စင်္ကာမှာ မြန်မာ (၂)ဦး Covid-19 ကူးစက်ခံရခြင်းနှင့် ကမ္ဘာတဝန်း နောက်ဆုံးအခြေအနေ…
🇲🇲 မြန်မာနိုင်ငံမှာ ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် COVID-19 တွေ့သူ (22) ယောက်ရှိပြီး သေဆုံးသူ 3 ယောက် ရှိပါပြီ။
လူနာအမှတ် (၁၆) နဲ့ (၁၇) ဒီနေ့ မနက်က သေဆုံးသွားပါတယ်။ မနေ့က ပိုးရှိသူအသစ် မတွေ့ပါ။

🌎 ကမ္ဘာမှာ မနေ့က ပိုးတွေ့သူ 1.43 သန်းကျော်သွားပြီ ဖြစ်ပါတယ်။

အာစီယံဒေသအတွင်းအခြေအနေ…
🇸🇬 စင်ကာပူမှာ ရောဂါရှိသူအသစ် 106 ယောက် တွေ့ခဲ့ပါတယ်။ စုစုပေါင်း 1481 ရှိပါပြီ။

စင်ကာပူမှာ မနေ့က အသစ်တွေ့သူတွေထဲမှာ အသက် 24 နှစ်ရှိ မြန်မာ 2 ယောက်ပါတာတွေ့ပြီး ဘယ်ကကူးမှန်းမသိတာက စိုးရိမ်စရာပါ။ နောက်ထပ်မြန်မာတွေ ထပ်ပါလာနိုင်ပါတယ်။ အလုပ်သမားအဆောင်နဲ့ ပတ်သက်ပြီး 39 ယောက်ထပ်တွေ့ခဲ့ပါတယ်။

Alan Tham Xiang Sheng ဆိုသူဟာ မြန်မာပြည်က ပြန်လာအပြီးမှာ ဝက်နံရိုးစွပ်ပြုတ်သောက်တာ ဖေ့စဘွတ် ပေါ်တင်ရာက လူတွေသိသွားပြီး တရားစွဲခံထားရပါတယ်။ သူဟာ မြန်မာပြည်ကပြန်လာစဉ်မှာ ရောဂါရှိသူနဲ့ ဘယ်မှာထိတွေ့ခဲ့တယ်ဆိုတာ သေသေချာချာ ရှင်းလင်းစွာ မသိရပါ။
🇮🇩 အင်ဒိုနီးရှားမှာ တွေ့သူ 2738 ယောက်ရှိကာ သေသူ 221 ယောက်ရှိပါပြီ။ အင်ဒိုနီးရှားဟာ ကိုဗစ်အရေးပေါ်အဖြစ် ဒေါ်လာ 4.3 ဘီလီယံဖိုး ဘွန်းစာချုပ်တွေ ထုတ်ရောင်းခဲ့ပါတယ်။

🇲🇾 မလေးရှားမှာ တွေ့ရှိသူ 3963 ယောက် အထိ ရှိလာပြီး သေဆုံးသူ 63 ယောက်ရှိပါပြီ။ အသစ် 1 ယောက် သေဆုံးခဲ့ပြီး သူဟာ မတ်လ 17 ကနေ 24 အထိ အင်ဒိုနီးရှားက ဆူလာဝေစီမှာ စုစည်းခဲ့တဲ့ ဘာသာရေးပွဲကို သွားခဲ့သူပါ။ မလေးရှားမှာ ကျန်းမာရေးဝန်ထမ်း 30 မှာ ရောဂါကူးစက်နေပြီး 12 ယောက်ဟာ ဆေးခန်းကနေ ကူးစက်ခဲ့တာပါ။
🇱🇦 လာအို တွေ့သူ 14 ယောက်ရှိသွားပါပြီ။ အသစ် 2 ယောက်တိုးပါတယ်။

ကျန်အာရှနိုင်ငံများ အခြေအနေ…

🇨🇳 တရုတ်ပြည် ဝူဟန့်မှာ Lockdown ကို ဖြေလျော့ပေးလိုက်တာနဲ့ လူထောင်ပေါင်းများစွာဟာ ပျော်ရွှင်စွာ ဝူဟန့်ကနေ ထွက်ခွာနေပါတယ်။ တရုတ်ပြည်မှာ ကူးစက်မှု 62 ယောက်တွေ့ခဲ့ပြီး မနေ့ကထက် 2 ဆတိုးလာပါတယ်။

တရုတ်အစိုးရကို ကိုရိုနာဗိုင်းရပ်စ်ကိစ္စ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သူ အိမ်ယာလုပ်ငန်းရှင်ကြီး Ren Zhiqiang ဟာ စုံစမ်းစစ်ဆေးခံနေရပါတယ်။

တရုတ်ပြည် ကွမ်ကျိုးရှိ Little Africa လို့ခေါ်တဲ့ အာဖရိကသားတွေ စုရုံးတဲ့နေရာမှာ အာဖရိကက ကုန်သည်တွေဟာ 14 ရက် ဟော်တည်မှာ ကန့်သတ်နေရအပြီးမှာ လေကြောင်းလိုင်းမရှိလို့ ပြန်လို့လည်းမရ။ သူတို့မှာ ပိုးတွေ့သူတွေရှိလာလို့ ဘယ်ဟော်တည်မှလည်း လက်မခံ ဖြစ်နေပါတယ်။

🇮🇳 အိန္ဒိယမှာ Cyber Crime က အတော်ဆိုးနေပါတယ်။ လွန်ခဲ့တဲ့ တစ်လအတွင်း ဖုန်းဘေလိမ်တာကအစ လိမ်လည်မှု 86% တိုးလာခဲ့ပါတယ်။ ဘယ်လောက်ဆိုးလဲဆိုရင် အိန္ဒိယမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရုပ်တုကြီးကို US$ 4 ဘီလီယံနဲ့ရောင်းပြီး COVID-19 အတွက် အစိုးရကို လှုမယ်လို့ လိမ်တဲ့သူတွေအထိ ရှိပါတယ်။

🇯🇵 ဂျပန်မှာ အရေးပေါ်အခြေအနေ အခြေအနေမစခင်မှာ တိုကျိုမြို့သားတွေက “Escape From Tokyo” အနေနဲ့ အမြန်ထွက်ပြေးနေကြလို့ မြို့တော်ဝန်က အိမ်မှာပဲနေကြဖို့ သတိပေးနေရပါတယ်။ ဂျပန်မှာ အချို့နယ်တွေမှာ ရောဂါရှိသူမတွေ့သေးပါ။ အခုလို တိုကျိုမြို့သားတွေ ထွက်ပြေးမှ ကျန်နယ်တွေကို ပြန့်သွားမှာ စိုးရိမ်နေရပါတယ်။
🇮🇷 အီရန်၊ 🇮🇶 အီရတ်စတဲ့ မူစလင်နိုင်ငံတွေမှာ သေဆုံးသူမိသားစုနဲ့ အာဏာပိုင်တွေအကြားပြဿနာ တက်လာပါတယ်။ ထုံးတမ်းအရ ဆွေမျိုးတွေက ရေချိုးခြင်း အဝတ်ဖြူပတ်ပေးခြင်း ပြုလုပ်လိုပေမယ့် အစိုးရက ကူးစက်မှာကို စိုးရိမ်နေပါတယ်။

🇪🇬 အီဂျစ်မှာတော့ အသုဘဟာ အရင်က ဆွေမျိုးတွေဆုံရာ အင်အားပြရာဖြစ်ခဲ့ပေမယ့် ယခုအခါမှာ ကူးစက်တတ်သည်ဆိုတဲ့ အိတ်နဲ့ စွပ်ကာ သဂြိုလ်ကြပြီး လူတွေလည်း အနားမကပ်ရဲကြတော့ပါ။

ကျန်နိုင်ငံများ အခြေအနေ…

🇺🇸 အမေရိကန်နိုင်ငံမှာ တွေ့သူ 4 သိန်းကျော်သွားပါပြီ။ သေဆုံးသူ 12854 ယောက်ရှိပါပြီ။

အမေရိကန် လေယာဉ်တင်သင်္ဘောကြီး USS Theodore Roosvelt ရဲ့ ဖယ်ရှားခံရတဲ့ ကပ္ပတိန်ကို ရေတပ်အတွင်းဝန်က ပြန်လည်တောင်းပန်လိုက်ပါတယ်။ သင်္ဘောသား 5000 အတွက် အရေးပေါ်အကူအညီတောင်းခံတဲ့ သတင်းပေါက်ကြားမှုနဲ့ သင်္ဘောကပ္ပတိန်ကို ဖယ်ရှားခဲ့တဲ့ ရေတပ်အတွင်းဝန်ဟာ သူကိုယ်တိုင်တာဝန်ယူပြီး နုတ်ထွက်သွားပါပြီ။

🇪🇸 စပိန်ဟာ 🇮🇹 အီတလီကို ကျော်တက်ပြီး ကမ္ဘာ့ ဒုတိယ ကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
🇧🇷 ဘရာဇီးနိုင်ငံ အမေဇုံသစ်တောကြီးထဲရှိ ဌာနေတိုင်းရင်းသားတွေကို မကူးစေဖို့ ကျပ်မတ်လုပ်ဆောင်နေပါတယ်။ ရေလမ်းနဲ့ပဲ သွားလို့ရတဲ့ ဒီတိုင်းရင်းသားတွေဟာ ကူးစက်ရောဂါဒဏ်ကို လုံးဝခံနိုင်ရည်မရှိပါ။ ယခု ကိုကမာတိုင်းရင်းသား ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ယောက်ဟာ ဆရာဝန်ဆီက ကူးစက်နေပါပြီ။
🇮🇱 အစ္စရေးမှာ အပြင်ထွက်ရင် Mask မတပ်မနေ တပ်ရမယ့် အမိန့်ကို ထုတ်လိုက်ပါပြီ။
🇸🇪 ဆွီဒင်ဟာ ဥရောပမှာ Lockdown မချတဲ့ ထူးထူးခြားခြားနိုင်ငံပါ။ သို့သော် လူ 50 ထက်ပိုမစုဖို့ ကန့်သတ်ထားပြီး သက်ကြီးရွယ်အိုတွေရှိတဲ့ nursing home တွေကို အလည်အပတ်ပိတ်ထားပါတယ်။

🇺🇾 ယူရဂွေး ဟာ အပျော်စီးသင်္ဘောကြီး Greg Mortimer ပေါ်က ဩစတေးလျနဲ့ နယူးဇီလန်က ခရီးသယ်တွေကို ရွှေ့ပြောင်းခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဧပြီလ ၈ ရက်နေ့ ယနေ့မနက်သိရသမျှ COVID-19 အခြေအနေ ကိုဆက်ပါမယ်။

🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 1431689 ယောက်၊ သေသူ 82074 ယောက်။ ပြန်ကောင်းသူ 302145 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 5% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case 384219 မှာ 302145 ပြန်ကောင်းပြီး 82074 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 21% အထိတက်လာပါတယ်။

🇺🇸 အမေရိကန် တွေ့သူ 400412, သေသူ 12854,

🇪🇸 စပိန် တွေ့သူ 141942, သေသူ 14045,

🇮🇹 အီတလီ တွေ့သူ 135586, သေသူ 17127,

🇫🇷 ပြင်သစ် တွေ့သူ 109069, သေသူ 10328,

🇩🇪 ဂျာမနီ တွေ့သူ 107663, သေသူ 2016,

🇨🇳 တရုတ်မှာ တွေ့သူ 81802, သေသူ 3333 ယောက်၊

🇮🇷 အီရန် တွေ့သူ 62589, သေသူ 3872,

🇬🇧 အင်္ဂလန် တွေ့သူ 55242, သေသူ 6159,

🇹🇷 တူရကီ တွေ့သူ 34109, သေသူ 725,

🇨🇭 ဆွစ်စလန် တွေ့သူ 22253, သေသူ 821,

🇧🇪 ဘယ်ဂျီယံ တွေ့သူ 22194, သေသူ 2035,

🇳🇱 နယ်သာလန် တွေ့သူ 19580, သေသူ 2101,

🇨🇦 ကနေဒါ တွေ့သူ 17897, သေသူ 381,

🇧🇷 ဘရာဇီး တွေ့သူ 14034, သေသူ 686,

🇦🇹 အော်စတြီးယား တွေ့ 12639, သေသူ 243,

🇵🇹 ပေါ်တူကီ တွေ့သူ 12442, သေသူ 345,

🇰🇷 တောင်ကိုရီးယား တွေ့သူ 10384, သေသူ 200,

🇮🇱 အစ္စရေး တွေ့သူ 9248, သေသူ 65,

🇸🇪 ဆွီဒင် တွေ့သူ 7693, သေသူ 591,

🇷🇺 ရုရှား တွေ့သူ 7497, သေသူ 58,

🇳🇴 နော်ဝေ တွေ့သူ 6086, သေသူ 89,

🇦🇺 ဩစတေးလျ တွေ့သူ 5988, သေသူ 49,

🇮🇪 အိုင်ယာလန် တွေ့သူ 5709, သေသူ 210,

🇮🇳 အိန္ဒိယ တွေ့သူ 5351, သေသူ 160,

🇨🇱 ချီလီ တွေ့သူ 5116, သေသူ 43,

🇩🇰 ဒန်းမတ် တွေ့သူ 5071, သေသူ 203,

🇨🇿 ချက် တွေ့သူ 5017, သေသူ 88,

🇵🇱 ပိုလန် တွေ့သူ 4848, သေသူ 129,

🇷🇴 ရိုမေးနီးယား တွေ့သူ 4417, သေသူ 197,

🇯🇵 ဂျပန် တွေ့သူ 4257, သေသူ 93,

🇵🇰 ပါကစ္စတန် တွေ့သူ 4035, သေသူ 57,

🇪🇨 အီကွေဒေါ တွေ့သူ 3995, သေသူ 220,

🇲🇾 မလေးရှား တွေ့သူ 3963, သေသူ 63,

🇵🇭 ဖိလစ်ပိုင် တွေ့သူ 3764, သေသူ 177,

🇱🇺 လူဇင်ဘတ် တွေ့သူ 2970, သေသူ 44,

🇵🇪 ပီရူး တွေ့သူ 2954, သေသူ 107,

🇸🇦 ဆော်ဒီ တွေ့သူ 2795, သေသူ 41,

🇲🇽 မက္ကဆီကို တွေ့သူ 2785, သေသူ 141,

🇮🇩 အင်ဒိုနီးရှား တွေ့သူ 2738, သေသူ 221,

🇷🇸 ဆားဗီးယား တွေ့သူ 2447, သေသူ 61,

🇦🇪 ယူအေအီး တွေ့သူ 2359, သေသူ 12,

🇫🇮 ဖင်လန် တွေ့သူ 2308, သေသူ 34,

🇹🇭 ထိုင်း တွေ့သူ 2258, သေသူ 27,

🇵🇦 ပနားမား တွေ့သူ 2249, သေသူ 55,

🇶🇦 ကာတာ တွေ့သူ 2057, သေသူ 6,

🇩🇴 ဒိုမေနီကန်ရီပတ်ဘလစ် တွေ့သူ 1956, သေသူ 98,

🇬🇷 ဂရိ တွေ့သူ 1832, သေသူ 81,

🇨🇴 ကိုလံဘီယာ တွေ့သူ 1780, သေသူ 50,

🇿🇦 တောင်အာဖရိက တွေ့သူ 1749, သေသူ 13,

🇦🇷 အာဂျင်တီးနား တွေ့သူ 1715, သေသူ 60,

🇮🇸 အိုက်စလန် တွေ့သူ 1586, သေသူ 6,

🇸🇬 စင်ကာပူ တွေ့သူ 1481, သေသူ 6,

🇩🇿 အယ်ဂျီးရီးယား တွေ့သူ 1468, သေသူ 193,

🇺🇦 ယူကရိန်း တွေ့သူ 1462, သေသူ 45,

🇪🇬 အီဂျစ် တွေ့သူ 1450, သေသူ 94,

🇭🇷 ခရိုအေးရှား တွေ့သူ 1282, သေသူ 18,

🇳🇿 နယူးဇီလန် တွေ့သူ 1210, သေသူ 1,

🇲🇦 မော်ရိုကို တွေ့သူ 1184, သေသူ 90,

🇪🇪 အက်စတိုးနီးယား တွေ့သူ 1194, သေသူ 21,

🇮🇶 အီရတ် တွေ့သူ 1122, သေသူ 65,

🇸🇮 စလိုဗန်းနီးယား တွေ့သူ 1059, သေသူ 36,

🇲🇩 မော်ဒိုဗာ တွေ့သူ 1056, သေသူ 22,

🇭🇰 ဟောင်ကောင် တွေ့သူ 936, သေသူ 4,

🇱🇹 လစ်သူရေးနီးယား တွေ့သူ 880,သေသူ 15,

🇧🇾 ဘောလားရပ်စ် တွေ့သူ 861, သေသူ 13,

🇦🇲 အာမေးနီးယား တွေ့သူ 853, သေသူ 8,

🇭🇺 ဟန်ဂေရီ တွေ့သူ 817, သေသူ 47,

🇧🇭 ဘာရိန်း တွေ့သူ 811, သေသူ 5,

🇧🇦 ဘောစနီးယား တွေ့သူ 764, သေသူ 33,

🇰🇼 ကူဝိတ် တွေ့သူ 743, သေသူ 1,

🇦🇿 အဇာဘိုင်ဂျန် တွေ့သူ 717, သေသူ 8,

⛴️ Diamon Princess သင်္ဘော တွေ့သူ 712, သေသူ 11,

🇰🇿 ကာဇက်စ္စတန် တွေ့သူ 697, သေသူ 6,

🇨🇲 ကင်မရွန်း တွေ့သူ 685 သေသူ 9,

🇹🇳 တူနီးရှား တွေ့သူ 623, သေသူ 23,

🇲🇰 မြောက်မက်ဆီဒိုးနီးယား တွေ့သူ 599, သေသူ 26,

🇸🇰 စလိုဗက် တွေ့သူ 581, သေသူ 2,

🇧🇬 ဘူဂေးရီးယား တွေ့သူ 577, သေသူ 23,

🇱🇧 လက်ဘနွန် တွေ့သူ 548, သေသူ 19,

🇱🇻 လတ်ဗီးယား တွေ့သူ 548, သေသူ 2,

🇦🇩 အန်ဒိုရာ တွေ့သူ 545, သေသူ 22,

🇺🇿 အူဘက်ကစ္စတန် တွေ့သူ 520, သေသူ 2,

🇨🇾 ဆိုက်ပရပ်စ် တွေ့သူ 494, သေသူ 9,

🇨🇷 ကော်စတရီကာ တွေ့သူ 483, သေသူ 2,

🇺🇾 ယူရဂွေး တွေ့သူ 424, သေသူ 7,

🇦🇫 အာဖကန်နစ္စတန် တွေ့သူ 423, သေသူ 14,

🇨🇺 ကျုးဘား တွေ့သူ 396, သေသူ 11,

🇧🇫 ဘာကီနာဖက်စကို တွေ့သူ 384, သေသူ 19,

🇦🇱 အယ်ဘေးနီးယား တွေ့သူ 383, သေသူ 22,

🇹🇼 ထိုင်ဝမ် တွေ့သူ 376, သေသူ 5,

🇴🇲 အိုမန် တွေ့သူ 371, သေသူ 2,

🏝️ လာရီယူနီယံ တွေ့သူ 358, သေသူ 0,

🇯🇴 ဂျော်ဒန် တွေ့သူ 353, သေသူ 6,

🇨🇮 အိုင်ဗရီကို့စ် တွေ့သူ 349, သေသူ 3,

🇯🇪 ချနယ်ကျွန်းစု တွေ့သူ 335, သေသူ 7,

🇭🇳 ဟွန်းဒူးရပ်စ် တွေ့သူ 312, သေသူ 22,

🇲🇹 မော်တာ တွေ့သူ 293, သေသူ 0,

🇬🇭 ဂါနာ တွေ့သူ 287, သေသူ 5,

🇸🇲 စန်မာရီနို တွေ့သူ 279, သေသူ 34,

🇳🇪 နိုင်ဂျာ တွေ့သူ 278, သေသူ 11,

🇲🇺 မော်ရစ်ရှပ် တွေ့သူ 268, သေသူ 7,

🇵🇸 ပါလက်စတိုင်း တွေ့သူ 261, သေသူ 1,

🇳🇬 နိုင်ဂျီးရီးယား တွေ့သူ 254, သေသူ 6,

🇻🇳 ဗီယက်နမ် တွေ့သူ 251, သေသူ 0,

🇲🇪 မွန်တီနီဂရိုး တွေ့သူ 241, သေသူ 2,

🇸🇳 ဆီနီဂေါ တွေ့သူ 237, သေသူ 2,

🇰🇬 ကာဂါစတန် တွေ့သူ 228, သေသူ 4,

🇧🇴 ဘူလီးဗီးယား တွေ့သူ 210, သေသူ 15,

🇬🇪 ဂျော်ဂျီယာ တွေ့သူ 196, သေသူ 3,

🇱🇰 သီရိလင်္ကာ တွေ့သူ 185, သေသူ 6,

🇫🇴 ဖရိုးကျွန်းစု တွေ့သူ 184, သေသူ 0,

🇨🇩 ဒီအာစီ တွေ့သူ 180, သေသူ 18,

🇰🇪 ကင်ညာ တွေ့သူ 172, သေသူ 6,

🇾🇹 မယိုးတီး တွေ့သူ 171, သေသူ 2,

🇻🇪 ဗနီဇွဲလား တွေ့သူ 166, သေသူ 7,

🇧🇩 ဘင်္ဂလားဒေ့ရှ် တွေ့သူ 164, သေသူ 17,

🇲🇶 မာတင်နစ် တွေ့သူ 152, သေသူ 4,

🇮🇲 အိုင်အော့မန်း တွေ့သူ 150, သေသူ 1,

🇬🇳 ဂီနီယာ တွေ့သူ 144, သေသူ 0,

🇬🇵 ဂွာဒီလုပ် တွေ့သူ 139, သေသူ 7,

🇧🇳 ဘရူနိုင်း တွေ့သူ 135, သေသူ 1,

🇵🇾 ပါရာဂွေး တွေ့သူ 119, သေသူ 5,

🇰🇭 ကမ်ဘောဒီးယား တွေ့သူ 115, သေသူ 0,

🇬🇮 ဂျီဘရာတာ တွေ့သူ 113, သေသူ 0,

🇹🇹 ထရီနီဒတ် တွေ့သူ 107, သေသူ 8,

🇷🇼 ရဝမ်ဒါ တွေ့သူ 105, သေသူ 0,

🇩🇯 ဒဂျီဘိုတီ တွေ့သူ 90, သေသူ 0,

🇲🇬 မဒါဂက်စကာ တွေ့သူ 88, သေသူ 0,

🇬🇹 ဂွာတီမာလာ တွေ့သူ 80, သေသူ 3,

🇲🇨 မော်နာကို တွေ့သူ 79, သေသူ 1,

🇸🇻 အယ်ဆဗဒေါ တွေ့သူ 78, သေသူ 4,

🇱🇮 လစ်ချ်တန်စတိန်း တွေ့သူ 78, သေသူ 1,

🇬🇫 ပြင်သစ်ဂွေ့အာနာ တွေ့သူ 77, သေသူ 0,

🇦🇼 အာရူဘာ တွေ့သူ 74, သေသူ 0,

🇹🇬 တိုဂို တွေ့သူ 65, သေသူ 3,

🇧🇧 ဘာဘဒို့စ် တွေ့သူ 63, သေသူ 3,

🇯🇲 ဂျမေးကား တွေ့သူ 63, သေသူ 3,

🇲🇱 မာလီ တွေ့သူ 56, သေသူ 5,

🇪🇹 အီသီယိုးပီးယား တွေ့သူ 52, သေသူ 2,

🇺🇬 ယူဂန်ဒါ တွေ့သူ 52, သေသူ 0,

🇵🇫 ပြင်သစ်ပိုလီနီးရှား တွေ့သူ 47, သေသူ 0,

🇨🇬 ကွန်ဂို တွေ့သူ 45, သေသူ 5,

🇰🇾 ကေးမန်းကျွန်း တွေ့သူ 45, သေသူ 1,

🇲🇴 မကာအို တွေ့သူ 44, သေသူ 0,

🇸🇽 ဆင့်မာတန် တွေ့သူ 40, သေသူ 6,

🇧🇲 ဘာမြူဒါ တွေ့သူ 39, သေသူ 2,

🇿🇲 ဇန်ဘီယာ တွေ့သူ 39, သေသူ 1,

🇧🇸 ဘဟားမား တွေ့သူ 36, သေသူ 6,

🇬🇾 ဂူရာနာ တွေ့သူ 33 သေသူ 5,

🇬🇼 ဂီနီယာဘစ်ဆော တွေ့သူ 33, သေသူ 0,

🇸🇽 စိန့်မာတင်ကျွန်း တွေ့သူ 32, သေသူ 2,

🇪🇷 အရီထရီရာ တွေ့သူ 31, သေသူ 0,

🇬🇦 ဂဘွန် တွေ့သူ 30, သေသူ 1,

🇧🇯 ဘီနင်း တွေ့သူ 26, သေသူ 1,

🇭🇹 ဟေတီ တွေ့သူ 25, သေသူ 1,

🇹🇿 တန်ဇန်နီးယား တွေ့သူ 24, သေသူ 1,

♦️🇲🇲 မြန်မာ တွေ့သူ 22, သေသူ 3,♦️

🇱🇾 လစ်ဗျား တွေ့သူ 20, သေသူ 1,

🇸🇾 ဆီးရီးယား တွေ့သူ 19, သေသူ 2,

🇦🇬 အန်တီဂွာဘာဘူဒါ တွေ့သူ 19, သေသူ 1,

🇲🇻 မော်ဒစ်ကျွန်းစု တွေ့သူ 19, သေသူ 0,

🇳🇨 နယူးကလီဒိုးနီးယား တွေ့သူ 18, သေသူ 0,

🇦🇴 အန်ဂိုလာ တွေ့သူ 17, သေသူ 2,

🇬🇶 အီကွေတိုးရဲဂီနာ တွေ့သူ 16, သေသူ 0,

🇳🇦 နမီးဘီးယား တွေ့သူ 16,သေသူ 0,

🇩🇲 ဒိုမီနီကာ တွေ့သူ 15, သေသူ 0,

🇫🇯 ဖီဂျီကျွန်း တွေ့သူ 15, သေသူ 0,

🇲🇳 မွန်ဂိုလီးယား တွေ့သူ 15, သေသူ 0,

🇱🇷 လိုင်ဘေးရီးယား တွေ့သူ 14, သေသူ 3,

🇸🇩 ဆူဒန် တွေ့သူ 14, သေသူ 2,

🇱🇦 လာအို တွေ့သူ 14, သေသူ 0,

🇱🇨 စိန့်လူစီယာ တွေ့သူ 14, သေသူ 0,

🇨🇼 ကူရာကောင် တွေ့သူ 13, သေသူ 1,

🇬🇩 ဂရီနာဒါ တွေ့သူ 12, သေသူ 0,

🇿🇼 ဇင်ဘာဘွေ တွေ့သူ 11, သေသူ 2,

🇬🇱 ဂရင်းလန် တွေ့သူ 11, သေသူ 0,

🇰🇳 စိန့်ကစ်အန်နဲဗစ် တွေ့သူ 11, သေသူ 0,

🇸🇨 ဆီချီလီးစ် တွေ့သူ 11, သေသူ 0,

🇸🇷 ဆူရီနာမီ တွေ့သူ 10, သေသူ 1,

🇹🇩 ချက်ဒ် တွေ့သူ 10, သေသူ 0,

🇲🇿 မိုဇမ်ဘစ် တွေ့သူ 10, သေသူ 0,

🇸🇿 အက်စ်ဆွာတီနီ တွေ့သူ 10, သေသူ 0,

⛴️ MS Zanndam တွေ့သူ 9, သေသူ 2,

🇳🇵 နီပေါ တွေ့သူ 9, သေသူ 0,

🇲🇸 မွန့်စာရက် တွေ့သူ 9, သေသူ 0,

🇲🇼 မာလာဝီ တွေ့သူ 8, သေသူ 1,

🇹🇨 တာ့အန်ကိုင်ကို့စ် တွေ့သူ 8, သေသူ 1,

🇨🇫 စီအေအာ တွေ့သူ 8, သေသူ 0,

🇻🇨 စိန့်ဗင်းဆင့်ကျွန်း တွေ့သူ 8, သေသူ 0,

🇸🇴 ဆိုမာလီယာ တွေ့သူ 8, သေသူ 0,

🇧🇿 ဘလီဇီ တွေ့သူ 7, သေသူ 1,

🇨🇻 ကိပ်ဗာဒဲ တွေ့သူ 7, သေသူ 1,

🇻🇦 ဗာတီကန် တွေ့သူ 7, သေသူ 0,

🇧🇼 ဘော့ဆွာနာ တွေ့သူ 6, သေသူ 1,

🇲🇷 မော်ရီတန်းနီးရား တွေ့သူ 6, သေသူ 1,

🇳🇮 နီကာရာဂွာ တွေ့သူ 6, သေသူ 1,

🇧🇱 စိန့်ဘာ့ကျွန်း တွေ့သူ 6, သေသူ 0,

🇸🇱 ဆီရာလီယွန်း တွေ့သူ 6, သေသူ 0,

🇧🇹 ဘူတန် တွေ့သူ 5, သေသူ 0,

🇬🇲 ဂမ်ဘီယား တွေ့သူ 4, သေသူ 1,

🏝️ စောင်တိုမီအန်ပရင့်စီပီကျွန်း တွေ့သူ 4, သေသူ 0,

🇪🇭 အနောက်ဆာဟာရ တွေ့သူ 4, သေသူ 0,

🇦🇮 အန်ဂွေလာ တွေ့သူ 3, သေသူ 0,

🇻🇬UK ဗာဂျင်အိုက်လန် တွေ့သူ 3, သေသူ 0,

🇧🇮 ဘူရန်ဒီ တွေ့သူ 3, သေသူ 0,

🇳🇱 ကာရစ်ဘီယံနယ်သာလန် တွေ့သူ 2, သေသူ 0,

🇬🇧 ဖောက်ကလန်ကျွန်း တွေ့သူ 2, သေသူ 0,

🇵🇬 ပါပူအာနယူးဂီနီ တွေ့သူ 2, သေသူ 0,

🇫🇷 စိန့်ပီရားမီကွေလွန် တွေ့သူ 1, သေသူ 0,

🇸🇸 တောင်ဆူဒန် တွေ့သူ 2, သေသူ 0,

🇹🇱 အရှေ့တီမော တွေ့သူ 1, သေသူ 0,

🇵🇷 ပေါ်တိုရီကို တွေ့သူ 573, သေသူ 23,

🇬🇺 ဂူအမ် တွေ့သူ 112, သေသူ 4,

🇻🇮 US ဗာဂျင်အိုက်လန် တွေ့သူ 43, သေသူ 1,

စာရင်းထဲမပါရင် အဲ့နိုင်ငံမှာ မတွေ့သေးပါ။

ယနေ့ မနက် အထိသိသမျှပါ။

Richard Myo Thant

Post a Comment

Previous Post Next Post