2 , April , 2020

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန်အိမ်ရာတွင် Facility Quarantine အဖြစ်ထားရှိတဲ့သူတွေကို စိတ်ပျော်ရွှင်စေဖို့၊ စိတ်ဓာတ်မကျစေဖို့ စိတ်ခွန်အားပေးတဲ့အနေနဲ့ Save Monywa အဖွဲ့က လူငယ်တွေနဲ့ ပူးပေါင်းကာ တေးသီချင်းတွေနဲ့ သွားရောက်ဖျော်ဖြေ အားပေးစကားတွေ ပြောကြားခဲ့ကြပါတယ်။

နန္ဒဝန်အိမ်ရာမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူ စုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ ၅၀ ခန့်သာ ရှိတော့တာဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကိုတော့ မြို့နယ်အလိုက် လွှဲပြောင်းခဲ့ပြီး နေရပ်ရောက်မှပဲ ၁၄ ရက် သီးသန့်စောင့်ကြည့်တာတွေ ပြုလုပ်ထားစေတယ်လို့ သိရပါတယ်။


မုံရွာမြို့မှာတော့ COVID- 19 ကြောင့် အရောင်းအဝယ်တွေလည်း ထက်ဝက်ကျော် ကျဆင်းသွားသလို ကုန်စည်စီးဆင်းမှုတွေလည်း ကျဆင်းနေပါတယ်။ ဒါ့အပြင် ဧပြီ ၁ ရက်ကစပြီး ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးအမြန်ရေယာဉ်တွေကိုလည်း ရပ်နားထားပါတယ်။

ရေကြောင်းသွားလာရေး မပြတ်တောက်စေဖို့တော့ စေတနာအရ အကူညီပေးတဲ့အနေနဲ့ ရေယာဉ်တချို့ကတော့ တစ်ရက် တစ်စီးနှုန်းနဲ့ ပြေး‌ဆွဲ‌ပေးနေပါတယ်။ ကားလိုင်းတွေကတော့ ဆက်လက်ပြေးဆွဲနေဆဲပါ။

ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေးအတွက် လူသွားလူလာများတဲ့နေရာအချို့ကိုလည်း ပိတ်ထားပြီး မြို့အဝင် အထွက်တွေမှာလည်း စစ်ဆေးနေသလို လူထူထပ်တဲ့နေရာတွေမှာလည်း ပိုးသတ်ဆေးဖျန်းနေပါတယ်။


ဒါ့အပြင် Save Monywa၊ မီနီအိုးဝေ စတဲ့ အဖွဲ့ကလည်း လူငယ်တွေစုပေါင်းကာ ဝန်ဆောင်မှု အခမဲ့နဲ့ အိမ်တိုင်ရာရောက် ဈေးဝယ်ပေးတာတွေကိုလည်း ပြုလုပ်ပေးနေကြပါတယ်။

Source : DVB TV News

Zawgyi

2 , April , 2020

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ နႏၵဝန္အိမ္ရာတြင္ Facility Quarantine အျဖစ္ထားရွိတဲ့သူေတြကို စိတ္ေပ်ာ္႐ႊင္ေစဖို႔၊ စိတ္ဓာတ္မက်ေစဖို႔ စိတ္ခြန္အားေပးတဲ့အေနနဲ႔ Save Monywa အဖြဲ႕က လူငယ္ေတြနဲ႔ ပူးေပါင္းကာ ေတးသီခ်င္းေတြနဲ႔ သြားေရာက္ေဖ်ာ္ေျဖ အားေပးစကားေတြ ေျပာၾကားခဲ့ၾကပါတယ္။

နႏၵဝန္အိမ္ရာမွာ ျပည္ပႏိုင္ငံေတြကေန ျပန္လာသူ စုစုေပါင္း ၁၀၀၀ ဝန္းက်င္ရွိၿပီး လက္ရွိမွာေတာ့ ၅၀ ခန႔္သာ ရွိေတာ့တာျဖစ္ပါတယ္။ က်န္တဲ့ သူေတြကိုေတာ့ ၿမိဳ႕နယ္အလိုက္ လႊဲေျပာင္းခဲ့ၿပီး ေနရပ္ေရာက္မွပဲ ၁၄ ရက္ သီးသန႔္ေစာင့္ၾကည့္တာေတြ ျပဳလုပ္ထားေစတယ္လို႔ သိရပါတယ္။

မုံ႐ြာၿမိဳ႕မွာေတာ့ COVID- 19 ေၾကာင့္ အေရာင္းအဝယ္ေတြလည္း ထက္ဝက္ေက်ာ္ က်ဆင္းသြားသလို ကုန္စည္စီးဆင္းမႈေတြလည္း က်ဆင္းေနပါတယ္။ ဒါ့အျပင္ ဧၿပီ ၁ ရက္ကစၿပီး ခ်င္းတြင္းျမစ္အတြင္း ေျပးဆြဲေနတဲ့ လူစီးအျမန္ေရယာဥ္ေတြကိုလည္း ရပ္နားထားပါတယ္။

ေရေၾကာင္းသြားလာေရး မျပတ္ေတာက္ေစဖို႔ေတာ့ ေစတနာအရ အကူညီေပးတဲ့အေနနဲ႔ ေရယာဥ္တခ်ိဳ႕ကေတာ့ တစ္ရက္ တစ္စီးႏႈန္းနဲ႔ ေျပး‌ဆြဲ‌ေပးေနပါတယ္။ ကားလိုင္းေတြကေတာ့ ဆက္လက္ေျပးဆြဲေနဆဲပါ။

ကို႐ိုနာဗိုင္းရပ္စ္ မကူးစက္ေစေရးအတြက္ လူသြားလူလာမ်ားတဲ့ေနရာအခ်ိဳ႕ကိုလည္း ပိတ္ထားၿပီး ၿမိဳ႕အဝင္ အထြက္ေတြမွာလည္း စစ္ေဆးေနသလို လူထူထပ္တဲ့ေနရာေတြမွာလည္း ပိုးသတ္ေဆးဖ်န္းေနပါတယ္။

ဒါ့အျပင္ Save Monywa၊ မီနီအိုးေဝ စတဲ့ အဖြဲ႕ကလည္း လူငယ္ေတြစုေပါင္းကာ ဝန္ေဆာင္မႈ အခမဲ့နဲ႔ အိမ္တိုင္ရာေရာက္ ေဈးဝယ္ေပးတာေတြကိုလည္း ျပဳလုပ္ေပးေနၾကပါတယ္။

Source : DVB TV News

Post a Comment

Previous Post Next Post