COVID-19 ရောဂါ ကူးစက်ခံရသည့် လူနာအမှတ် ၈ သည် ရောဂါ အပြင်းအထန် ခံစားနေရသည့် အချိန်ကာလကို ကျော်လွှားနိုင်ခဲ့ပြီး သက်သာလာပြီဖြစ်သည့်အတွက် အထူးကြပ်မတ်ကုသဆောင်မှာ မထားရှိတော့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ လူနာ အမှတ် ၈ သည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ရောဂါ အခြေအနေအရ အသည်းအသန် ဖြစ်ခဲ့ပြီးနောက် ယခုအခါမှာတော့ သက်သာလာပြီး ဖြစ်၍ အထူးကြပ်မတ်ကုသဆောင်ကနေ ပြန်လည်ထွက်လာခဲ့ပြီးဟု သိရသည်။ ဒေါက်တာသာထွန်းကျော်က “မှန်ပါတယ်၊ အခြေအနေ ကောင်းသွားပါတယ်။ ရောဂါလက္ခဏာ သက်သာလာပါတယ်။ ဒါကြောင့်မို့လို့ အထူး ကြပ်မတ် ကုသ ဆောင်ကနေ အပြင်ကို ထုတ်ပြီး ကုသနေပါတယ်”ဟု ပြောသည်။ ထို့ကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ ဆက်လက် ကုသနေသူမှာ တစ်ယောက်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ဒေါက်တာ သာထွန်းကျော်က “အထူးကြပ်မတ်ကုသဆောင်ဆိုတာ ရောဂါ အသည်းအသန်ဖြစ်နေမှ ကျွန်တော်တို့ ထား တာလေ။ အခု အသည်းအသန် အခြေအနေကနေ လွန်မြောက်သွားလို့၊ ကောင်းလာလို့ အသည်းအသန်ဆိုတဲ့ ရောဂါ လက္ခဏာတွေ ကောင်းမွန်လာတဲ့ အတွက် အပြင်ကို ထုတ်လိုက်ရတာလို့ ပြောလို့ရပါတယ်”ဟု ပြောသည်။

လူနာ အမှတ် ၈ သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးဖြစ်ပြီး မတ်လ ၂၅ ရက်က စတင်၍ ဖျားနေခြင်းကြောင့် မတ်လ ၂၆ ရက်တွင် ဆေးကုသမှုခံယူရာ မတ်လ ၂၇ ရက်တွင် ဓာတ်ခွဲဆေးစစ်ချက်အရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် ဝေဘာဂီဆေးရုံကြီးမှာ ယနေ့ (ဧပြီ ၆ ရက်)အချိန်ထိ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့နောက် လူနာအမှတ် ၈ ဖြင့် ထိတွေ့ခဲ့သူ ၉၂ ဦးကိုလည်း quarantine အဖြစ် စောင့်ကြည့်ခဲ့ပြီးနောက် COVID-19 ရောဂါပိုး လက္ခဏာ မတွေ့ရှိသည့်အတွက် ဧပြီ ၂ ရက်က ကျန်းမာရေးဌာနက အိမ်ပြန်ခွင့် ပေးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်နေ့ထိ COVID-19 ရောဂါပိုး တွေ့ရှိသူ ၂၁ ဦးရှိကြောင်း၊ ထိုအထဲမှ မတ်လ ၃၁ ရက် က တစ်ဦး ၎င်းတွင် ရှိသော အခံရောဂါဖြင့် သေဆုံးခဲ့ပြီး မန္တလေးကန်တော်နဒီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်ရှိ သော လူနာ အမှတ် ၄ ဖြစ်သူမှာ စတုတ္ထအကြိမ် ဆေးစစ်မှုအရ COVID-19 ရောဂါပိုး မတွေ့တော့ကြောင်း အစိုးရ ထုတ်ပြန် ချက်များအရ သိရသည်။

Zawgyi ျဖင့္ဖက္ရန္


COVID-19 ေရာဂါ ကူးစက္ခံရသည့္ လူနာအမွတ္ ၈ သည္ ေရာဂါ အျပင္းအထန္ ခံစားေနရသည့္ အခ်ိန္ကာလကို ေက်ာ္လႊားႏိုင္ခဲ့ၿပီး သက္သာလာၿပီျဖစ္သည့္အတြက္ အထူးၾကပ္မတ္ကုသေဆာင္မွာ မထားရွိေတာ့ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသာထြန္းေက်ာ္က မဇၥ်ိမသို႔ ေျပာသည္။

အဆိုပါ လူနာ အမွတ္ ၈ သည္ ၿပီးခဲ့သည့္ ရက္ပိုင္းမ်ားအတြင္းက ေရာဂါ အေျခအေနအရ အသည္းအသန္ ျဖစ္ခဲ့ၿပီးေနာက္ ယခုအခါမွာေတာ့ သက္သာလာၿပီး ျဖစ္၍ အထူးၾကပ္မတ္ကုသေဆာင္ကေန ျပန္လည္ထြက္လာခဲ့ၿပီးဟု သိရသည္။ ေဒါက္တာသာထြန္းေက်ာ္က “မွန္ပါတယ္၊ အေျခအေန ေကာင္းသြားပါတယ္။ ေရာဂါလကၡဏာ သက္သာလာပါတယ္။ ဒါေၾကာင့္မို႔လို႔ အထူး ၾကပ္မတ္ ကုသ ေဆာင္ကေန အျပင္ကို ထုတ္ၿပီး ကုသေနပါတယ္”ဟု ေျပာသည္။ ထို႔ေၾကာင့္ အထူးၾကပ္မတ္ကုသေဆာင္မွာ ဆက္လက္ ကုသေနသူမွာ တစ္ေယာက္သာ က်န္ရွိေတာ့ေၾကာင္း သိရသည္။

ေဒါက္တာ သာထြန္းေက်ာ္က “အထူးၾကပ္မတ္ကုသေဆာင္ဆိုတာ ေရာဂါ အသည္းအသန္ျဖစ္ေနမွ ကြၽန္ေတာ္တို႔ ထား တာေလ။ အခု အသည္းအသန္ အေျခအေနကေန လြန္ေျမာက္သြားလို႔၊ ေကာင္းလာလို႔ အသည္းအသန္ဆိုတဲ့ ေရာဂါ လကၡဏာေတြ ေကာင္းမြန္လာတဲ့ အတြက္ အျပင္ကို ထုတ္လိုက္ရတာလို႔ ေျပာလို႔ရပါတယ္”ဟု ေျပာသည္။

လူနာ အမွတ္ ၈ သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္ ၆၀ အ႐ြယ္ ဧည့္လမ္းၫႊန္ အမ်ိဳးသမီး တစ္ဦးျဖစ္ၿပီး မတ္လ ၂၅ ရက္က စတင္၍ ဖ်ားေနျခင္းေၾကာင့္ မတ္လ ၂၆ ရက္တြင္ ေဆးကုသမႈခံယူရာ မတ္လ ၂၇ ရက္တြင္ ဓာတ္ခြဲေဆးစစ္ခ်က္အရ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္းေၾကာင့္ ေဝဘာဂီေဆး႐ုံႀကီးမွာ ယေန႔ (ဧၿပီ ၆ ရက္)အခ်ိန္ထိ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။ ထို႔ေနာက္ လူနာအမွတ္ ၈ ျဖင့္ ထိေတြ႕ခဲ့သူ ၉၂ ဦးကိုလည္း quarantine အျဖစ္ ေစာင့္ၾကည့္ခဲ့ၿပီးေနာက္ COVID-19 ေရာဂါပိုး လကၡဏာ မေတြ႕ရွိသည့္အတြက္ ဧၿပီ ၂ ရက္က က်န္းမာေရးဌာနက အိမ္ျပန္ခြင့္ ေပးခဲ့သည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ဧၿပီ ၆ ရက္ေန႔ထိ COVID-19 ေရာဂါပိုး ေတြ႕ရွိသူ ၂၁ ဦးရွိေၾကာင္း၊ ထိုအထဲမွ မတ္လ ၃၁ ရက္ က တစ္ဦး ၎တြင္ ရွိေသာ အခံေရာဂါျဖင့္ ေသဆုံးခဲ့ၿပီး မႏၲေလးကန္ေတာ္နဒီေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူလ်က္ရွိ ေသာ လူနာ အမွတ္ ၄ ျဖစ္သူမွာ စတုတၳအႀကိမ္ ေဆးစစ္မႈအရ COVID-19 ေရာဂါပိုး မေတြ႕ေတာ့ေၾကာင္း အစိုးရ ထုတ္ျပန္ ခ်က္မ်ားအရ သိရသည္။

မဇၨ်ိမ

Post a Comment

Previous Post Next Post