ကိုရိုနာဗိုင်းရပ်စ် လူနာအမှတ်(၂၅) တည်းခိုခဲ့သည့် မြိတ်မြို့၊ အိမ်တော်ဖြူဟိုတယ်နှင့် မင်္ဂလာဆောင်နေအိမ်ကို လော့ဒေါင်းပြုလုပ်ထားကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာလွင်လွင်မွန်ကပြောသည်။
“သူဌေးမို့ ကျွန်မတို့က သတင်းထိန်ချန်တယ်လို့လဲပြောကြတယ်။ လုံးဝမဟုတ်ပါဘူး။ သူမြိတ်ရောက်တုန်းက အပြင်တောင်ထွက်မလည်ပါဘူး။ ကော်ဖီတစ်ခါထွက်သောက်တယ်။ ထမင်းတစ်ခါထွက်စားတယ်။ မင်္ဂလာပွဲတက်တယ် ဒီလောက်ပဲ။ သူဘယ်လောက်ကြောက်တယ်ဆိုတာ ဟိုတယ်ကအိပ်ယာတွေမသုံးဘူး။ အိပ်ယာကအစ သူယူလာတယ်။ မလာမဖြစ် မင်္ဂလာပွဲမို့လာတာဖြစ်တယ်။ အခု မင်္ဂလာဆောင်တဲ့အိမ်လဲ ကြည်ကြည်ဖြူဖြူနဲ့ လော့ဒေါင်းပေးပါတယ်” ဟု ဒေါက်တာလွင်လွင်မွန်ကပြောသည်။

အဆိုပါ လူနာ အမှတ် (၂၅) သည် ယခုနှစ် မတ် ၂၃ ရက်တွင် ရန်ကုန်-မြိတ် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် မြိတ်မြို့သို့ ရောက်ရှိခဲ့ပြီး မတ် ၂၅ ရက်တွင် ရန်ကုန်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။ “ကျွန်မတို့လည်း ကြားတာနဲ့ အဖွဲ့အစည်းတွေနဲ့ ချက်ခြင်းဆောင်ရွက်တယ်” ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာလွင်လွင်မွန်ကပြောသည်။

လူနာအမှတ် (၂၅) တည်းခိုခဲ့သည့် အိမ်တော်ဖြူဟိုတယ်မှ ဝန်ထမ်းများအား အိမ်တော်ဖြူဟိုတယ်တွင် Quarantine ထားရှိမည်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်း မိသားစုများအား မြိတ်တက္ကသိုလ်ပုလဲရာဇာအဆောင်တွင် Quarantine ထားရှိမည်ဟုသိရသည်။
ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (၂၅) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၅၅)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိခဲ့ကြောင်း၊ သို့သော် ဧပြီ ၂ ရက်မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် ဧပြီ ၉ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှု‌ပေးခဲ့ကြောင်း၊ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပြီးအဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ လူနာအမွတ္(၂၅) တည္းခိုခဲ့သည့္ ၿမိတ္ၿမိဳ႕၊ အိမ္ေတာ္ျဖဴဟိုတယ္ႏွင့္ မဂၤလာေဆာင္ေနအိမ္ကို ေလာ့ေဒါင္းျပဳလုပ္ထားေၾကာင္း ခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာလြင္လြင္မြန္ကေျပာသည္။
“သူေဌးမို႔ ကြၽန္မတို႔က သတင္းထိန္ခ်န္တယ္လို႔လဲေျပာၾကတယ္။ လုံးဝမဟုတ္ပါဘူး။ သူၿမိတ္ေရာက္တုန္းက အျပင္ေတာင္ထြက္မလည္ပါဘူး။ ေကာ္ဖီတစ္ခါထြက္ေသာက္တယ္။ ထမင္းတစ္ခါထြက္စားတယ္။ မဂၤလာပြဲတက္တယ္ ဒီေလာက္ပဲ။ သူဘယ္ေလာက္ေၾကာက္တယ္ဆိုတာ ဟိုတယ္ကအိပ္ယာေတြမသုံးဘူး။ အိပ္ယာကအစ သူယူလာတယ္။ မလာမျဖစ္ မဂၤလာပြဲမို႔လာတာျဖစ္တယ္။ အခု မဂၤလာေဆာင္တဲ့အိမ္လဲ ၾကည္ၾကည္ျဖဴျဖဴနဲ႔ ေလာ့ေဒါင္းေပးပါတယ္” ဟု ေဒါက္တာလြင္လြင္မြန္ကေျပာသည္။

အဆိုပါ လူနာ အမွတ္ (၂၅) သည္ ယခုႏွစ္ မတ္ ၂၃ ရက္တြင္ ရန္ကုန္-ၿမိတ္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းျဖင့္ ၿမိတ္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး မတ္ ၂၅ ရက္တြင္ ရန္ကုန္သို႔ ျပန္သြားခဲ့ေၾကာင္း သိရသည္။ “ကြၽန္မတို႔လည္း ၾကားတာနဲ႔ အဖြဲ႕အစည္းေတြနဲ႔ ခ်က္ျခင္းေဆာင္႐ြက္တယ္” ဟု ခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာလြင္လြင္မြန္ကေျပာသည္။
လူနာအမွတ္ (၂၅) တည္းခိုခဲ့သည့္ အိမ္ေတာ္ျဖဴဟိုတယ္မွ ဝန္ထမ္းမ်ားအား အိမ္ေတာ္ျဖဴဟိုတယ္တြင္ Quarantine ထားရွိမည္ျဖစ္ၿပီး ဟိုတယ္ဝန္ထမ္း မိသားစုမ်ားအား ၿမိတ္တကၠသိုလ္ပုလဲရာဇာအေဆာင္တြင္ Quarantine ထားရွိမည္ဟုသိရသည္။


ဓာတ္ခြဲအတည္ျပဳလူနာ အမွတ္ (၂၅) သည္ ရန္ကုန္တိုင္း‌ေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၅၅)ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး ၎မွာ ျပည္ပႏိုင္ငံမ်ားသို႔ လြန္ခဲ့ေသာ (၁၄)ရက္အတြင္း ခရီးသြားရာဇဝင္ မရွိခဲ့ေၾကာင္း၊ သို႔ေသာ္ ဧၿပီ ၂ ရက္မွစ၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း ခံစားခဲ့ရသျဖင့္ ဧၿပီ ၉ ရက္တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ သြားေရာက္ျပသခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခားထားရွိ ကုသမႈ‌ေပးခဲ့ေၾကာင္း၊ လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ျခင္း ျဖစ္ၿပီးအဆိုပါလူနာတြင္ ေသြးတိုးေရာဂါႏွင့္ ဆီးခ်ိဳေရာဂါအခံရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

Post a Comment

Previous Post Next Post