ကျန်းမာရေးအသိပေးမှုများကို Drone Speaker များဖြင့် နှိုးဆော်ရန် စီစဉ်နေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပေးမှုများကို Drone Speaker များဖြင့် နှိုးဆော်နိုင်ရန် ပညာရေး ဝန်ကြီးဌာနှနှင့် ပူးပေါင်း၍ စီစဉ်နေပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (ဧပြီ ၂၄ ရက်) တွင်ပြုလုပ်သည့် ချင်းပြည်နယ်မှ ပြည်သူများနှင့်တွေ့ ဆုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

“ နေရာတိုင်းမှာ လိုက်ပြီးအော်တာ အကောင်းဆုံးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လိုက်အော်လို့ရှိရင် သုံးလေးငါးခါလောက် အော်တဲ့အခါကျတော့ နားထဲဝင်သွားတာပဲ။ နားထဲကနေပြီးတော့ ခေါင်းထဲဝင်သွားတာ။
ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တစ်နေ့ကို ငါးကြိမ်လောက်အော်ပေးဖို့ဆိုပြီးတော့ ညွှန်ကြားထားပါတယ်။နောက်တစ်ခု သူတို့လုပ်နေတာက Drone Speaker တွေနဲ့လွှတ်ပြီး အော်လို့ရတယ်။

အဲဒီဟာတွေလည်း ပညာရေးဝန်ကြီးဌာနကနေ တတ်နိုင်သမျှ အမြန်ဆုံးလုပ်နေပါတယ်။ နိုင်ငံတော်ကလိုအပ်တဲ့ ငွေရေးကြေးရေးလည်း ပံ့ပိုးပေးမှာပါ။

ဒီ Drone Speaker ဆိုတာ အထူးသဖြင့် ချင်းတို့လို သွားရလာရခက်ခဲတဲ့ နေရာတွေမှာ သုံးလို့ဖြစ်မလားဆိုတာ လေ့လာရမှာပေါ့ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များ၊ သုတေသနလုပ်နေသည့် လူငယ်များမှ Robot Trolley များ ထွင်နေသည်ဟုသိရကြောင်း၊ Robot Trolley များအပြင် Robot Container ၊

Robot Washing Machine များကဲ့သို့ လိုအပ်သည့်အရာများကိုလည်း ပညာရေးဝန်ကြီးဌာနက တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်နေကြောင်း၊ ယင်းအတွက် နိုင်ငံတော်မှ လိုအပ်သည့် ငွေရေးကြေးရေးများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ချင်းပြည်နယ်တွင် ဘာသာစကား ၅၃ မျိုး ခန့်ရှိသည့်အတွက် ကျန်းမာရေး အသိပညာပေးရာတွင် ဘာသာစကား အခက်အခဲရှိနေကြောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက် များကိုလည်း ချင်းပြည်နယ်တွင်သုံးသည့်ဘာသာပေါင်းစုံဖြင့် ဘာသာပြန်နိုင်ရန် ကြိုးစားပေးမည်ဖြစ်ကြောင်း၊ ချင်းတိုင်းရင်းသားများ အနေနှင့်လည်း ဘာသာပြန်ရာတွင် ဝိုင်းဝန်းကူညီစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။



Zawgyi

က်န္းမာေရးအသိေပးမွုမ်ားကို Drone Speaker မ်ားျဖင့္ ႏွိုးေဆာ္ရန္ စီစဥ္ေနဟု အတိုင္ပင္ခံပုဂၢိဳလ္ေျပာ

ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္ၿပီး က်န္းမာေရးအသိေပးမွုမ်ားကို Drone Speaker မ်ားျဖင့္ ႏွိုးေဆာ္နိုင္ရန္ ပညာေရး ဝန္ႀကီးဌာႏွႏွင့္ ပူးေပါင္း၍ စီစဥ္ေနၿပီျဖစ္ေၾကာင္း နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ (ဧၿပီ ၂၄ ရက္) တြင္ျပဳလုပ္သည့္ ခ်င္းျပည္နယ္မွ ျပည္သူမ်ားႏွင့္ေတြ႕ ဆုံ ေဆြးေႏြးပြဲ၌ ေျပာၾကားခဲ့သည္။

“ ေနရာတိုင္းမွာ လိုက္ၿပီးေအာ္တာ အေကာင္းဆုံးလို့ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ လိုက္ေအာ္လို့ရွိရင္ သုံးေလးငါးခါေလာက္ ေအာ္တဲ့အခါက်ေတာ့ နားထဲဝင္သြားတာပဲ။ နားထဲကေနၿပီးေတာ့ ေခါင္းထဲဝင္သြားတာ။



ဒါေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနက တစ္ေန႔ကို ငါးႀကိမ္ေလာက္ေအာ္ေပးဖို့ဆိုၿပီးေတာ့ ညႊန္ၾကားထားပါတယ္။ေနာက္တစ္ခု သူတို့လုပ္ေနတာက Drone Speaker ေတြနဲ႔လႊတ္ၿပီး ေအာ္လို့ရတယ္။

အဲဒီဟာေတြလည္း ပညာေရးဝန္ႀကီးဌာနကေန တတ္နိုင္သမၽွ အျမန္ဆုံးလုပ္ေနပါတယ္။ နိုင္ငံေတာ္ကလိုအပ္တဲ့ ေငြေရးေၾကးေရးလည္း ပံ့ပိုးေပးမွာပါ။

ဒီ Drone Speaker ဆိုတာ အထူးသျဖင့္ ခ်င္းတို့လို သြားရလာရခက္ခဲတဲ့ ေနရာေတြမွာ သုံးလို့ျဖစ္မလားဆိုတာ ေလ့လာရမွာေပါ့ ” ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။



ထို့ျပင္ ျမန္မာနိုင္ငံရွိ နည္းပညာတကၠသိုလ္မ်ား၊ သုေတသနလုပ္ေနသည့္ လူငယ္မ်ားမွ Robot Trolley မ်ား ထြင္ေနသည္ဟုသိရေၾကာင္း၊ Robot Trolley မ်ားအျပင္ Robot Container ၊

Robot Washing Machine မ်ားကဲ့သို့ လိုအပ္သည့္အရာမ်ားကိုလည္း ပညာေရးဝန္ႀကီးဌာနက တတ္နိုင္သမၽွ အျမန္ဆုံးလုပ္ေဆာင္ေနေၾကာင္း၊ ယင္းအတြက္ နိုင္ငံေတာ္မွ လိုအပ္သည့္ ေငြေရးေၾကးေရးမ်ား ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ခ်င္းျပည္နယ္တြင္ ဘာသာစကား ၅၃ မ်ိဳး ခန႔္ရွိသည့္အတြက္ က်န္းမာေရး အသိပညာေပးရာတြင္ ဘာသာစကား အခက္အခဲရွိေနေၾကာင္း၊

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ သတင္းအခ်က္အလက္ မ်ားကိုလည္း ခ်င္းျပည္နယ္တြင္သုံးသည့္ဘာသာေပါင္းစုံျဖင့္ ဘာသာျပန္နိုင္ရန္ ႀကိဳးစားေပးမည္ျဖစ္ေၾကာင္း၊ ခ်င္းတိုင္းရင္းသားမ်ား အေနႏွင့္လည္း ဘာသာျပန္ရာတြင္ ဝိုင္းဝန္းကူညီေစလိုေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းေျပာၾကားခဲ့သည္။

Source ; စံေတာ္ခ်ိန္

Post a Comment

Previous Post Next Post