Breaking News
ဧပြီလ (၇) ရက်နေ့က စတင်မဲ့ မန္တလေးတိုင်းဒေသကြီးရဲ့
ညင်သာတဲ့ (၂)ပတ်တာ Lock Down …

မန္တလေးတိုင်းမြို့တော်ဝန် ဒေါက်တာရဲလွင် ရဲ့ လူမှုကွန်ယက်မှ
တရားဝင် တင်လိုက်ပါပြီး …



အနှစ်ချုပ်က –
ဧပြီလ ၇ ရက်နေ့မှစပြီး ဧပြီလ ၂၁ ရက်နေ့ထိ (၂)ပတ်တိတိ
၁။ ခရီးသွားလာမှု ကန့်သတ်ချက်ကို မြှင့်တင်သည့်အနေဖြင့်
ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ စတင်ရပ်နားမည်။
စားသောက်ကုန် နဲ့ ဆေးဝါး၊ ဆေးပစ္စည်းများ မပြတ်လပ်စေရေး အတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုတော့ ဆက်လက်ခွင့်ပြု သွားမည်။

၂။ ဟော်တယ် နဲ့ တည်းခိုခန်းတွေကိုလည်း ပိတ်ခိုင်းမည်။
– အဓိကရည်ရွယ်ချက်က အပန်းဖြေတာ၊ ဘုရားဖူးတာ၊ အလည်အပတ်သွားတာ စတဲ့ မလိုအပ်ပဲ ခရီးသွားလာမှုမျိုးကို ပိတ်ပင်ချင်၍ ဖြစ်သည်။

၃။ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်နဲ့ဆေး၊ ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းနဲ့ စက်ရုံများကလွဲပီး ကျန်လုပ်ငန်းများကိုလည်း ဧပြီ ၇ နေ့ကစပြီး ပိတ်ခိုင်းမည်ဟု သိရပါသည်။

Total lockdown နဲ့မကြုံတွေ့စေချင်ရင် အားလုံး
လိုက်နာပေးကြပါဟုလည်း မြို့တော်ဝန်မှ နှိုးဆော်ထားပါသည်။

Credit Zin Moe

https://m.facebook.com/story.php?story_fbid=1111139162581715&id=100010569253457

Post a Comment

Previous Post Next Post