သတင်းရေးသားဖော်ပြမှုအပေါ်မူတည်ပြီး သတင်းသမား များအား ပြင်းထန်သည့် ဥပဒေ များဖြင့် အမှုဖွင့်တရားစွဲဆိုထား ခြင်းကို ပြန်လည်သုံးသပ်ပေး ရန်နှင့် သတင်းရေးသားဖော်ပြမှု ကို ကန့်ကွက်လိုပါက သတင်း မီဒီယာဥပဒေအရ ဦးစွာညှိနှိုင်း ဆောင်ရွက်ရန်  သက်ဆိုင်ရာအဖွဲ့ အစည်းများအား အလေးအနက် တိုက်တွန်း တောင်းဆိုကြောင်း တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ သတင်းထောက်များ  ကွန်ရက်(EPRN) က ယမန်နေ့ တွင် သဘောထားထုတ်ပြန်သည်။


ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ရက်တွင် ကြေညာခဲ့ပြီးနောက် သတင်းမီဒီယာသမားအချို့အား  ဆက်တိုက်ဖမ်းဆီး၍  အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အ မှုဖွင့်ခဲ့ခြင်းအပေါ် EPRN အနေ ဖြင့် များစွာစိုးရိမ်ပူပန်ကြောင်း နှင့် ဖမ်းဆီးခံရသူတို့၏ မိသားစု ဝင်များအား စာနာကြောင်း ထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းနှင့် ရခိုင်ပြည် နယ်အခြေစိုက် အယ်ဒီတာနှင့် သတင်းထောက်အချို့ ဖမ်းဆီး ခံရမှုနှင့်ပတ်သက်၍ EPRN ပြော ရေးဆိုခွင့်ရှိသူ မငြိမ်းငြိမ်းက  ‘‘AA ကို ဆက်သွယ်လို့ဆိုပြီး အ ကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲတာ က လားလားမှကို မသက်ဆိုင်တဲ့ ဟာပဲ။ ကျွန်မတို့က အကြမ်းဖက် မှုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်း တွေမဟုတ်ဘူး။ ကျွန်မတို့က  ပြည်သူတွေကို ဘက်မျှတဲ့ သတင်းတွေ ရောက်အောင်လို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေဖြစ်တယ်။ ကျွန်မတို့ သတင်း မီဒီယာကျင့်ဝတ်အရရော၊ သ တင်း ရဲ့ သဘောသဘာဝအရရော နှစ်ဖက်လုံးရဲ့အမြင်တွေ တင်ပြရ တာဖြစ်တယ်’’ ဟု ပြောသည်။


ယခင်ကလည်း သတင်း ထောက်များအား တရားစွဲဆိုခြင်း များရှိသော်လည်း နှစ်ရှည်ထောင် ဒဏ်များချမှတ်ရန် ပြဋ္ဌာန်းထား သည့်  အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခြင်းသည် ပထမဆုံးဖြစ်ကြောင်း၊ သတင်း မီဒီယာကောင်စီက တစ်ဆင့် မဆက်သွယ်ဘဲ တိုက်ရိုက်ဖမ်း ဆီး၊ တရားစွဲရန်  စီစဉ်ခြင်းသည် မလုပ်သင့်သည့်အပြင် လွတ်လပ် စွာ သတင်းထုတ်ဖော်ခွင့်ကို များ စွာထိခိုက်ကြောင်း တိုင်းရင်း သားအရေးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုင်ရာ သတင်းများအထူး ပြုရေးသားနေသူလည်းဖြစ်သည့် မငြိမ်းငြိမ်းကပြောသည်။

သတင်းအချက်အလက်မှန် ကန်စေရေး၊ မျှတသည့် သတင်း ဖြစ်စေရေးတို့အတွက် သတင်း သမားများသည် သတင်းကျင့် ဝတ်အရ ပဋိပက္ခတွင် ပါဝင်သည့်  အဖွဲ့အစည်းများထံသို့  ဆက် သွယ်ဆောင်ရွက်ရန်လိုအပ်ပြီး ထိုသို့ ဆက်သွယ်ခြင်းသည် ယင်း အဖွဲ့များအား ထောက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမဟုတ် သည်ကို နိုင်ငံတော်အစိုးရအပါ အဝင်သက်ဆိုင်ရာ အဖွဲ့အစည်း များက သတိပြုသင့်သည်ဟု EPRN ကဆိုသည်။

လတ်တလောဖြစ်ပွားနေ သည့် သတင်းမီဒီယာအချို့အား  တရားစွဲဆိုမှုဖြစ်စဉ်များသည် နိုင် ငံတော်အစိုးရ၏ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်သူလူထုသ တင်းအချက်အလက်ရရှိရေးအ တွက် သတင်းရေးသားဖော်ပြ နေသည့် သတင်းထောက်များအ ပေါ် တိုက်ရိုက်ခြိမ်းခြောက်သ ကဲ့သို့ ဖြစ်နေကြောင်း EPRNက  ဆိုသည်။

EPRN ကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးနှင့် ငြိမ်း ချမ်းရေးဆိုင်ရာ သတင်းများရေး သားနေသည့်   သတင်းထောက် များဖြင့် ၂၀၁၈ က  စုဖွဲ့ထားခြင်း ဖြစ်သည်။


Credit 7Day

Post a Comment

Previous Post Next Post