ 4,

🇲🇰 မြောက်မက်ဆီဒိုးနီးယား တွေ့သူ 760, သေသူ 34,

🇸🇰 စလိုဗက် တွေ့သူ 728, သေသူ 2,

⛴️ Diamon Princess သင်္ဘော တွေ့သူ 712, သေသူ 11,

🇹🇳 တူနီးရှား တွေ့သူ 685, သေသူ 28,

🇧🇬 ဘူဂေးရီးယား တွေ့သူ 661, သေသူ 28,

🇱🇻 လတ်ဗီးယား တွေ့သူ 630, သေသူ 3,

🇨🇺 ကျုးဘား တွေ့သူ 620, သေသူ 16,

🇱🇧 လက်ဘနွန် တွေ့သူ 619, သေသူ 20,

🇨🇾 ဆိုက်ပရပ်စ် တွေ့သူ 616, သေသူ 10,

🇦🇩 အန်ဒိုရာ တွေ့သူ 601, သေသူ 26,

🇨🇷 ကော်စတရီကာ တွေ့သူ 577, သေသူ 3,

🇦🇫 အာဖကန်နစ္စတန် တွေ့သူ 555, သေသူ 18,

🇴🇲 အိုမန် တွေ့သူ 546, သေသူ 3,

🇨🇮 အိုင်ဗရီကို့စ် တွေ့သူ 533, သေသူ 4,

🇺🇾 ယူရဂွေး တွေ့သူ 494, သေသူ 7,

🇳🇪 နိုင်ဂျာ တွေ့သူ 491, သေသူ 11,

🇧🇫 ဘာကီနာဖက်စကို တွေ့သူ 484, သေသူ 27,

🇧🇩 ဘင်္ဂလားဒေ့ရှ် တွေ့သူ 482, သေသူ 30,

🇦🇱 အယ်ဘေးနီးယား တွေ့သူ 433, သေသူ 23,

🇬🇭 ဂါနာ တွေ့သူ 408, သေသူ 8,

🇯🇪 ချနယ်ကျွန်းစု တွေ့သူ 407, သေသူ 9,

🇭🇳 ဟွန်းဒူးရပ်စ် တွေ့သူ 392, သေသူ 24,

🇫🇷 လာရီယူနီယံ တွေ့သူ 388, သေသူ 0,

🇹🇼 ထိုင်ဝမ် တွေ့သူ 385, သေသူ 6,

🇯🇴 ဂျော်ဒန် တွေ့သူ 381, သေသူ 7,

🇲🇹 မော်တာ တွေ့သူ 370, သေသူ 3,

🇸🇲 စန်မာရီနို တွေ့သူ 356, သေသူ 35,

🇰🇬 ကာဂါစတန် တွေ့သူ 339, သေသူ 5,

🇲🇺 မော်ရစ်ရှပ် တွေ့သူ 319, သေသူ 9,

🇳🇬 နိုင်ဂျီးရီးယား တွေ့သူ 318, သေသူ 10,

🇸🇳 ဆီနီဂေါ တွေ့သူ 278, သေသူ 2,

🇧🇴 ဘူလီးဗီးယား တွေ့သူ 275, သေသူ 20,

🇵🇸 ပါလက်စတိုင်း တွေ့သူ 268, သေသူ 2,

🇲🇪 မွန်တီနီဂရိုး တွေ့သူ 263, သေသူ 2,

🇻🇳 ဗီယက်နမ် တွေ့သူ 258, သေသူ 0,

🇬🇳 ဂီနီယာ တွေ့သူ 250, သေသူ 0,

🇬🇪 ဂျော်ဂျီယာ တွေ့သူ 242, သေသူ 3,

🇮🇲 အိုင်အော့မန်း တွေ့သူ 226, သေသူ 2,

🇨🇩 ဒီအာစီ တွေ့သူ 223, သေသူ 20,

🇱🇰 သီရိလင်္ကာ တွေ့သူ 198, သေသူ 7,

🇾🇹 မယိုးတီး တွေ့သူ 196, သေသူ 3,

🇰🇪 ကင်ညာ တွေ့သူ 191, သေသူ 7,

🇩🇯 ဒဂျီဘိုတီ တွေ့သူ 187, သေသူ 2,

🇫🇴 ဖရိုးကျွန်းစု တွေ့သူ 184, သေသူ 0,

🇻🇪 ဗနီဇွဲလား တွေ့သူ 175, သေသူ 9,

🇲🇶 မာတင်နစ် တွေ့သူ 155, သေသူ 6,

🇬🇵 ဂွာဒီလုပ် တွေ့သူ 143, သေသူ 8,

🇬🇹 ဂွာတီမာလာ တွေ့သူ 137, သေသူ 3,

🇧🇳 ဘရူနိုင်း တွေ့သူ 136, သေသူ 1,

🇵🇾 ပါရာဂွေး တွေ့သူ 133, သေသူ 6,

🇬🇮 ဂျီဘရာတာ တွေ့သူ 129, သေသူ 0,

🇰🇭 ကမ်ဘောဒီးယား တွေ့သူ 120, သေသူ 0,

🇷🇼 ရဝမ်ဒါ တွေ့သူ 120, သေသူ 0,

🇸🇻 အယ်ဆဗဒေါ တွေ့သူ 118, သေသူ 6,

🇹🇹 ထရီနီဒတ် တွေ့သူ 112, သေသူ 8,

🇲🇬 မဒါဂက်စကာ တွေ့သူ 102, သေသူ 0,

🇲🇨 မော်နာကို တွေ့သူ 92, သေသူ 1,

🇦🇼 အာရူဘာ တွေ့သူ 92, သေသူ 0,

🇲🇱 မာလီ တွေ့သူ 87, သေသူ 7,

🇬🇫 ပြင်သစ်ဂွေ့အာနာ တွေ့သူ 86, သေသူ 0,

🇱🇮 လစ်ချ်တန်စတိန်း တွေ့သူ 79, သေသူ 1,

🇹🇬 တိုဂို တွေ့သူ 76, သေသူ 3,

🇯🇲 ဂျမေးကား တွေ့သူ 69, သေသူ 4,

🇪🇹 အီသီယိုးပီးယား တွေ့သူ 69, သေသူ 3,

🇧🇧 ဘာဘဒို့စ် တွေ့သူ 68, သေသူ 4,

🇨🇬 ကွန်ဂို တွေ့သူ 60, သေသူ 5,

🇰🇾 ကေးမန်းကျွန်း တွေ့သူ 53, သေသူ 1,

🇺🇬 ယူဂန်ဒါ တွေ့သူ 53, သေသူ 0,

🇵🇫 ပြင်သစ်ပိုလီနီးရှား တွေ့သူ 51, သေသူ 0,

🇸🇽 ဆင့်မာတန် တွေ့သူ 50, သေသူ 9,

🇱🇷 လိုင်ဘေးရီးယား တွေ့သူ 48, သေသူ 5,

🇧🇲 ဘာမြူဒါ တွေ့သူ 48, သေသူ 4,

🇧🇸 ဘဟားမား တွေ့သူ 46, သေသူ 8,

🇬🇦 ဂဘွန် တွေ့သူ 46, သေသူ 1,

🇬🇾 ဂူရာနာ တွေ့သူ 45, သေသူ 6,

🇲🇴 မကာအို တွေ့သူ 45, သေသူ 0,

🇿🇲 ဇန်ဘီယာ တွေ့သူ 40, သေသူ 1,

♦️🇲🇲 မြန်မာ တွေ့သူ 38, သေသူ 3,♦️

🇬🇼 ဂီနီယာဘစ်ဆော တွေ့သူ 38, သေသူ 0,

🇧🇯 ဘီနင်း တွေ့သူ 35, သေသူ 1,

🇪🇷 အရီထရီရာ တွေ့သူ 34, သေသူ 0,

🇭🇹 ဟေတီ တွေ့သူ 33, သေသူ 2,

🇹🇿 တန်ဇန်နီးယား တွေ့သူ 32, သေသူ 3,

🇸🇽 စိန့်မာတင်ကျွန်း တွေ့သူ 32, သေသူ 2,

🇸🇾 ဆီးရီးယား တွေ့သူ 25, သေသူ 2,

🇱🇾 လစ်ဗျား တွေ့သူ 25, သေသူ 1,

🇦🇬 အန်တီဂွာဘာဘူဒါ တွေ့သူ 21, သေသူ 2,

🇸🇴 ဆိုမာလီယာ တွေ့သူ 21, သေသူ 1,

🇲🇿 မိုဇမ်ဘစ် တွေ့သူ 20, သေသူ 0,

🇦🇴 အန်ဂိုလာ တွေ့သူ 19, သေသူ 2,

🇸🇩 ဆူဒန် တွေ့သူ 19, သေသူ 2,

🇲🇻 မော်ဒစ်ကျွန်းစု တွေ့သူ 19, သေသူ 0,

🇬🇶 အီကွေတိုးရဲဂီနာ တွေ့သူ 18, သေသူ 0,

🇱🇦 လာအို တွေ့သူ 18, သေသူ 0,

🇳🇨 နယူးကလီဒိုးနီးယား တွေ့သူ 18, သေသူ 0,

🇩🇲 ဒိုမီနီကာ တွေ့သူ 16, သေသူ 0,

🇫🇯 ဖီဂျီကျွန်း တွေ့သူ 16, သေသူ 0,

🇲🇳 မွန်ဂိုလီးယား တွေ့သူ 16, သေသူ 0,

🇳🇦 နမီးဘီးယား တွေ့သူ 16,သေသူ 0,

🇱🇨 စိန့်လူစီယာ တွေ့သူ 15, သေသူ 0,

🇿🇼 ဇင်ဘာဘွေ တွေ့သူ 14, သေသူ 3,

🇨🇼 ကူရာကောင် တွေ့သူ 14, သေသူ 1,

🇬🇩 ဂရီနာဒါ တွေ့သူ 14, သေသူ 0,

🇧🇿 ဘလီဇီ တွေ့သူ 13, သေသူ 2,

🇧🇼 ဘော့ဆွာနာ တွေ့သူ 13, သေသူ 1,

🇲🇼 မာလာဝီ တွေ့သူ 12, သေသူ 2,

🇰🇳 စိန့်ကစ်အန်နဲဗစ် တွေ့သူ 12, သေသူ 0,

🇻🇨 စိန့်ဗင်းဆင့်ကျွန်း တွေ့သူ 12, သေသူ 0,

🇸🇿 အက်စ်ဆွာတီနီ တွေ့သူ 12, သေသူ 0,

🇹🇩 ချက်ဒ် တွေ့သူ 11, သေသူ 0,

🇬🇱 ဂရင်းလန် တွေ့သူ 11, သေသူ 0, အားလုံးပြန်ကောင်းသွားပါပြီ။

🇸🇨 ဆီချီလီးစ် တွေ့သူ 11, သေသူ 1,

🇸🇷 ဆူရီနာမီ တွေ့သူ 10, သေသူ 1,

🇸🇱 ဆီရာလီယွန်း တွေ့သူ 10, သေသူ 0,

⛴️ MS Zanndam တွေ့သူ 9, သေသူ 2,

🇬🇲 ဂမ်ဘီယား တွေ့သူ 9, သေသူ 1,

🇳🇮 နီကာရာဂွာ တွေ့သူ 9, သေသူ 1,

🇹🇨 တာ့အန်ကိုင်ကို့စ် တွေ့သူ 9, သေသူ 1,

🇳🇵 နီပေါ တွေ့သူ 9, သေသူ 0,

🇲🇸 မွန့်စာရက် တွေ့သူ 9, သေသူ 0,

🇨🇻 ကိပ်ဗာဒဲ တွေ့သူ 8, သေသူ 1,

🇨🇫 စီအေအာ တွေ့သူ 8, သေသူ 0,

🇻🇦 ဗာတီကန် တွေ့သူ 8, သေသူ 0,

🇲🇷 မော်ရီတန်းနီးရား တွေ့သူ 7, သေသူ 1,

🇧🇱 စိန့်ဘာ့ကျွန်း တွေ့သူ 6, သေသူ 0,

🇪🇭 အနောက်ဆာဟာရ တွေ့သူ 6, သေသူ 0,

🇧🇹 ဘူတန် တွေ့သူ 5, သေသူ 0,

🇧🇮 ဘူရန်ဒီ တွေ့သူ 5, သေသူ 0,

🇬🇧 ဖောက်ကလန်ကျွန်း တွေ့သူ 5, သေသူ 0,

🇸🇹 စောင်တိုမီအန်ပရင့်စီပီကျွန်း တွေ့သူ 4, သေသူ 0,

🇸🇸 တောင်ဆူဒန် တွေ့သူ 4, သေသူ 0,

🇦🇮 အန်ဂွေလာ တွေ့သူ 3, သေသူ 0,

🇻🇬UK ဗာဂျင်အိုက်လန် တွေ့သူ 3, သေသူ 0,

🇳🇱 ကာရစ်ဘီယံနယ်သာလန် တွေ့သူ 2, သေသူ 0,

🇵🇬 ပါပူအာနယူးဂီနီ တွေ့သူ 2, သေသူ 0,

🇹🇱 အရှေ့တီမော တွေ့သူ 2, သေသူ 0,

🇫🇷 စိန့်ပီရားမီကွေလွန် တွေ့သူ 1, သေသူ 0,

🇾🇪 ယီမင် တွေ့သူ 1, သေသူ 0,

🇵🇷 ပေါ်တိုရီကို တွေ့သူ 725, သေသူ 39,

🇬🇺 ဂူအမ် တွေ့သူ 130, သေသူ 4,

🇻🇮 US ဗာဂျင်အိုက်လန် တွေ့သူ 50, သေသူ 1,

စာရင်းထဲမပါရင် အဲ့နိုင်ငံမှာ မတွေ့သေးပါ။

ယနေ့ မနက် အထိသိသမျှပါ။

Richard Myo Thant
12-April-2020

Post a Comment

Previous Post Next Post