







ကိုထှဋျထိပျ

Zawgyi

“Rice ATM” တဲ့ …

အတုယူဖို့ပါ …

ဗီယက်နမ်မှာ ဆန် ​ဝေတဲ့ ပုံစံပါ …

ခလုတ်​လေး နှိပ်လိုက်ရင် ပိုက်ထဲက သူ့အလိုလို ဆန် ထွက်ကျလာတယ်

ခလုတ်မနှိပ်ခင် လက်​ဆေးဖို့ hand gel ပါ ​ပေးထား​သေးတယ်

တခါ ထွက်ရင် 1.5kg ထွက်တယ်

၂၄ နာရီ လာယူလို့ရတယ်၊ ရက်အကန့်အသတ်မရှိ ဝေမျှ​ပေးမယ်၊ လူမတိုး​​စေချင်လို့၊ လူစုလူ​ဝေး မဖြစ်​စေချင်လို့ ဒီလို စီစဥ်ရတာ တဲ့

ဘယ်သူဖြစ်ဖြစ် လာယူလို့ရ​ပေမဲ့

ဆင်းရဲတဲ့သူ​တွေသာ ယူကြပါ၊ ​ငွေကြေးတတ်နိုင်သူ​တွေက ဆင်းရဲတဲ့သူ​တွေအတွက် ချန်ထား​ပေးပါ တဲ့

အခုကျင့်သုံးတဲ့ စနစ်ဟာ trust system လူထုအ​ပေါ် ယုံကြည်မှုထားတဲ့ စနစ်ပါ။ မှတ်ပုံတင်ပြစရာမလို ဘယ်သူဘယ်ဝါ ဘာဖြစ်မှ ယူခွင့်ရှိမယ်လို့ ကန့်သတ်မထားဘဲ တကယ် လိုတဲ့သူ လာယူလို့ရပါတယ်

တ​ယောက်တည်း အများကြီး မယူသွားဖို့အတွက်​တော့ CCTV တပ်ထားရပါတယ် တဲ့

ဆန်ယူဖို့ လူများ​နေလို့ တန်းစီရမယ်ဆိုလည်း တ​ယောက်နဲ့ တ​ယောက် (၂)မီတာ ခွာရမယ်၊ တန်းစီသူ​တွေ မတ်တပ်ရပ်ဖို့အတွက် ကြမ်းပြင်မှာ အကွက်​လေး​တွေ စနစ်တကျ ​ရေးဆွဲထား​ပေးတယ်

ဒါ​ဝေး​ဝေးလံလံ မဟုတ်ဘူး​​နော်၊ ဗီယက်နမ်မှာ ကျင့်သုံး​နေတဲ့ စနစ်ပါ …

စီမံချက်အ​နေနဲ့ အသွားအလာ ကန့်သတ်​နေချိန်မှာ​တောင် စနစ်တကျ တန်းမစီနိုင်ဘဲ လူစုလူ​ဝေးလုပ်ပြီး ဆန်​ဝေ​​ပေးနေရရှာတဲ့ ကျွန်​တော်တို့ ဝန်ကြီးချုပ် … ဒီပို့စ်​လေး ​တွေ့​စေချင်ပါတယ်…

ကိုထွဋ်ထိပ်

Post a Comment

Previous Post Next Post