စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကနေ ရေဦးဆေးရုံကို လာရောက်ဆေးကုသမှုခံယူနေတဲ့ ၉ လအရွယ် ကလေးငယ် ၁ ဦး သေဆုံးသွားတာကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကို Home Quarantine လုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ညက ရေဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဝမ်းလျှောတာ၊ ဖျားတာ၊ အသက်ရှုကြပ်တာ စတဲ့ရောဂါလက္ခဏာတွေနဲ့ ဆေးကုသမှု လာရောက်ခံယူခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာတော့ သေဆုံးသွားတာပါ။ ဓာတ်ခွဲစမ်းသပ် အဖြေမရရှိသေးတဲ့အတွက် ရောဂါလက္ခဏာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ကလေးငယ်ကို ထိတွေ့ကုသပေးခဲ့ရတဲ့ ဆရာဝန်တွေ အပါအဝင် ရေဦးမြို့ ခုတင် ၁၀၀ ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကိုတော့ ဆေးရုံအုပ်ကြီးက လိုရမယ်ရ ဧပြီလ ၁၀ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ၂ ပတ်တာကာလ Home Quarantine လုပ်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ရေဦးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမြင့်ထွေးက “ကလေးရဲ့ အဖြေကတော့ ဒီနေ့ညပိုင်း သိရမယ်လို့ ယူဆရတာပေါ့။ တကယ်လို့ ကိုဗစ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဒုက္ခရောက်မှာစိုးလို့ ဆရာဝန်ကြီးက ကွာရင်တင်း နေခိုင်းတဲ့ သဘောပါ။ လိုရမယ်ရပေါ့။ လက်ရှိ ရေဦးမြို့ရဲ့ အနေအထားကတော့ ပုံမှန်ပါပဲ။ သိပ်ပြီးထူးခြားတာ မရှိပါဘူး။ ဒီနေ့ဆို ရပ်ကွက် ၂ ရပ်ကွက် ထောက်ပံ့ပစ္စည်းတွေ ပေးခဲ့တယ်။ ထူးခြားတာ မရှိပါဘူး။ ကောင်းပါတယ်။ အခုလို လုပ်တာကလည်း ဆေးရုံရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တာပါ”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီးအပါအဝင် သက်ဆိုင်သူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားပေးတာ မရှိပါဘူး။ ဌာနတွင်း ထုတ်ပြန်တဲ့ အမိန့်စာမှာတော့ COVID-19 သံသယနဲ့ သေဆုံးသွားခဲ့တဲ့ ကလေးငယ်ကို ထိတွေ့ကုသပေးခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ယောက်ကို ဧပြီ ၁၀ ရက်နေ့ကနေ စတင်ကာ ဓာတ်ခွဲနမူနာအဖြေရတဲ့အထိ သို့မဟုတ် ဓာတ်ခွဲနမူနာအဖြေ သိရှိပြီးပါက ဧပြီလ ၂၄ ရက်နေ့ထိ Home Quarantine စောင့်ကြည့်လူနာအဖြစ် ထားမှာဖြစ်လို့ ဒီကာလအတွင်း ဆေးရုံတာဝန်မှ ယာယီအနားပေးလိုက်တယ်လို့ အမည်တွေနဲ့တကွ ဖော်ပြပါရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး COVID-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ လတ်တလော ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ သံသယလူနာ ၃၃ ယောက် ရှိပါတယ်။

Zawgyi

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕နယ္ကေန ေရဦးေဆး႐ုံကို လာေရာက္ေဆးကုသမႈခံယူေနတဲ့ ၉ လအ႐ြယ္ ကေလးငယ္ ၁ ဦး ေသဆုံးသြားတာေၾကာင့္ က်န္းမာေရးဝန္ထမ္း ၁၄ ဦးကို Home Quarantine လုပ္ဖို႔ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။ ဧၿပီလ ၉ ရက္ေန႔ညက ေရဦးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးကို ဝမ္းေလွ်ာတာ၊ ဖ်ားတာ၊ အသက္ရႈၾကပ္တာ စတဲ့ေရာဂါလကၡဏာေတြနဲ႔ ေဆးကုသမႈ လာေရာက္ခံယူခဲ့ၿပီး ဧၿပီ ၁၀ ရက္ေန႔မွာေတာ့ ေသဆုံးသြားတာပါ။ ဓာတ္ခြဲစမ္းသပ္ အေျဖမရရွိေသးတဲ့အတြက္ ေရာဂါလကၡဏာကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။ ဒါေပမဲ့ ကေလးငယ္ကို ထိေတြ႕ကုသေပးခဲ့ရတဲ့ ဆရာဝန္ေတြ အပါအဝင္ ေရဦးၿမိဳ႕ ခုတင္ ၁၀၀ ေဆး႐ုံက က်န္းမာေရးဝန္ထမ္း ၁၄ ဦးကိုေတာ့ ေဆး႐ုံအုပ္ႀကီးက လိုရမယ္ရ ဧၿပီလ ၁၀ ရက္ေန႔ကေန ၂၄ ရက္ေန႔ထိ ၂ ပတ္တာကာလ Home Quarantine လုပ္ဖို႔ ၫႊန္ၾကားလိုက္တာ ျဖစ္ပါတယ္။


ေရဦးၿမိဳ႕နယ္ တိုင္းေဒသႀကီးကိုယ္စားလွယ္ ဦးျမင့္ေထြးက “ကေလးရဲ႕ အေျဖကေတာ့ ဒီေန႔ညပိုင္း သိရမယ္လို႔ ယူဆရတာေပါ့။ တကယ္လို႔ ကိုဗစ္သာ ျဖစ္ခဲ့မယ္ဆိုရင္ ဒုကၡေရာက္မွာစိုးလို႔ ဆရာဝန္ႀကီးက ကြာရင္တင္း ေနခိုင္းတဲ့ သေဘာပါ။ လိုရမယ္ရေပါ့။ လက္ရွိ ေရဦးၿမိဳ႕ရဲ႕ အေနအထားကေတာ့ ပုံမွန္ပါပဲ။ သိပ္ၿပီးထူးျခားတာ မရွိပါဘူး။ ဒီေန႔ဆို ရပ္ကြက္ ၂ ရပ္ကြက္ ေထာက္ပံ့ပစၥည္းေတြ ေပးခဲ့တယ္။ ထူးျခားတာ မရွိပါဘူး။ ေကာင္းပါတယ္။ အခုလို လုပ္တာကလည္း ေဆး႐ုံရဲ႕ လုပ္ထုံးလုပ္နည္းအတိုင္းလုပ္တာပါ”လို႔ ေျပာပါတယ္။


ဒီကိစၥနဲ႔ပတ္သက္ၿပီး ၿမိဳ႕နယ္ဆရာဝန္ႀကီးအပါအဝင္ သက္ဆိုင္သူေတြကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားေပးတာ မရွိပါဘူး။ ဌာနတြင္း ထုတ္ျပန္တဲ့ အမိန႔္စာမွာေတာ့ COVID-19 သံသယနဲ႔ ေသဆုံးသြားခဲ့တဲ့ ကေလးငယ္ကို ထိေတြ႕ကုသေပးခဲ့ၾကတဲ့ က်န္းမာေရးဝန္ထမ္း ၁၄ ေယာက္ကို ဧၿပီ ၁၀ ရက္ေန႔ကေန စတင္ကာ ဓာတ္ခြဲနမူနာအေျဖရတဲ့အထိ သို႔မဟုတ္ ဓာတ္ခြဲနမူနာအေျဖ သိရွိၿပီးပါက ဧၿပီလ ၂၄ ရက္ေန႔ထိ Home Quarantine ေစာင့္ၾကည့္လူနာအျဖစ္ ထားမွာျဖစ္လို႔ ဒီကာလအတြင္း ေဆး႐ုံတာဝန္မွ ယာယီအနားေပးလိုက္တယ္လို႔ အမည္ေတြနဲ႔တကြ ေဖာ္ျပပါရွိပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး တိုင္းေဒသႀကီး COVID-19 ကာကြယ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကေတာ့ တစုံတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။ လတ္တေလာ ရရွိထားတဲ့ စာရင္းေတြအရ စစ္ကိုင္းတိုင္းမွာ သံသယလူနာ ၃၃ ေယာက္ ရွိပါတယ္။

#DVB

Post a Comment

Previous Post Next Post