အီကွေဒေါနိုင်ငံ ဂွါယာကေးမြို့မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ အမြန်ကူးစက်နေလို့ ခရိုင်တွင်း ကျန်းမာရေးစနစ် ပြိုလဲကျသွာခဲ့ပါတယ်။

မြို့တွင်းဆေးရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေကို ကိုရိုနာဗိုင်းရပ်စ် သက်ရောက်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဧပြီ ၈ ရက်မှာ အစီရင်ခံပါတယ်။ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးစောင့်ရှောက်သူ လုပ်သားတွေ အယောက် ၁၆၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံရလို့ ရောဂါခြေချုပ်နဲ့ သီးခြားစီ ခွဲနေရတယ်လို့ အီကွေဒေါ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ကျန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း ဆေးဘက်ဝန်ထမ်း အယောက် တဒါဇင်အထက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဒုဝန်ကြီးက ပြောခဲ့တာပါ။

ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ဖို့ အထောက်အပံ့မရှိဘူးလို့ သူနာပြုတွေကပြောရင်း ကျန်းမာရေးဝန်ထမ်းတွေ နေမကောင်းမဖြစ်အောင် ကာကွယ်ပေးရေး အမြန်လုပ်ဆောင်ဖို့လည်း သမ္မတကို တောင်းဆိုခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကြောင့် နိုင်ငံတွင်း ဆေးရုံတွေ၊ ရင်ခွဲရုံတွေ၊ ဈာပန ဝန်ဆောင်မှုတွေနဲ့ သင်္ချိုင်းတွေ ဝန်ပိကုန်ကြပါတယ်။
ကူးစက်ခံအလောင်းတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေက ရုန်းကန်လှုပ်ရှားနေရပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာတာကို ကိုင်တွယ်ဖြေရှင်းဖို့ ယာယီရင်ခွဲရုံတွေကို ဆေးရုံပြင်ပမှာ တပ်ဆင်နေပါတယ်။

သစ်သားခေါင်းတလားတွေ ကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် ကတ္ထူ ခေါင်းတလားတွေကို အစိုးရက ဖြန့်ချီပေးနေရပါတယ်။ ဂွါယာကေးမြို့မှာ အလောင်းတွေကို ထားစရာနေရာမရှိသလို၊ ရွှေးချယ်စရာလမ်းမရှိတာကြောင့် အိမ်အပြင်ဘက်က လမ်းတွေပေါ် ပစ်ထားကြရပါတယ်။





Zawgyi

အီေကြေဒါႏိုင္ငံ ဂြါယာေကးၿမိဳ႕မွာ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ အျမန္ကူးစက္ေနလို႔ ခ႐ိုင္တြင္း က်န္းမာေရးစနစ္ ၿပိဳလဲက်သြာခဲ့ပါတယ္။

ၿမိဳ႕တြင္းေဆး႐ုံေတြမွာ ဆရာဝန္ေတြ၊ သူနာျပဳေတြကို ကိုရိုနာဗိုင္းရပ္စ္ သက္ေရာက္ခဲ့တယ္လို႔ ႐ိုက္တာ သတင္းဌာနက ဧၿပီ ၈ ရက္မွာ အစီရင္ခံပါတယ္။ ဆရာဝန္၊ သူနာျပဳနဲ႔ က်န္းမာေရးေစာင့္ေရွာက္သူ လုပ္သားေတြ အေယာက္ ၁၆၀၀ ေက်ာ္ ဗိုင္းရပ္စ္ကူးစက္ခံရလို႔ ေရာဂါေျခခ်ဳပ္နဲ႔ သီးျခားစီ ခြဲေနရတယ္လို႔ အီေကြေဒါ က်န္းမာေရး အာဏာပိုင္ေတြက ေျပာပါတယ္။

က်န္ခဲ့တဲ့သီတင္းပတ္ေတြအတြင္း ေဆးဘက္ဝန္ထမ္း အေယာက္ တဒါဇင္အထက္ ေသဆုံးခဲ့တယ္လို႔ က်န္းမာေရးဒုဝန္ႀကီးက ေျပာခဲ့တာပါ။

ဗိုင္းရပ္စ္ကူးစက္မႈကေန ကာကြယ္ဖို႔ အေထာက္အပံ့မရွိဘူးလို႔ သူနာျပဳေတြကေျပာရင္း က်န္းမာေရးဝန္ထမ္းေတြ ေနမေကာင္းမျဖစ္ေအာင္ ကာကြယ္ေပးေရး အျမန္လုပ္ေဆာင္ဖို႔လည္း သမၼတကို ေတာင္းဆိုခဲ့ၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဒဏ္ေၾကာင့္ ႏိုင္ငံတြင္း ေဆး႐ုံေတြ၊ ရင္ခြဲ႐ုံေတြ၊ ဈာပန ဝန္ေဆာင္မႈေတြနဲ႔ သခ်ႋဳင္းေတြ ဝန္ပိကုန္ၾကပါတယ္။

ကူးစက္ခံအေလာင္းေတြကို ဖယ္ရွားဖို႔ အာဏာပိုင္ေတြက ႐ုန္းကန္လႈပ္ရွားေနရပါတယ္။ ေသဆုံးသူ အေရအတြက္ တိုးလာတာကို ကိုင္တြယ္ေျဖရွင္းဖို႔ ယာယီရင္ခြဲ႐ုံေတြကို ေဆး႐ုံျပင္ပမွာ တပ္ဆင္ေနပါတယ္။

သစ္သားေခါင္းတလားေတြ ကုန္က်စရိတ္ ႀကီးျမင့္ေနတဲ့အတြက္ ကတၳဴ ေခါင္းတလားေတြကို အစိုးရက ျဖန္႕ခ်ီေပးေနရပါတယ္။ ဂြါယာေကးၿမိဳ႕မွာ အေလာင္းေတြကို ထားစရာေနရာမရွိသလို၊ ေ႐ႊးခ်ယ္စရာလမ္းမရွိတာေၾကာင့္ အိမ္အျပင္ဘက္က လမ္းေတြေပၚ ပစ္ထားၾကရပါတယ္။


ရိုက္တာ

Post a Comment

Previous Post Next Post