ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်တစ်ခု ဖြစ်ကြောင်း HIV ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့သူ နိုဗယ်ဆုရ ဆေးပညာရှင်ပြော…

လက်ရှိ အများယုံကြည်လျက်ရှိသည့် အမြင်များကို ဆန့်ကျင်လျက် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID 19) သည် လူလုပ် ဗိုင်းရပ်စ်တစ်ခုဖြစ်နိုင်ကြောင်း HIV ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့သည့် နိုဗယ်လ်ဆုရ ဆေးပညာရှင်က ပြောကြားလိုက် သည်။

၂၀၀၈ ခုနှစ်က ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် ပါမောက္ခ ‌ဒေါက်တာ Luc Montagnier က လူအများယုံကြည်နေကြသည့် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးသည် သဘာဝအရ ဖြစ်လာသောပိုးတစ်မျိုးဖြစ်ပြီး လင်းနို့မှတစ်ဆင့် လူသားများထံ ကူးစက်ခဲ့သည်ဆိုသည့် ယူဆချက်ကို ဆန့်ကျင်ခဲ့ပြီး တရုတ်သုတေသနပညာရှင်များသည် အေအိုင်ဒီအက်စ်ရောဂါပျောက်ဆေးကို ထုတ်လုပ်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော သုတေသနပြုဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ကို ၎င်းအနေဖြင့် သိရှိကြောင်းနှင့် ထိုမှတစ်ဆင့် ပြန့်နှံ့လာသည်ဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။

တရုတ်အစိုးရထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ပုံဇာတ်လမ်းဟာ မယုံကြည်မှုတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရဆိုရင်လည်း လူ ၁၁၀,၀၀၀ ‌လောက်သေဆုံးထားတဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ဇာတ်လမ်းဟာ လုံးဝကြီးကွဲလွဲဆန့်ကျင်နေပါတယ်။ ဒီဗိုင်းရပ်စ်ဟာ HIV ဆေးရှာဖွေရင်းတွေ့ခဲ့တာဖြစ်ပြီး ဝူဟန်မြို့က ဓာတ်ခွဲခန်းကတစ်ဆင့် မတော်တဆ လွတ်ထွက်လာတာပါ။ အေအိုင်ဒီအက်စ်ရောဂါပျောက်ဆေးထုတ်လုပ်ဖို့အတွက် ကြားခံဗိုင်းရပ်စ်အဖြစ် အသုံးပြုခဲ့တဲ့ ဗိုင်းရပ်စ်တစ်ခုပါ ” လို့ ၎င်းက ပြောကြားခဲ့သည်။

ဒေါက်တာ Montagnier ဟာ ပြင်သစ်အခြေစိုက် Pourquoi Docteur ရဲ့ နေ့စဉ် ဆေးပညာဆိုင်ရာ အမေးအဖြကဏ္ဍမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့ပုံနဲ့ ပတ်သက်တဲ့မေးခွန်းကို Dr Jean-François Lemoine ကမေးမြန်းစဉ် အထက်ပါအတိုင်းဖြေကြားခဲ့တာပဲဖြစ်ကြောင်း GILMORE ကျန်းမာရေးသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
” ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် ဇီဝဗေဒပညာရှင် Jean-Claude Perez တို့နှစ်ဦး ဒီ(ကိုရိုနာဗိုင်းရပ်စ်) ရဲ့ မျိုးရိုးဗီဇကို ဂရုတစိုက်လေ့လာကြည့်တဲ့အခါ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကို အချို့သုတေသနပညာရှင်တွေလည်း တွေ့ရှိထားပြီးဖြစ်သလို အိန္ဒိယ သုတေသနပညာရှင်တွေကဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ HIV ကုသဆေးဖော်ထုတ်ဖို့ ကြိုးပမ်းမှုကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ကြေညာခဲ့ပြီးမှ သူတို့ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေ့ရှိချက်ကို ပြင်ပကကြီးမားတဲ့ ဖိအားတွေကြောင့် ပြန်လည်ရုပ်သိမ်းလိုက်ရပုံ ရှိပါတယ်” လို့ ၎င်းက ပြောကြားခဲ့သည်။

သူကဆက်လက်ပြောကြားရာမှာ ဒါဟာ ဝူဟန်ဓာ်ခွဲခန်းကနေ မတော်တဆ လွတ်ထွက်လာတာသာဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုဖန်တီးမှုဟာ HIV ဆေးဖော်ဖို့ ကြိုးစားမှုအတွက်သာဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့သည်။

လင်းလင်း (MH)

1 Comments

  1. https://m.facebook.com/story.php?story_fbid=121809042806956&id=100049335815971

    ReplyDelete

Post a Comment

Previous Post Next Post