တရုတ်နိုင်ငံ၏ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်တိုင်းရင်းဆေးသည် အဓိကကျသောနေရာမှပါဝင်ခဲ့သဖြင့် တရုတ်တိုင်းရင်းဆေးပညာရှင်များကိုပါ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ခေါင်းဆောင် ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေးဝါးစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ရန်လိကျွန်းက ပြောကြားသည်။

“တရုတ်နိုင်ငံ Covid-19 ရောဂါတိုက်ဖျက်ရေးနည်းလမ်းတွေနဲ့ အတွေ့အကြုံကောင်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအဖွဲ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ၊ ကူမင်းဆေးတက္ကသိုလ် အမှတ် (၁) ဆေးရုံ၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေး ဆေးရုံများမှ အသက်ရှူလမ်းကြောင်း ရောဂါ၊ ကူးစက်ရောဂါ ၊ ပြင်းထန်ရောဂါ၊ ရောဂါစစ်ဆေးရေး၊ တရုတ်တိုင်းရင်းဆေး စသည့် နယ်ပယ်များမှ ကျွမ်းကျင် ပညာရှင် (၁၂) ဦး ပါဝင်ကာ ဧပြီလ ၈ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၌ လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများကို ရယူလိုကြောင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းများကိုလည်း ကူညီပေးမည့်အတွက် မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ထိုအဖွဲ့နှင့်အတူ Nucleic Acid Testing ဓါတ်ခွဲခန်းစက်ပစ္စည်းများ ၊ N95 နှာခေါင်းစည်း ၈,၅၀၀ ခု ၊ Medical Mask ၆၀,၀၀၀ ခု ၊ ရောဂါကာကွယ်ရေးဝတ်စုံ ၅,၅၀၀ အပါအဝင် ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ၊ တရုတ်နှင့် အနောက်တိုင်းဆေးဝါးများ အပါအဝင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၅ ဒသမ ၃ တန် သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

အဆိုပါပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါအခြေအနေပေါ်မူတည်ပြီး နှစ်ပတ်ကြာခန့်နေမည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi


တ႐ုတ္ႏိုင္ငံ​၏ Covid-19 ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္ေရးတြင္ တ႐ုတ္တိုင္းရင္းေဆးသည္ အဓိကက်ေသာေနရာမွပါဝင္ခဲ့သ​ျဖင့္ တ႐ုတ္တိုင္းရင္းေဆးပညာရွင္မ်ားကိုပါ ေခၚေဆာင္လာျခင္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕၏ေခါင္းေဆာင္ ယူနန္ျပည္နယ္ တ႐ုတ္တိုင္းရင္းေဆးဝါးစီမံခန႔္ခြဲမႈဦးစီးဌာန ဒုတိယၫႊန္ၾကားမႉးခ်ဳပ္ ရန္လိကြၽန္းက ေျပာၾကားသည္။

“တ႐ုတ္ႏိုင္ငံ Covid-19 ေရာဂါတိုက္ဖ်က္ေရးနည္းလမ္းေတြနဲ႔ အေတြ႕အႀကဳံေကာင္းေတြကို မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္” ဟု ၎က ဆိုသည္။

ယင္းအဖြဲ႕တြင္ တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ေရာဂါထိန္းခ်ဳပ္ေရးစင္တာ၊ ကူမင္းေဆးတကၠသိုလ္ အမွတ္ (၁) ေဆး႐ုံ၊ ယူနန္ျပည္နယ္ တ႐ုတ္တိုင္းရင္းေဆး ေဆး႐ုံမ်ားမွ အသက္ရွဴလမ္းေၾကာင္း ေရာဂါ၊ ကူးစက္ေရာဂါ ၊ ျပင္းထန္ေရာဂါ၊ ေရာဂါစစ္ေဆးေရး၊ တ႐ုတ္တိုင္းရင္းေဆး စသည့္ နယ္ပယ္မ်ားမွ ကြၽမ္းက်င္ ပညာရွင္ (၁၂) ဦး ပါဝင္ကာ ဧၿပီလ ၈ ရက္ေန႔က ေရာက္ရွိလာျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံ၌ လုပ္ေဆာင္ခဲ့သည့္ အေတြ႕အႀကဳံမ်ားကို ရယူလိုေၾကာင္း၊ ဓာတ္ခြဲစစ္ေဆးျခင္းမ်ားကိုလည္း ကူညီေပးမည့္အတြက္ ျမန္မာႏိုင္ငံအတြက္ အလြန္အက်ိဳးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားသည္။

ထိုအဖြဲ႕ႏွင့္အတူ Nucleic Acid Testing ဓါတ္ခြဲခန္းစက္ပစၥည္းမ်ား ၊ N95 ႏွာေခါင္းစည္း ၈,၅၀၀ ခု ၊ Medical Mask ၆၀,၀၀၀ ခု ၊ ေရာဂါကာကြယ္ေရးဝတ္စုံ ၅,၅၀၀ အပါအဝင္ ေရာဂါကာကြယ္ေရးအေထာက္အပံ့ပစၥည္းမ်ား ၊ တ႐ုတ္ႏွင့္ အေနာက္တိုင္းေဆးဝါးမ်ား အပါအဝင္ ေဆးဘက္ဆိုင္ရာ ေထာက္ပံ့ေရးပစၥည္း စုစုေပါင္း တန္ခ်ိန္ ၅ ဒသမ ၃ တန္ သယ္ေဆာင္လာခဲ့ေၾကာင္း သိရသည္။

အဆိုပါပညာရွင္အဖြဲ႕သည္ ျမန္မာႏိုင္ငံ၏ ကပ္ေရာဂါအေျခအေနေပၚမူတည္ၿပီး ႏွစ္ပတ္ၾကာခန႔္ေနမည္ဟု ခန႔္မွန္းထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Post a Comment

Previous Post Next Post