COVID-19 ကပ်ရော ဂါကာလအတွင်း လူသားချင်းစာ နာမှုဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်နှင့် သတင်းအချက် အလက်ရရှိရန် လွန်စွာအရေးကြီး သဖြင့် ရခိုင်နှင့် ချင်းပြည်နယ်  ပလက်ဝဒေသတို့၌ အင်တာနက် လိုင်းများ ပြန်ဖွင့်ပေးရန်နှင့် လူ သားချင်းစာနာမှု အကူအညီများ  အကန့်အသတ်မရှိ ဆောင်ရွက် နိုင်ရေး ခွင့်ပြုပေးရန် မြန်မာအစိုး ရအား အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် ရခိုင်နှင့် ချင်းပြည်နယ်  တွင် လက်နက်ကိုင်ပဋိပက္ခများ  အရှိန်မြင့်တက်လာသည့်အပေါ် လွန်စွာ စိုးရိမ်ကြောင့်ကြရကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ်ရုံးက ဧပြီ ၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မကြာသေးမီက နေအိမ် ဖျက်ဆီးခံရသူများ အပါအဝင် ပဋိပက္ခဒဏ် ခံစားခဲ့ရသူများအ  တွက် လေးနက်စွာစာနာသည်ဟု  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုများ ရပ် စဲ၍ နိုင်ငံရေးအရဆွေးနွေးကြရန် နှင့် အရပ်သားများကို ကာကွယ် ပေးကြရန် ပါဝင်ပတ်သတ်သည့်  အဖွဲ့အစည်းများ အားလုံးကို အမေရိကန် ပြည်ထောင်စုက တောင်းဆိုသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေးတို့တွင်  အမေရိကန် ပြည်ထောင်စုက  နှစ်ပေါင်းများစွာကူညီခဲ့ပြီး ၂၀၁၂ ကပင် ရခိုင်ပြည်နယ်တည်ငြိမ်ရေး  နှင့် လူ့အခွင့်အရေးတိုးမြှင့်ရေးတို့ အတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

၂၀၁၇ ရခိုင်ပြည်နယ် ပဋိ ပက္ခများအပြီးတွင်မူ လူသားချင်း ဆိုင်ရာနှင့် ပြဿနာဖြေရှင်းနိုင်  ရေး နည်းလမ်းများရှာဖွေနိုင်ရန်  အမေရိကန်ပြည်သူများက ဒေါ် လာသန်း ၈၀၀ ကျော် ပံ့ပိုးခဲ့ သည်ဟုဆိုသည်။

လူသားချင်းစာနာမူ အကူ အညီများနှင့် မီဒီယာကန့်သတ်  ခြင်း၊ ကာလရှည်ကြာ အင်တာ  နက်ဖြတ်တောက်ခြင်းတို့ကြောင့်  လက်ရှိအခြေအနေကို ပိုမိုဆိုးရွား  စေနိုင်ပြီး COVID-19 ကာလ  တွင် သတင်းအချက်အလက်နှင့်  လူသားချင်းဆိုင်ရာ အကူအညီ များဆောင်ရွက်နိုင်ရန်မှာ လွန်စွာ  အရေးကြီးသည်ဟု ဖော်ပြသည်။

ထို့ကြောင့် အင်တာနက်ပြန် ဖွင့်ပေးပြီး လူသားချင်းအကူအညီ များဆောင်ရွက်မှု အကန့်အ သတ်မရှိ ခွင့်ပြုပေးရန် မြန်မာ အစိုးရကို တောင်းဆိုထားပြီး  အခြားသောအဖွဲ့အစည်းများက  လည်း လိုအပ်သည့် ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးရန်နှင့် ဒေသ  တည်ငြိမ်မူကို ပျက်ပြားစေသည့်  အပြုအမူများကို ရှောင်ရှားပေး ကြရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်  ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့ နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အင်တာနက်ပိတ် ပင်ထားသည်။ ယင်းဒေသများ တွင် စစ်ဘေးသင့်ပြည်သူ တစ် သိန်းနှစ်သောင်းအထက်ရှိသည်။

Post a Comment

Previous Post Next Post